ကွန်ဟိန်းမြို့ ကုန်စုံဆိုင်ပိုင်ရှင် ဓားပြတိုက်ခံရပြီး သေဆုံး

သျှမ်းပြည် တောင်ပိုင်း ကွန်ဟိန်းမြို့တွင် ကုန်စုံဆိုင်တစ်ခုကို အမည်မသိလက်နက်ကိုင်တစ်စု ဝင်ရောက်ဓားပြတိုက်ပြီး ဆိုင်ရှင်အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ( ဇန်နဝါရီလ ၅ ရက်) ညနေ ၅ နာရီကျော် ကွန်ဟိန်းမြို့ ရပ်ကွက် (၂) ရှိ ကုန်စုံဆိုင်တစ်ခုကို အမည်မသိလက်နက်ကိုင် အမျိုးသား ၃ ဦးမှ ဝင်ရောက်ဓားပြတိုက်ခဲ့ပြီး ထိုဆိုင်ရှင်အမျိုးသားကို သေနက်ဖြင့် ပစ်သတ်ခဲ့ကြောင်း ကွန်ဟိန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားအဖြူနဲ့ လာတာ။ အိမ်ထဲဝင်လာတာ ၃ယောက်၊ ကားမောင်းတဲ့သူနဲ့ဆို စုစုပေါင်း ၄ ယောက်ပေါ့။ သေနတ်ကိုင်ပြီးတော့ ဆိုင်ထဲကို ဝင်ပြီးဓားပြ တိုက်တာ။သူတို့က ရွှေငွေတွေ ယူပြီးမှ အဲ့အမျိုးသားကို ချုပ်ပြီး သေနတ်နဲ့ ဦးခေါင်းကိုပစ်တာခဲ့တာ။အဲ့ဆိုင်မှာ တပ်ထားတဲ့ CCTVရဲ့ ကဒ်တွေကိုလည်း သူတို့ အကုန်ယူသွား တယ်။”ဟု ကွန်ဟိန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုသေဆုံးသွားသည့် ဆိုင်ပိုင်ရှင်အမျိုးသားသည် အသက် ၅၀ ဝန်းကျင်ဖြစ်ကြောင်း ဒေသခံများက ပြောသိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကွန်ဟိန်းမြို့ တွင် အမည်မသိလက်နက်ကိုင်မှ အုပ်စုဖွဲ့ ဓားပြတိုက်မှု ဖြစ်ပွားမှုသည့် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်လက် ပြောသည်။

“အဲ့အမျိုးသားက အိမ်မှာပဲနေပြီးတော့ သူ့မိန်းမကို ဆိုင်စောင့်ကူတယ်။ ဘယ်မှာတောင် သိပ်သွားတဲ့လူမဟုတ်ဘူး ရိုးရိုးသားသားရှားစားနေတဲ့လူလေ။ ဘယ်အဖွဲ့ကလုပ်လည်း ဆိုတာကို အတိအကျမပြောနိုင်သေးဘူး။ ကွန်ဟိန်းမှာ ဒီလိုမျိုးဓားပြတိုက်တယ်ဆိုတာ ဖြစ်ကို ဖြစ်လေမရှိတာ။ ကုန်သွယ်ရေးနယ်မြေလည်း မဟုတ်ဘူး။ ‌သူ့ဟာနဲ့သူ အေးအေးဆေးဆေးရှိတဲ့မြို့လေ။”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် သျှမ်းပြည်တစ်ခုလုံးတွင် အလုပ်အကိုင်းရှားပါးမှုများကြောင့် အလောင်း ကစားဝိုင်းများ၊အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊လက်နက်ကိုင်များလည်း ပေါများ နေသည့်အတွက် ဓားပြတိုက်၊ ခိုးဆိုးလုယက် ဒုစရိုက်များလည်း နေ့စဉ်နှင့် အမျှပေါများလာပြီး အချို့မြို့တွင်းလုံခြုံရေးမရှိကြောင်း ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျ ၆ ဦး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျပြီး အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညနေ ၄ နာရီ...

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...