တရုတ်နယ်စပ် ကုန်သွယ်ဂိတ်စီမံခန့်ခွဲအုပ်ချုပ်မှု စစ်ကောင်စီကို တရုတ်အားပေးဟု စစ်ခေါင်းဆောင်ပြော
တရုတ်-မြန်မာနယ်စပ်တလျှောက် ကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ စီမံခန့်ခွဲအုပ်ချုပ်မှုကို တရုတ်နိုင်ငံအနေဖြင့် အားပေးကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၉ ရက်) နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ နိုဝင်ဘာလဆန်း တရုတ်နိုင်ငံသို့...
PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီနှင့် PNO ထိုးစစ်ဆင်၊ ထိတွေ့တိုက်ပွဲဖြစ်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တပ်တို့က ထိုးစစ်ဆင်လာသောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) နံနက် ၁၀ နာရီခွဲအချိန်မှစပြီး ဆီဆိုင်မြို့နယ် အတွင်းရှိ အများပြည်သူအသုံးပြုနေသည့် ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့မှ လေယာဉ်ဖြင့် ဗုံးသုံးလုံး...
ညောင်ရွှေမြို့နယ်ရောက် စစ်ဘေးရှောင်များ ချေးငှားပြီး ဝမ်းရေးဖြေရှင်းနေရ
သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် ရောက်ရှိနေသော စစ်ဘေးရှောင်များသည် အလုပ်အကိုင်မရှိခြင်း၊ အလှူရှင်များမရှိသည့်အတွက် ဝမ်းရေးကို ချေးငှားပြီး ဝမ်းရေးဖြေရှင်းနေကြကြောင်းစုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့ စစ် PNO နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ကြောင့် ညောင်ရွှေမြို့သို့ စစ်ရှောင် တစ်ထောင်ဝန်းကျင်သည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ထွက်ပြေး တိမ်းရှောင်လာကြရ ကြောင်းသို့ရသည်။ ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊...
သျှမ်းပြည်ရဲ့ သဘာဝဘေး ခေါင်းလောင်းထိုးသံ
SHAN -
ပြိုကျ ပျက်စီးနေသော အဆောက်အဦးတွေကို ကြည့်ပြီး မျက်ရည်တွေမကျအောင် စကားတွေကို ထိန်းပြီးပြောသော်လည်း သူမ၏ တုန်ရီနေသည့် အသံက ထိန်းချုပ်၍မရ။ “ကျမတို့ ဘယ်လို ပြန်စရမှာလဲ။ ကျမတို့ နွေးထွေးတဲ့အိမ်လေး ဘယ်တော့ ပြန်ရမှာလဲ”ဆိုတဲ့ မနွယ်နွယ်စိုးတယောက် မေးခွန်းပေါင်းစုံဖြင့် တွေဝေနေသည်။ တစ်ဘဝလုံး ကြိုးစားတည်ဆောက်ခဲ့သည့်အိမ်၊ မျက်စိတမှိတ်အတွင်း ပြိုကျသွားတော့ မနွယ်နွယ်စိုးတစ်ယောက်...
သျှမ်းမြောက် စစ်ရှောင်လူငယ်များ ကျားဖြန့်လုပ်ငန်းကို ပိုလုပ်ကိုင်နေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံ ရပြီးနောက်တွင် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းကို သွားရောက်လုပ်ကိုင်ပြီး ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး “၁၀၂၇”စစ်ဆင်ရေး ပထမလိုင်းတွင် သျှမ်းမြောက်တစ်ကြောရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊ သိန္နီ စသည့်မြို့နယ်ဒေသအများစုသည် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်မြို့လုံးနီးပါး...
ဖယ်ခုံမြိုနယ်တွင် စစ်ကောင်စီ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲပြင်းထန်
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။ သျှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း နှင့် ပင်လောင်းမြို့သို့သွားသည့် လမ်းမတကြောတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယပတ်မှစ၍ စစ်ကောင်စီမှ စစ်အင်အားများဖြည့်ကာ ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော် လှန်ရေး တပ်ပေါင်းစုနှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း...
သျှမ်းပြည် နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာရှိ ဆင်းရွှေလီသကြားစက်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့ခြင်းကြောင့် စစ်ဘေးရှောင် (၁၀၀၀) နီးပါး ဘေးလွတ်ရာ ထပ်မံထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၈ ရက်) ည ၇ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်အတွင်း အင်းဝိုင်းကျေးရွာရှိ...
ကျေးသီး ဒေသခံများကို ညဘက် အပြင်မထွက်ရန် SSPP သတိပေး
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်ရှိ ကျေးရွာအချို့တွင် သျှမ်းပြည်လွတ်မြောက်ရေးပါတီ SSPP/SSA မှ မူးယစ်ဆေးသုံးစွဲနေသူကိုလိုက်လံ ဖမ်းဆီးနေပြီး၊ ပြည်သူများကို ညဘက် အပြင်မထွက်ရန် သတိပေးထားကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ မှစပြီး SSPP/SSA တပ်ဖွဲ့ မှ ည ၉ နာရီကျော်တွင် ဒေသခံများကို အသွားအလာမလုပ်ရန်...
TNLA ထိန်းချုပ် နမ့်ခမ်းမြို့ ယာမဆေးကြောင် အမျိုးသားက ၎င်းဇနီးကို ဓားထိုး ပွဲချင်းပြီးသေဆုံး
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်သည့် မန်ခမ်းရပ်ကွက်နေ ယာမဆေးကြောင်သည့် အမျိုးသားသည် ၎င်း၏ ဇနီးကို ဓားထိုးခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၉ ရက်) နံနက် ၇ နာရီခွဲခန့်တွင် TNLA ထိန်းချုပ်သည့်...
ကျောက်မဲမြို့တွင် စစ်ရေးငြိမ်းသော်လည်း ဝမ်းရေးအတွက် အလုပ်လုပ်ရန် ခက်ခဲနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်ရေးအခြေအနေ ငြိမ်သက်နေသော်လည်း ပြည်သူများဝမ်းရေး အတွက် အလုပ်လုပ်ရန် ခက်ခဲနေသေးကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ရှောင်အများစု နေရပ်ပြန်လာနေကြပြီး ဝမ်းရေးအတွက် အလုပ်အကိုင် ရှားပါးနေသေးကာ အခက်အခဲများဖြင့် ကြုံနေရကြောင်း ကျောက်မဲ နေရပ်ပြန် စစ်ရှောင်များက ပြောသည်။ လက်ရှိကာလသည် အလုပ်အကိုင်...






