လာအိုနိုင်ငံတွင် ကျင်းပနေသည့် နိုင်ငံခြားဝန်းကြီးများအစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပနေသည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်ပါ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ယနေ့ (အောက်တိုဘာလ ၁၁) ရက်တွင် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ပြုလုပ်နေသည့် ထိုဆွေးနွေးပွဲများတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဘရော့ဒ်တို့ တက်ရောက်ခဲ့သလိုပင် စစ်ကောင်စီကိုယ်စားပြုသည့် နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးပါ တက်ရောက်ခွင့်ရခဲ့ကြောင်း ဘီဘီစီ (မြန်မာပိုင်း) သတင်းတွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၆ မှ ၁၁ ရက်နေ့အထိ ကျင်းပနေသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် စစ်ကောင်စီခန့် ကိုယ်စားလှယ်တက်ရောက်ခွင့်ရနေရုံသာမက ဝန်ကြီးအဆင့် အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းမည်ဟု သိရသည်။

လာအိုနိုင်ငံတွင်ကျင်းပသည့် အာဆီယံ စစ်ကောင်စီကိုယ်စားလှယ်တက် Getty Images

အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာအရပ်ဖက်အဖွဲ့အစည်းများက ကန့်ကွက်ကြသည်။

အာဏာသိမ်းစစ်တပ်ကို ထိုကဲ့သို့ အစည်အဝေး ကျင်းပခွင့်ပေးနေခြင်း၊ ထိတွေ့ဆက်ဆံနေခြင်းမှာ အပြစ်မဲ့ ပြည်သူများ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်ခံနေသည့် ရာဇဝတ်မှုများကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေး နေခြင်းဖြစ်သည်ဟု အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Defend Myanmar Democracy (DMD) အဖွဲ့က (အောက်တိုဘာ ၈)တွင် ကန့်ကွက်စာ ထုတ်ပြန်ထားသည်။

လာမည့် အောက်တိုဘာလ ၂၂ ရက်မှစပြီး အာဆီယံ-အိန္ဒိယလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာ ဝန်ကြီးဆင့် အစည်းအဝေး၊ အာဆီယံ အမျိုးသမီးများဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးတို့အပါအဝင် စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ခရီးသွားလုပ်ငန်းတို့နှင့် သက်ဆိုင်သည့် အစည်းအဝေး ၁၉ ခုကို ကျင်းပသွားရန်ရှိသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

အာဆီယံနှင့် UN ကြား တရားဝင်မှုရရှိရေး အာဏာသိမ်း သမ္မတ၏ ကစားကွက်

0
ယခု ဇူလိုင်လအတွင်း မြန်မာစစ်အစိုးရနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော သံတမန်ရေးရာ လှုပ်ရှားမှုများသည် ယခင်က ၎င်းတို့ကိုယ်တိုင် ကျင့်သုံးနေခဲ့သော ကာကွယ်ရေးကို ဦးတည်သည်ဆိုသည့် အထီးကျန်မူဝါဒများမှ လက်ရှိတွင် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိနိုင်ရေးအတွက် စွန့်စားရသော်လည်း ပို၍ ရန်လိုသော ထိုးစစ်ဆင်မှုပုံစံအဖြစ်သို့ သိသိသာသာ ကူးပြောင်းလာနေသည်ကို မြင်နေရသည်။ ဗိုလ်ချုပ်မှူးကြီးအဖြစ်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စွန့်ပစ်ခံ ASEAN သဘောတူညီချက် – စစ်အစိုးရ၏ အာခံမှုနှင့် အာဆီယံအတွင်း အက်ကွဲကြောင်းများ

0
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်သည့် သံတမန်အခင်းအကျင်းသည် အလှည့်အပြောင်းမြန်ဆန်စွာဖြင့် မရေမရာဖြစ်လာနေပြီး အရေးကြီးသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပြီဖြစ်သည်။ လက်ရှိအခြေအနေသည် အတုအယောင်ဖန်တီးထားသော တရားဝင်မှု၊ အချင်းချင်း သစ္စာဖောက်မှု၊ ဒေသတွင်း ဘုံသဘောတူညီချက်များ ပျက်ပြားခြင်းကဲ့သို့ အန္တရာယ်ရှိသော အခြေအနေများဖြင့် စုပေါင်းဖြစ်ပေါ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က ဘန်ကောက်တွင်ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးအတွက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...