တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို အာဆီယံက ဘာလို့ခေါ်တွေ့တာလဲ

မြန်မာ့အရေး ဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

၎င်းသုံးရက်တာ အစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ, သျှမ်းပြည်တပ်မတော် (RCSS/SSA) လည်း တက်ရောက်ခဲ့ကြောင်း ဩဂုတ်လ (၈) ရက် နေ့စွဲဖြင့် RCSS သတင်းပြန်ကြားရေး ဖြစ်သည့် Tai Freedom မီဒီယာမှ သတင်းထုတ်ပြန်ခဲ့သည်။

RCSS ထုတ်ပြန်ချက်တွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ RCSS ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ကိုယ်တိုင် ဆွေးနွေးပွဲ တက်ရောက်ခဲ့သည်။

အာဆီယံ

အာဆီယံအလှည့်ကျ ဉက္ကဋ္ဌ နိုင်ငံ (၃) နိုင်ငံ ပါဝင်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ “အာဆီယံ Troika” အစီအစဉ်ကို ဆွေးနွေးပွဲ ပထမနေ့ဖြစ်သည့် အောက်တိုဘာလ ၃ ရက်တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း လာအိုနိုင်ငံမှ သဘောမတူဘဲ မဖြစ်မြောက်ခဲ့ကြောင်း သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အကျဉ်းရထားတဲ့ သတင်းတော့ ပထမနေ့မှာ Troika ပါဝင်ဖို့ စီစဉ်ထားပေမယ့် မဖြစ်မြောက်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လာအိုက သဘောမတူလို့ ဖြစ်ပါတယ်။ Troika ဟာ အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှား တို့ ပါဝင်တာ ဖြစ်ပါတယ်”ဟု သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းက ပြောသည်။

မြန်မာ့အရေး ဆွေးနွေးပွဲတွင် ပါဝင်သူများမှာ ကုလသမဂ္ဂ UN ၊ ဉရောပသမဂ္ဂ EU ၊ UK ၊ US ၊ နော်ဝေး၊ မလေးရှားနဲ့ အင်ဒိုနီးရှား ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ပြီး ထိုင်းသံရုံးမှ ပထမအတွင်းဝန် လာရောက်နှုတ်ဆက်ခြင်း ရှိသော်လည်း ဆွေးနွေးပွဲကို မတက်ရောက်ခဲ့ဘဲ တရုတ်နှင့် အိန္ဒိယ ကိုယ်စားလှယ်များ မတက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာဘက်မှ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ K2C ဟုခေါ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ချင်းအမျိုးသားတပ်ဦး CNF အပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့မှ ကိုယ်စားလှယ် (၁၈) ဉီး တက်ရောက်ဆွေးနွေးကြောင်း သတင်းဌာနများတွင် ဖော်ပြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှ အချက်(၃) ချက်ကို အဓိက ပြောကြားခဲ့ပြီး ဒေသန္တရ အုပ်ချုပ်ရေး ဖော်ဆောင်နေကြောင်း၊ ရေးဆွဲထားသည့် လမ်းပြမြေပုံကို တင်ပြခဲ့သည်ဟု ကြားသိရကြောင်း သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုင်းပြည်ပြိုကွဲမယ်ဆိုတဲ့ မေးခွန်းတွေကို မေးတဲ့အခါမှာ Stakeholder တွေ ပြန်ပြီးထောက်ပြတာက (၁) ဒေသန္တရ အုပ်ချုပ်ရေး ဖော်ဆောင်နေတယ်လို့ သူတို့က ပြောကြားပါတယ်။ (၂) အချက်အနေနဲ့ သူတို့ရေးဆွဲထားတဲ့ လမ်းပြမြေပုံကို တင်ပြတယ်လို့ ပြောပါတယ်”ဟု စိုင်းဝမ်းစိုင်းက ရှင်းပြသည်။

၎င်းလမ်းပြမြေပုံသည် NCA လက်မှတ် ရေးထိုးထားသည့် 7 EAO Alliance အဖွဲ့များ၏ လမ်းပြမြေပုံ ဖြစ်နိုင်မည်လား ဆိုသည်ကို ဂဃနဏ မသိရကြောင်း ၎င်းက ဆက်ပြောသည်။

တတိယအချက် အနေဖြင့် ASEAN Plus Mechanism ရှိရန် သက်ဆိုင်ရာ အစုအဖွဲ့ Stakeholder များမှ တင်ပြခဲ့ရာ ကုလသမဂ္ဂ အထူးသံတမန်မှ အာဆီယံနှင့် ပူးတွဲလုပ်ကိုင်ရန် လုပ်ပိုင်ခွင့် အပြည့်အဝ ရှိထားကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

7 EAO Alliance ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် RCSS တပ်ဖွဲ့အနေဖြင့် ဂျကာတာတွင် အစည်းအဝေး တက်ရောက်မှုနှင့် ပတ်သက်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ထောက်ပံ့မှုကို ပြောဆိုမည်ဟု မီဒီယာများက ယူဆကြောင်း စိုင်းဝမ်းစိုင်းက သုံးသပ်ပြောဆိုသည်။

ထို့အပြင် NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs များအနေဖြင့် ထိုင်းနိုင်ငံ ဦးဆောင်မည့် လူသားချင်း စာနာထောက်ထားမှု ကူညီပေးရေး အစီအစဉ်မှတဆင့် မြန်မာသို့ ဝင်ရောက်မည့် နယ်စပ်ဖြတ်ကျော် လူမှုထောက်ပံ့ရေး အကူအညီများတွင် ပါဝင်လုပ်ဆောင်နိုင်ရေးကို အလေးထား ဆွေးနွေးဖွယ်ရှိကြောင်း ယူဆရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အလားတူ လာမည့် ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံမှ ဦးဆောင်၍ မြန်မာ့အရေး ဝိုင်းဝန်းအဖြေရှာရန် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို လက်ခံကျင်းပပေးမည်ဟု ထိုင်းဝန်ကြီးချုပ်က ကမ်းလှမ်းထားကြောင်း အောက်တိုဘာလ (၇) ရက်နေ့တွင် ပြောကြားထားသည်။

“ဒီဇင်ဘာလမှာ ထိုင်းက အလွတ်သဘော တွေ့ဆုံဖို့ Stakeholder တွေကို ခေါ်ထားတဲ့ ဆွေးနွေးပွဲကို ဘေးချင်းကပ်နေတဲ့ EAO တွေကတော့ တက်ရောက်ဖြစ်မှာပါ။ ဒါပေမယ့် ညီနောင် သုံးဖော်နဲ့ ကချင်ဘက်က တက်မတက်တော့ မှန်းဆရ ခက်ပါတယ်။ ဒါကလည်း အလွတ်သဘော ဖြစ်တဲ့အတွက် ဒါမျိုးတွေ ဆက်လုပ်ဖို့ ရှိပါလိမ့်မယ်”ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက ပြောသည်။

အောက်တိုဘာ လဆန်းပိုင်းတွင် ဂျကာတာမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့အရေးဆွေးနွေးပွဲကို အာဆီယံ ခေါင်းဆောင်များက အသိအမှတ်ပြုပြီး ထိုင်းနိုင်ငံတွင် လာမည့် ဒီဇင်ဘာလအတွင်း ထပ်မံကျင်းပရန်ရှိသည့် မြန်မာ့အရေး ဆွေးနွေးပွဲကို အခြားစိတ်ဝင်စားသည့် အာဆီယံ နိုင်ငံများမှ ပါဝင်တက်ရောက်နိုင်ရန် မျှော်လင့်ကြောင်း အောက်တိုဘာလ (၉) ရက်တွင် အာဆီယံမှ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နှင့်အညီ ငြိမ်းချမ်းစွာ ဖြေရှင်းရန် အာဆီယံ ခေါင်းဆောင်များက ပြန်လည်သုံးသပ်ခဲ့ပြီး အရပ်သားများကို ဦးတည်တိုက်ခိုက်နေခြင်းအား ရပ်တန့်ရန် သက်ဆိုင်ရာ အစုအဖွဲ့အားလုံးကို တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အခြားတဖက်တွင် အောက်တိုဘာလ ၈ ရက်မှ ၁၁ ရက်အထိ လာအိုနိုင်ငံ၌ ကျင်းပနေသည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကို ကိုယ်စားလှယ်စေလွှတ်ပြီး တက်ရောက်ဆွေးနွေးနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

မူကြမ်းကို ကျော်လွန်၍ – စစ်မှန်သောညီညွတ်ရေးကို သင်ယူရမည့် ဗမာခေါင်းဆောင်ပိုင်း

0
မကြာသေးမီက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းဒေသကြီး အကောင်အထည် ဖော်ရေး ကောင်စီများက “ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) ကို ထုတ်ပြန်ကြေညာခဲ့ခြင်း သည်...

မြန်မာနိုင်ငံ လာရောက်ရန် အာဆီယံအထူးကိုယ်စားလှယ် စီစဉ်နေ

0
မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်တစ်ခု လာရောက်ရန် စီစဉ်နေကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စ လာဇာရို က ပြောကြားလိုက်သည်။ ၂၀၂၆ နှစ်မကုန်မီ လာမည့် စတုတ္ထ သုံးလပတ်အတွင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု ခရီးစဉ်တစ်ခု လာရောက်ရန် စီစဉ်နေကြောင်း ၁၀ ကြိမ်မြောက်...