“စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ ဆိုက်ဘာလုံခြုံရေးဆိုတာက လူထုကိုသတင်းအမှောင်ချဖို့နဲ့ ဖမ်းဆီးဖို့ပါပဲ”

ခွင့်ပြချက်ရယူခြင်း မရှိဘဲ ဗီပီအန် (VPN) ထူတောင်ခြင်း (သို့မဟုတ်) ဝန်ဆောင်မှု ပေးခြင်းနှင့် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်း ပြုလုပ်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်နိုင်မည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက ဇန်နဝါရီလ ၁ ရက်တွင် ပြဋ္ဌာန်းလိုက်သည်။

အီလက်ထရောနစ် နည်းပညာအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်ခြင်းကြောင့် နိုင်ငံအချုပ်အခြာအာဏာနှင့် တည်ငြိမ်းအေးချမ်းမှုကို ထိခိုက်စေခြင်းမှ ကာကွယ်ရန်၊ ဆိုက်ဘာမူခင်းများကို ထိရောက်စွာ စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။

“တကယ်တော့ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်တယ်ဆိုပြီး ဥပဒေဆိုတာက စကစဘက်က ရေးဆွဲခဲ့တာမဟုတ်ဘူး။ အရင် NLD လက်ထပ်ကတည်းက ဆိုက်ဘာလုံခြုံရေးဆိုပြီး ရေးဆွဲခဲ့ကြတယ်။ အဓိက အွန်လိုင်းပေါ်ကနေပြီးတော့ အမုန်းစကားပြောတာတွေ၊ Attack (တိုက်ခိုက်) လုပ်ခံရတာတွေ ကာကွယ်အောင်လို့သာ ပြောပေမဲ့ သတင်းအချက်လက် ထုတ်ဖော်ပြောဆိုခွင့်တွေ၊ VPN သုံးတဲ့သူတွေကို ပြန်ပြီးထိန်းချုပ်ဖို့ လုပ်နေတဲ့သဘောပါပဲ” ဟု ဆိုက်ဘာနည်းပညာနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဆိုက်ဘာလုံခြုံရေး

ထိုဥပဒေအရ မည်သူမဆို ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို ရယူခြင်းမရှိဘဲ VPN ကို ထူထောင်ခြင်း (သို့မဟုတ်) VPN ဝန်ဆောင်မှုပေးခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၁ လမှ ၆ လအထိဖြစ်စေ၊ အနည်းဆုံးကျပ် ၁၀ သိန်းမှ အများဆုံးကျပ်သိန်း ၁၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်လုံးဖြစ်စေ ချမှတ်မည့်အပြင် အမှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းများအား နိုင်ငံဘဏ္ဍာအဖြစ်သိမ်းဆည်းရမည်ဟု ဖော်ပြထားသည်။

ထို့ပြင် ကျူးလွန်သူသည် ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ပါက ကျပ်သိန်း ၁၀၀ အောက် မနည်းသော ငွေဒဏ်ချမှတ်ရမည့်အပြင် သက်သေခံ ပစ္စည်းများအား နိုင်ငံဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဟုလည်း ဆိုထားသည်။

“အဓိက သူတို့ဘာတွေ လုပ်လို့ရနိုင်လဲ၊ အရင်တုန်းကဆို ၆၆ ဃ ပြောသလိုမျိုး လုပ်တာပဲနော်။ ဒါပေမဲ့အခုဥပဒေထုတ်လာပြီဆိုရင် ပိုတောင်မှ ပိုဆိုးသွားပြီပေါ့နော်။ အဓိက လူတွေကို ပိုပြီးတော့ ကြပ်လိုက်တဲ့သဘောပါပဲ။ အရင်တုန်းက ဒီတိုင်းဖမ်းတယ်၊ အခုက ဥပဒေနဲ့ ဖမ်းမယ် ဒါပါပဲ” ဟု အထက်ပါ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အတူ ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ပါကလည်း အနည်းဆုံး ၆ လမှ အများဆုံး၁ နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် သက်သေခံပစ္စည်းများအား နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းဆည်းပြီး ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ပါက ကျပ်သိန်း ၂၀၀ အောက်မနည်းသော ငွေဒဏ်ချမှတ်၍ သက်သေခံပစ္စည်းများ နိုင်ငံ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမည်ဟုလည်း ဆိုထားသည်။

မည်သူမဆို မရိုးမဖြောင့်သောသဘောဖြင့် ဆိုက်ဘာအရင်းအမြစ်ကိုအသုံးပြု၍ အခြားသူ၏ အွန်လိုင်းငွေကြေး တရပ်ရပ်အား ခိုးယူခြင်း (သို့မဟုတ်) အကျိုးဖျက်ဆီးခြင်းကို ကျူးလွန်ကြောင်း (သို့မဟုတ်) အခြားသူတဦးဦးကို ပြုလုပ်ရန်ခိုင်းစေကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး နှစ်နှစ်မှ အများဆုံး ခုနှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ဇူလိုင်တွင်လည်း စစ်ကောင်စီသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ၆ လအတွင်း မှတ်ပုံမတင်ဘဲ ရောင်းချပါက ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ရမည့်အပြင် ကျပ် ၅ သိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...