PNO ဖမ်းဆီးထားသည့် ဆီဆိုင် မူးယစ်ဆေး သုံးစွဲသူများကို ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် မူယစ်ဆေးဝါးသုံးစွဲသူကို ပအိုဝ်းပြည်သူစစ် (PNO)ဖမ်းပြီး ငွေအဆမတန်ဖြင့် ပြန်ရွေးခိုင်းနေသည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် (စက်တင်ဘာလ)မှစတင်ပြီး ယခုလ (အောက်တိုဘာလ )အထိ ဆီဆိုင်မြို့တွင် မူးယစ် ဆေးဝါးသုံးစွဲသူကို အစုလိုက်အပြုံလိုက်ဖမ်းမိထားကာ ပိုက်ဆံရှိသည့် ပေါ်မူတည်ပြီး ကျပ်သိန်း ၅၀ဖြင့် ပြန်ရွေးခိုင်းကြောင်း ထိုဖြစ်စဉ်ကို သိသည့် ဆီဆိုင်မြို့မှ...
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးထဲမှ ယမ်းမှုန့်များကို ထုတ်ယူရန် ကြိုးပမ်းနေစဉ် ပေါက်ကွဲပြီး အမျိုးသား (၂) ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သတင်းသိရသည်။ အောက်တိုဘာလ (၁၅) ရက် နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စုမှ ပန်ခါးကျေးရွာတွင် အမျိုးသား (၂) ဦးသည်...
နမ့်ခမ်းမြို့ နေအိမ်တစ်အိမ်ထဲ အမည်မသိလက်နက်ကိုင် ဗုံးလာပစ် ပေါက်ကွဲမှုဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ နေအိမ်တစ်အိမ်ထဲသို့ အမည်မသိ လက်နက်ကိုင်များမှ လက်ပစ်ဗုံး လာရောက်ပစ်သွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရသည်။ ယနေ့ (အောက်တိုဘာလ ၁၈ ရက်) နံနက် ၈ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ် အောင်မေတ္တာရပ်ကွက်ရှိ တရုတ်လူမျိုး နေအိမ်တစ်အိမ်ကို...
လားရှိုး နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ရှောင်ရန် အခက်ကြုံနေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီက နေ့စဉ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသာ်လည်း ပြည်သူများသည် အလုပ်လက်မဲ့ဖြစ်ကာ စစ်ရှောင်ရန် အခက်ကြုံနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်တွင် သိမ်းပိုက်ရရှိခဲ့သည်။ ထို့နောက်နောက် စစ်ကောင်စီမှ လားရှိုးမြို့ကို ပြန်ရရန်အတွက် နေ့စဉ်ဆက်တိုက် လေကြောင်းအသုံးပြုပြီး...
နယ်မြေလုံခြုံရေးဆိုပေမယ့် PNO အာဏာတည်မြဲဖို့ ကြိုးပမ်နေတယ်
SHAN -
သျှမ်းပြည်တောင်ပိုင်းတွင် ပအိုဝ်းပြည်သူ့စစ် PNO/PNA အခြေစိုက်လှုပ်ရှားသည့် ဒေသများတွင် ဩဂုတ်လမှ စတင်ပြီး (၃) လ အတွင်း စစ်သင်တန်း သုံးကြိမ် ဖွင့်လှစ်ခဲ့ကာ စစ်အင်အား စုဆောင်းမှုအဖြစ် တပ်သားသစ် (၃၀၀၀၀) ကျော် ရရှိခဲ့ကြောင်း PNO/PNA မှ ကြေညာခဲ့သည်။ ပအိုဝ်းပြည်သူ့စစ် PNO/PNA ၏...
တောင်ကြီး PNO မှ ပြည်သူပိုင်မြေများ မတရား သိမ်းဆည်းပြီး အကွက်ရိုက်ပြန်လည်ရောင်းချ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပေါမူကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ပြည်သူပိုင်မြေများကို အဓမ္မ သိမ်းယူပြီး အကွက်ရိုက်ကာ ပြန်လည်ရောင်းချနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပအိုဝ်းပြည်သူ့စစ PNO မှ ပေါမူဒေသခံများကို လျှပ်စစ်မီးနှင့် လမ်းဖောက်ပေးမည်ဟု ဆိုကာ ဒေသခံများ၏ မြေယာများကို ယမန်နှစ် (၂၀၂၃)...
ပင်လောင်း-ညောင်ရွှေကြား စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်
သျှမ်းပြည် ပင်လောင်းမြို့နှင့် ညောင်ရွှေမြို့ကြားရှိ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်တို့၏ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည်။ ထို့နောက် တိုက်ပွဲများကြောင့် ပင်လောင်းမြို့မှ ညောင်ရွှေမြို့သို့ သွားသော လမ်းတကြောရှိ နောင်ပီနှင့် တပ်ဦးမုတ်ကျေးရွာတို့တွင်...
ကျောက်မဲမှာ TNLA က PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးသတ်ဖြတ်နေဟု လိမ်လည်ဝါဒဖြန့်
သျှမ်းပြည် ကျောက်မဲမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးကာ သတ်ဖြတ်နေကြောင်း လိမ်လည်လှည့်ဖြား ဝါဒဖြန့်ချိနေသည်။ Subscriber ၅၇,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ် “ဘညွှန့်” ချန်နယ်မှ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး...
စားဝတ်နေရေး ကြပ်တည်းမှုကြား TNLA အခွန်ကြောင့် ဒေသခံများ အခက်အခဲဖြစ်နေ
စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်း အမျိုးမျိုးကြောင့် စားဝတ်နေရေး ခက်ခဲမှုဒဏ်ကို ရင်ဆိုင်နေရသည့် လားရှိုးမြို့ ဒေသခံများသည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံ အခွန်ပေးဆောင်နေရသဖြင့် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလဆန်းမှ စတင်ပြီး လားရှိုးမြို့ အီနိုင်းကျေးရွာတွင်ရှိသည့် TNLA တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်တွင် HIJET...
အင်းလေးတွင် သောက်ရေသုံးရေ မသန့်ရှင်း၊ ကလေးငယ်များ အရေပြားယားယံဖြစ်ပွား
SHAN -
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက်တွင် ရေဘေးရှောင်ပြည်သူများ သောက်ရေသုံးရေ မသန့်ရှင်းမှုကြောင့် ကလေး၊လူငယ်များ အရေပြားယားယံခြင်းတွေ ဖြစ်ပွားနေသည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်မှစပြီး အင်းလေးဒေသဘက်တွင် စံချိန်တင် ရေမြင့်တက်လာပြီး ကျေးရွာအများပြား ရေနစ်မြုပ်ကာ ဒေသခံပြည်သူအများပြား ရေဘေးသင့်နေကြသည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့် သောက်သုံးရေများပြတ်လတ်ကာ မိုးရေခံထားသည့်ရေ၊အင်းကန်ကရေများကို သောက်သုံးရေအတွက်...





