စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ရာတွင် ပိုင်ဆိုင်မှုကို အလွန်အကျွံမေးမြန်း လူထုစိုးရိမ်နေ

အာဏာသိမ်း စစ်ကောင်စီဦးဆောင်ပြီး သန်းခေါင်စာရင်းကောက်ယူမှုပြုလုပ်ရာတွင် မိသားစု ပိုင်ဆိုင်မှုကိစ္စကို အလွန်အကျွံမေးမြန်းမှုကြောင့် လူထုများက စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

စစ်အာဏာသိမ်းပြီး ၃နှစ်ကျော်ကာလအတွင်း ၂၀၂၄ ခုနစ် အောက်တိုဘာလတွင် သန်းခေါင်စာရင်းကို ကောက်ယူရန် စစ်ကောင်စီက ကြေညာခဲ့သော်လည်း လက်ရှိမှာ မြန်မာပြည်တဝှမ်း စစ်ရေးပဋိပက္ခ မတည်ငြိမ်ချိန် သန်းခေါင်စာရင်းကို ကောက်ယူနေပြီး စစ်မှန်သည့် သန်းခေါင်စာရင် ထွက်ပေါ်လာမည် မဟုတ်ကြောင်းလည်း ပြောဆိုမှုများလည်း ရှိနေသည်။

ယခုလ အောက်တိုဘာ ၇ ရက်တွင် သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်ကောင်းဘို့ကျေးရွာအုပ်စုအတွင်း သန်းခေါင်စာရင်းကို ကောက်ယူရာ နေအိမ်ပိုင်ဆိုင်မှု၊ ဝင်ငွေစာရင်းနှင့် ကိုယ်ရေးကိုယ်တာကိစ္စနှင့် ပုဂ္ဂိုလ်ရေးဆန်သည့်မေးခွန်းများမေးမြန်းသည့်အတွက် ဒေသခံများ စိုးရိမ် ကြောက်ရွံ့နေကြောင်း ဒေသခံအမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အိမ်ထောင်စုဝင်စာရင်းထဲက လူတွေ အယောက်စီတိုင်းကိုမေးတယ်။ ဘယ်သွားလဲ။ လစာဘယ်လောက်ရလဲ။ တစ်နှစ်ဝင်ငွေဘယ်လောက်ရှိလဲ။ လူငယ်ဆိုရင် နေရာအတိအကျမေးတာ။ ပိုင်ဆိုင်မှုတွေကပါပြောရတော့ လန့်နေ ကြောက်နေကြတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

သန်းခေါင်စာရင်းကောက်ပြီးနောက်တွင် ကျေးရွာထဲ အခွန်ကောက်ခြင်းနှင့် စစ်မှုထမ်း ခေါ်မည်ကို နေ့စဉ် ကြောက်ရွံ့နေကြသည့်အပြင် မဲတွေအတင်းအဓမ္မထည့်ခိုင်းမည်ကိုလည်း စိုးရိမ်နေရကြောင်း အသက် ၄၀အရွယ်ရှိ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သန်းခေါင်စာရင်းကောက်ပြီးရင် အခွန်ကောက်မလား၊ထောက်ပံကြေးကောက်မှာလား၊ စစ်တမ်းကောက်မှာတွေကို အကြောက်ဆုံးပဲ မဲအတင်းအဓမ္မထည့်ခိုင်းမှာကိုလည်း ကြောက်နေကြတယ်”ဟု ၎င်းကပြောသည်။

သန်းခေါင်စာရင်း

၂၀၁၄ခုနစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်း၌ မေးခွန်း (၄၁)ခုသာရှိပြီး လက်ရှိ ၂၀၂၄ ခုနစ်တွင် မေးခွန်းပေါင်း ၆၈ခု အထိရှိလာကြောင်း သိရသည်။

ထိုထပ်တိုးသည့်မေးခွန်းများထဲတွင် နိုင်ငံခြားရောက်မိသားစုဝင်များအကြောင်း၊ ကိုယ်ရေးကိုယ်တာ၊ ကိုးကွယ်သည့်ဘာသာ၊ ပြောဆိုသည့် ဘာသာစကားအပြင် ပြည်ပရွှေ့ပြောင်းသွားလာသူရှိ၊မရှိ၊ လျှပ်စစ်မီးတာသုံးစွဲမှု၊ သောက်သုံးရေရရှိမှု စသည့်အချက်အလက်များလည်း ပါဝင်ကြောင်းသိရသည်။

ထိုမေးခွန်းများကို ထပ်တိုးမေးရသည့်အကြောင်းရင်းသည် လူနေမှုစနစ်ကို သိရှိနိုင်ရန် မေးမြန်းခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ လဝက ဝန်ကြီး ဦးမြင့်ကြိုက်က ပြောဆိုထားသည်။

သန်းခေါင်စာရင်းလာကောက်ယူစဉ်

သျှမ်းပြည်နယ် တကြောတွင်စစ်ရေးပဋိပက္ခကြောင့် ရွှေ့ပြောင်းနေထိုင်ရသည့် ပြည်သူအများအပြားရှိသကဲ့သို့ အချို့ လူငယ်များသည် တော်လှန်ရေး အဖွဲ့ဝင်များ၊ CDM များပါဝင်သည့်အတွက် သန်းခေါင်စာရင်း ကောက်ယူရာတွင် စိုးရိမ်မှု ရှိနေကြောင်း လားရှိုးစစ်ပွဲကြောင့် တောင်ကြီးရောက်နေသည့် ဒေသခံ အမျိုးသမီး တစ်ဉီးက ပြောသည်။

“ အခုကျမတို့က စစ်ဘေးနေရတာ။ ဘာဆိုဘာမှ မသိသလို၊ သန်းခေါင်စာရင်းလည်း လာကောက်တာ မရှိသေးဘူး။ လူငယ်တွေအတွက်လည်း စိုးရိမ်ရတယ်။ တချို့လူငယ်တွေက တော်လှန်ရေးအဖွဲ့ထဲပါသွားတယ်လေ။ တချို့နယ်ဆိုရင် ကိုးကန့်တပ်၊ ပလောင်(တအာင်း)တပ်တို့က ထိန်းထားတော့ ဘယ်လိုတွေကောက်မှာလဲ။ အမှန်တော့မရနိုင်ဘူးထင်တယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

သန်းခေါင်စာရင်းလာရောက်ကောက်ယူစဉ်

စစ်ရေးပဋိပက္ခကြောင့် သျှမ်းပြည်မြောက်ပိုင်း၊ ကယား(ကရင်နီ) ၊ ရခိုင်၊ ကရင်၊ ကချင်၊ချင်းနှင့် စစ်ကိုင်းတိုင်း စသည့် တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားသည်။

လက်ရှိ သျှမ်းပြည်အချို့တွင် စစ်ကောင်စီလက်အောက်ခံအဖွဲ့မှ အုပ်ချုပ်ရေးမှူးများ သန်းခေါင်စာရင်းကောက်ယူရာတွင် အရပ်သားပြည်သူများကို လုံခြုံရေးယူပေးရန် ခေါ်ဆောင်မှုများလည်း လုပ်ဆောင်နေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် စစ်အာဏာသိမ်းပြီးကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဉပဒေသည် ပျက်ပြယ်ခဲ့ပြီး၊ ထိုဥပဒေကို အသုံးပြုပြီး ရွေးကောက်ပွဲ အပါအဝင် စစ်ကောင်စီဖော်ဆောင်မည့် နိုင်ငံရေးလမ်းကြောင်းကို လက်မခံနိုင်ကြောင်း အောက်တိုဘာ ၁ရက်တွင် ထုတ်ပြန်ခဲ့သည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...