အရှေ့နေဝန်းနီကျဆုံးခြင်းမှ ၂၀၂၅ လူထုအောင်မြင်ရေးနှစ်သစ်ဆီသို့

၂၀၂၃ နှစ်နှောင်းပိုင်းမှ ၂၀၂၄ နှစ်ကုန်အထိ မြောက်ပိုင်းမဟာမိတ် သုံးဖေါ် ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း ဒုတိယလှိုင်းမှာ စစ်ကောင်စီအတွက်တော့ နှစ် ၇၀ အတွင်း သမိုင်းမော်ကွန်းတင်လောက်အောင် အရှုံးကြီး ဆုံးရှုံးခဲ့တယ်။

နေဝန်းနီက သျှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမှာ အခြေစိုက်တဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ်မှာ ကွန်မြူနစ်ပါတီ လှုပ်ရှားမှုကို ထိန်းချုပ် ချေမှုန်းနိုင်ဖို့ တောင်ကြီး အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ခွဲထွက်ပြီး လားရှိုးမြို့မှာ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရမခ အဖြစ် ဖွဲ့စည်းထူထောင်လာခဲ့တာပါ။

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တိုက်ခိုက်ရေးတပ်ရင်း ခြေလျင်တပ်ရင်း ခြေမြန် တပ်ရင်းပေါင်း ၄၇ ခု ရှိပါတယ်။ အမြောက်တပ် သံချပ်ကာတပ် တင့်ကားတပ် ထောက်ပို့တပ် ဝန်တင်တပ် ဆေးတပ် အင်ဂျင်နီယာ စတာတွေထည့်မတွက်သေးပါဘူး။

မြို့နယ်အရ တွက်ရင် သျှမ်းပြည်မြောက်ပိုင်းမှာ ကိုးကန့်တပ်မတော် MNDAA တိုက်ခိုက်သိမ်းပိုက်ထား တာက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကုန်းကြမ်းမြို့ နယ် နဲ့ လောက်ကိုင်မြို့နယ် အပြင် ကွန်လုံမြို့နယ် သိန္နီမြို့နယ် လားရှိုးမြို့နယ် တေပါဝင်ပြီး မြို့နယ်ခွဲတွေပါထည့်တွက်ရင် မုံးကိုးမြို့ ပန်ဆိုင်း (ကြူကုတ်) မြို့ နဲ့ ချင်းရွှေဟော်မြို့တို့ဖြစ်ပါတယ်။

တအာင်း(ပလောင်)တပ်မတော် TNLA ကလဲ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ နမ့်ဆန်မြို့နယ် နဲ့ မန်တုံမြို့နယ်အပြင် သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ္မတူ၊ နမ့်ခမ်း၊ မိုးမိတ်မြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ မိုင်းငေါ့မြို့နယ် ခွဲတို့ ကို ကျော်လွန်ပြီး မန္တလေးတိုင်း မိုးကုတ်မြို့အထိ တက်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းတော်လှန်ရေးတပ်တို့အကြား တရုတ်အစိုးရ ကြားဝင်ပြီး အပစ်အခတ် ရပ်ဖို့ ဖိအားပေးတဲ့ကြားက သိမ်းပိုက်နိုင်ခဲ့တာပါ။

မြန်မာနိုင်ငံ အနောက်ခြမ်းဘက်မှာလည်း အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နပခ ကျဆုံးတဲ့ အထိ အာရက္ခတပ်တော်က ဖြိုခွင်းသိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်က မြို့နယ် ၁၇ မြို့နယ်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့နယ် ၃ခု ကလွှဲပြီး ၁၄ မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ခေါင်းဆောင်တပ်မှူး တပ်ကဲတွေကို အကာ အကွယ် ပေးဖို့ မပြောနဲ့ မိခင်တပ်ရင်းကို ကာကွယ်လိုစိတ် မိသားစုကိုကာကွယ်လိုစိတ် စစ်အောင်စိတ်တွေအားလုံး ကုန်ခန်းနေပြီး အဆုံးကြီး ဆုံးရှုံးဖို့ ခြေလှမ်းစတဲ့နှစ်လို့ ပြောရင်လဲ မှားမယ်မထင်ပါဘူး။

ဒီတော့ “၁၀၂၇ စစ်ဆင်ရေး” သျှမ်းပြည်မြောက်ပိုင်းကစတဲ့ အောင်စစ်ဆင်ရေးဟာ လူထုတော်လှန်ရေး အောင်မြင်စေတဲ့ဓါတ်အားကူးစက်နေချိန် ၂၀၂၄ အကုန် ၂၀၂၅ နှစ်သစ် ကူးမဲ့ ကာလကနေ နွေဉီးတော်လှန် စစ်ဆင်ရေးမှာ စစ်ကောင်စီအခက် လူထုတော်လှန်ရေးအချက်ပါလို့ သံတော်ဆင့်ရင်း ၂၀၂၅ နှစ်သစ်ကို စာဖတ်ပရိသတ်နဲ့အတူ ကြိုဆိုအပ်ပါတယ်။

သျှမ်းသံတော်ဆင့်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...