သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) ထိန်ချုပ်ထားသည့် ကဒူးကြီးကျေးရွာအုပ်စု ဗန်းမက်ကျေးရွာအတွင်းသို့ စစ်ကောင်စီမှ လေကြောင်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စုံစမ်းသိရသည်။
ပြီးခဲ့သည့် (ဒီဇင်ဘာလ ၃၁ ရက်)နေ့တွင် မောက်မယ်မြို့နယ် PNLA ထိန်ချုပ်ထားသည့် ဗန်းမက်ကျေးရွာကို စစ်ကောင်စီမှ လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရကြောင်း မောက်မယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အဲနေ့က အတော်တော်ကြားရတယ်။ ရုတ်တရက်ဆိုတော့ ကျနော်တို့လန့်တယ်။ လေယာဉ်သံက အစောကတည်းကကြားတာ ထင်တာ ဒီတိုင်းပဲ ပတ်မောင်းတယ်ထင်လို့ ဘယ်ဟုတ်မလည် ဗုံးကြဲသွားတယ်။ အဲရွာက ဆေးပေးခန်းကိုလည်း ထိသွားတယ်။ အဆောက်အအုံထိခိုက်ပျက်စီးတာရှိတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ ဒေသခံများသည် သျှမ်းပြည်မြောက်ပိုင်း ကဲ့သို့ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြောင်း ၎င်းက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင်လည်း စစ်ကောင်စီ၊နှင့် PNA/PNO တို့သည် PNLA တပ်စခန်းရှိသည့် ဟူနမ့် ကျေးရွာဘက်သို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။












Leave a Comments