သီပေါ စစ်ကောင်စီ ဗုံးကြဲ သီလရှင်တစ်ပါး ပျံလွန်တော်မူပြီး၊ နှစ်ပါးထိခိုက်ဒဏ်ရာရ ပရဟိတအဖွဲ့မှ ဆေးကုသပေးနေ

သျှမ်းပြည်နယ်မြောက်ပိုင်း ၊သီပေါမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် စစ်ကောင်စီမှ လေယာဉ် လေးစီးနှင့် ဗုံးလာရောက် ကြဲချခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့သည့် သီလရှင်နှစ်ပါးကို ပရဟိတအဖွဲ့မှ ဆေးကုသပေးနေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၉ ရက်) ညနေ ၃နာရီအချိန်တွင် စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် ရွှေကျောင်းရပ်ကွက်နှင့် ပန်းတိမ်တောင် ရပ်ကွက်အတွင်း ဗုံး (၁၀)လုံးထက်မနည်း လာရောက်ကြဲချခဲ့ပြီး နမ့်ငုံးကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲကာ သီလရှင်တစ်ပါး ပျံလွန်တော်မူပြီး သီလရှင် နှစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

သီပေါ စစ်ကောင်စီ လေကြောင်းဗုံးကြဲ

“ အခုက ဒဏ်ရာရထားတဲ့ သီလရှင်ကို ပရဟိတ ဖွင့်ထားတဲ့ဆေးခန်းမှာ ဆေးကုပေးနေတယ်။ ညကဆို လေယာဉ် လေးစီးတောင်လာချတာ။ သီလရှင်လဲ သေတယ်။ နေအိမ်တွေလဲ ပျက်စီးကုန်တယ်။ ၂၃ တပ်နားမှာတော့ ပစ်သံကြားနေရတယ်။ မြို့ထဲကိုတော့ ဗုံးခဏခဏလာကြဲတာ။” ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတောင်ဆင့်ကိုပြောသည်။

ထို့အပြင် သီပေါဒေသခံများသည် အစစရာရာ သတိနှင့် နေကြရပြီး လေယာဉ်သံကိုသာ အချိန်မရွေး နားစွင့်နေရကြောင်းနှင့် လုံခြုံမူမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ သီပေါမှာနေနေတဲ့လူက အိမ်မယ်၊ စားမယ်ဆိုရင် လေယာဉ်သံနားထောင်ပြီးနေနေရတယ်။ ဘယ်ချိန်မှာ လာကြဲမယ်ဆိုတာ မသိလို့။ဘယ်သွားသွား ဘာလုပ်လုပ် နားထောင်ပြီးသတိနဲ့နေရတယ်။ နေရထိုင်ရတာ မလုံခြုံဘူး။ ခုဆိုရင် သီပေါကနေ စစ်ရှောင်သွားတဲ့လူတွေက အိမ်ခဏပြန်ကြည့်ပြီး ပြန်ထွက်ကြတာများတယ်။ ပြန်မနေရဲသေးဘူး။” ဟု အသက် ၄၀ နီးပါး ရှိ သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်နှင့် အုပ်ကျင်းရပ်ကွက်ရှိ ဒေသခံပြည်သူများ၏ နေအိမ် (၁၀)လုံးထက်မနည်း ပျက်စီးသွားသည်။

လက်ရှိသီပေါမြို့ စစ်ကောင်စီတပ် ခလရ (၂၃)တပ်စခန်းနေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲ ပြင်းထန်ဖြစ်ပွားလျက်ရှိသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...