လားရှိုးမြို့ပေါ်ရပ်ကွက် MNDAA မှ မီတာခနှင့် အမှိုက်ခွန် စတင်ကောက်ခံမည်ဟုဆို

သျှမ်းပြည် လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က မီတာခနှင့် အမှိုက်ခွန်များ စတင်ကောက်ခံမည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ယခု နှစ်ဆန်းပိုင်း ဇန်နဝါရီလမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် လျှပ်စစ်မီး ပြန်လည်ရရှိသည့် ရပ်ကွက်အချို့တွင် မီတာခနှင့် အမှိုက်ခွန်များကို ကောက်ခံတော့မည်ဖြစ်ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“မီးက အိမ်ဘက် ခုထိမလာသေးဘူး၊ သူများနေရာတွေ လာကုန်ပြီ ဒီဘက်ရပ်ကွက် တစ်ခါမှ မလာသေးတာ။ ဒါကို နှစ်ဆန်းပိုင်းကစပြီး မီတာခ စကောက်တော့မယ် အဲ့လိုတော့ ကြားနေတာပဲ၊ အမှိုက်ခွန်လည်း ကောက်တော့မှာ”ဟု လားရှိုးဒေသခံ အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့ပေါ် ရပ်ကွက်အချို့တွင် ၂၀၂၄ စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ လျှပ်စစ်မီး ပြန်လည်ရရှိနေသော်လည်း မီတာခ ကောက်ခံခဲ့ခြင်း မရှိဘဲ ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလမှ စတင်ကာ လျှပ်စစ်မီး တစ်ယူနစ်လျှင် ကျပ် ၁၅၀၀ ဝန်းကျင် စတင်ကောက်ခံမည်ဟု ဒေသခံများက ပြောဆိုသည်။

“မီတာခကောက်မယ်ဆို အိမ်တိုင်း မီးလင်းမှလေနော်၊ အခုက ရပ်ကွက်တိုင်း မီးမလင်းသေးဘူး။ မီတာခထက် အိမ်တိုင်း မီးပြန်ရစေချင်တယ်၊ မီးရမှပဲ အလုပ်ဖြစ်မှာ စီးပွားလုပ်လို့ ရမှာ။ ဒီမှာ ဆိုင်ခန်းဖိုးကော ကုန်သယ်ရင် ကုန်ဖိုးကော အခွန်ဆောင်ရတာပဲ၊ ကားခနဲ့ဆို ဈေးတက်တာ မပြောနဲ့လေ။ နောက်ထပ် အမှိုက်ခွန် လာဦးမယ်”ဟု လားရှိုးမြို့မှ တပိုင်တနိုင် ကုန်ရောင်းဝယ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – လားရှိုးမြို့ တိုက်ပွဲအတွင်း ပျက်စီးခဲ့သည့် ဓာတ်အားခွဲရုံ

လားရှိုးမြို့ပေါ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ လျှပ်စစ်မီတာခနှင့် အမှိုက်ခွန် စတင်ကောက်ခံမည့် ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ လားရှိုးမြို့ပြန်လည်ထူထောင်ရေး တာဝန်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

လားရှိုးမြို့ လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် ကိုးကန့်တပ်ဖွဲ့မှ တိုက်ပွဲအတွင်း ပျက်စီးသွားသည့် 33 KV ပင်မဓာတ်အားလိုင်း လျှပ်စစ်မီးကြိုးနှင့် ဓာတ်တိုင်များကို ယမန်နှစ် စက်တင်ဘာလမှ စတင်၍ ပြန်လည်ပြင်ဆင်ခဲ့ရာ ညဈေးနှင့် ရပ်ကွက်အချို့တွင် လျှပ်စစ်မီး ရရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့နယ်အတွင်းရှိ နမ့်မျှော် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် နားမခေါ် လျှပ်စစ်ဓာတ်အားပေးစက်ရုံတို့ကို စစ်ကောင်စီတပ်က ၂၀၂၄ အောက်တိုဘာလအတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဓာတ်အားထိန်းချုပ်ခန်း၊ လျှပ်စစ်မီးကြိုးများ ပျက်စီးသွားပြီး ရေအားလျှပ်စစ်ထုတ်လုပ်မှု ရပ်တန့်ခဲ့ရကြောင်း MNDAA မှ သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...