Saturday, February 7, 2026

CATEGORY

နိုင်ငံရေး

မူဆယ်မြို့ အမည်မသိလက်နက်ကိုင် ROXY KTV အနား ဗုံး၂လုံးပစ်သွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ ROXY KTV အနား ဗုံး၂လုံးလာပစ်သွား ပြီး တစ်လုံးပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃၀)ရက်နေ့ ညနေ ၇ နာရီခွဲဝန်းကျင်တွင်အမည်မသိနက်လက်ကိုင်တပ်ဖွဲ့ မြို့လမ်းမကြီးရှိ ROXY KTV အနား ဗုံး၂ လုံးလာရောက်ပစ်သွားပြီး တစ်လုံးပေါက်ကွဲခဲ့ကြောင်း မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

ပင်လောင်းမြို့နယ် ပအိုဝ်းပြည်သူ့စစ် PNO က ဒေသခံများကို သေနက်ပစ်ခြိမ်းခြောက်ငွေတောင်း

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာနှင့် စစ်ဆေးရေးဂိတ်များတွင် သေနက်ပစ်ခတ် ခြိမ်းခြောက်၍ ငွေညှစ်တောင်းခံပြီး ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ပင်လောင်းမြို့နယ်တောင်ပိုင်း လုံကန်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က လုံကန်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် ဒေသခံအမျိုးသားနှစ်ဦးကို သေနက်ပစ်ခတ်...

မန္တလေး-PDF ၏ စစ်သုံ့ပန်းအချုပ်ဆောင်ကို စစ်ကောင်စီ လေကြောင်းဗုံးထပ်ကြဲ၊ ဗိုလ်မှူးအပါအဝင် (၄) ဦးသေဆုံး

သျှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့နယ်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က မန္တလေး-PDF တပ်ဖွဲ့ ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများ ချုပ်နှောင်ထားရာ အချုပ်ဆောင်ကို ဒုတိယအကြိမ် လေကြောင်းထပ်မံ ဗုံးကြဲခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်(၁) နာရီခန့်တွင် သျှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့နယ်အတွင်း မန္တလေး-PDF တပ်ဖွဲ့မှ စစ်သုံ့ပန်းများ...

သီပေါမြို့ တိုက်ပွဲငြိမ်သက်သော်လည်း ဒေသခံများ နေရပ်မပြန်ရဲကြသေး

သျှမ်းပြည် သီပေါမြို့နယ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း လက်ရှိအချိန်ထိ ဒေသခံများ နေရပ်ပြန် နေထိုင်ရန် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၃) ရက်တွင် သီပေါမြို့ရှိ စစ်ကောင်စီလက်ကျန် ခလရ-(၂၃) တပ်ရင်းကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ငြိမ်သက်သွားခဲ့သည်။ သီပေါမြို့အတွင်း၌...

ထိုင်းနိုင်ငံတွင် CI စင်တာ ပြန်ဖွင့်မည်

ရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate of Identity (CI) ထုတ်ပေးသည့်စင်တာတစ်ခုကို ထိုင်းနိုင်ငံ စမွတ်ဆာခွန်းခရိုင်တွင် ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလမှစတင်ပြီး ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသည့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား များအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်စာအုပ် လျှောက်ထားနိုင်သည့် CI စင်တာတစ်ခုကို စမွတ်ဆာခွန်းခရိုင်၌ ဖွင့်ပေးမည်ဖြစ်ကြောင်း...

လွိုင်ကော် စစ်ဘေးရှောင် မိခင်နှင့် ကလေးငယ် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

ကရင်နီပြည် လွိုင်ကော်မြို့ရှိ စစ်ရှောင်ပြည်သူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် လွိုင်ကော်စစ်ဘေးရှောင် ပြည်သူများသည် စစ်ဘေးတင်သာမက ရေဘေးကိုပါ ထပ်မံကြုံတွေ့ရပြီးနောက် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များသည် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက် ပြသရန် လမ်းကြောင်းခက်ခဲနေသည်။ ထို့ပြင် ဆေးရုံတွင်လည်း ဆေးဝါးနှင့် ကုသမှုဆိုင်ရာ...

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနှင့်ဆက်စပ်ပြီး သေဆုံးသူ ၆ ထောင်နီးပါး ရှိလာ

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနှင့် ဆက်စပ်ပြီး သေဆုံးသူ (၆) ထောင်နီးပါး ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ (၃၀) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဉ် စတင်ချိန်မှ...

ဆောင်းဝင်စချိန် ကျေးသီးမြို့ရောက် စစ်ဘေးရှောင် ၅၀၀ ကျော် အနွေးထည်၊ စောင်များ လိုအပ်နေ

သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀) ကျော်အတွက် စောင်နှင့် အနွေးထည်များ လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ပြီးနောက် ဒေသခံများ ဘေးလွတ်ကင်းရာ မြို့၊...

ဟိုပန် UWSA မှ ရာဇဝတ်မှုကျူးလွန်သူ (၇)ဦးကို လူစုလူဝေးရှေ့ သေဒဏ်နှင့် ထောင်ဒဏ် စီရင်ချက်ချ

သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လူသတ်မှုနှင့် မုဒိမ်းမှုကျူးလွန်သူ (၇) ဦးတို့ကို သေဒဏ်နှင့် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ပြည်သူ့တရားစီရင်ရေး အခမ်းအနားဟု...

တောင်ကြီး တန်ဆောင်တိုင်အတွင်း ဟိုတယ်နှင့် တည်းခိုခန်း ဘိုကင်ပြည့်နေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ပွဲတော်အတွင်း ဟိုတယ်နှင့်တည်းခိုခန်း ဘိုကင် ပြည့်နေ့ကြောင်း စုံစမ်းသိရှိရပါသည်။ နိုင်ငံရေးအခြေနေရှုပ်ထွေးနေ့သည့်ကြားမှ စစ်ကောင်စီက တောင်ကြီးတန်ဆောင်တိုင်ကို လာမည် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရပ်ကွက်အလိုက် မီးပုံးပျံ ပညာရှင်များလည်း အတူပူးပေါင်းပါဝင်သွားမည် ဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။  တန်ဆောင်တိုင်ပွဲတော်အတွင်း  ဟိုတယ်အခန်းများ လူပြည့်နေသည့်အပြင် အခန်းခများလည်း ဈေးမြင့်တက် နေကြောင်းလည်း တောင်ကြီးမြို့တွင်း ဟိုတယ်ဝန်ထမ်း တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “အကုန်ပြည့်နေပြီး တစ်ခန်းမှ မကျန်တော့ဘူး။ တန်ဆောင်တိုင် ၉ ရက်နေ့ကနေစပြီး ၁၅ ရက်နေ့အထိ လုံးဝ မရတော့ဘူး။ နှစ်ယောက်အိပ်ဆို၂ သောင်း ဝန်းကျင်။ ၆၈၀၀၀ကျပ် ကနေစရှိတယ်။ နိုဝင်ဘာလကစပြီး အဲဒါက မူရင်းဈေး ဖြစ်တော့မှာ ။ စုံစမ်းရသလောက်ကတော့ ဟိုတယ်အကုန်ပြည့်နေပြီ။”  ဟု၎င်းက ဆိုသည်။  တောင်ကြီး ဟိုတယ်များတွင် တည်းခိုမည့်သူများသည် ဧည့်စာရင်း တိုင်ကြား ရမည်ဖြစ်ပြီး ယခင်နှစ်များကဲ့သို့ ဓာတ်ပုံနှင့်တကွ တာဝန်ရှိသူများထံ ပို့ဆောင်ရမည်ဟု ၎င်း ဝန်ထမ်း တစ်ဦးက ပြောသည်။ တောင်ကြီးမြို့သည် ကရင်နီနှင့် သျှမ်းမြောက်ဘက် စစ်ဘေးရှောင်များအပြင် သျှမ်းတောင်အတွင်း တိုက်ပွဲ ဖြစ်ပွားသည့် ဒေသများမှလည်း လာရောက် ရှောင်တိမ်းနေကြသည့် ဒေသဖြစ်သည်။  “ ဟိုတယ် ဘိုကင် လာလုပ်တဲ့သူက ပြည်မ ဖက်ကလူတွေများတယ်။ သျှမ်းပြည်ကမဟုတ်တာတော့ သေချာတယ်။ ခုချိန်က ပွဲငတ်နေတော့။သျှမ်းပြည်ကဆို စစ်ရှောင်နေကြတယ်လေ။ သူတို့တောင်အနိုင်နိုင် သူတို့တော့ ဟိုတယ် ငှားမှာ မဟုတ်ဘူး။” ဟု ဟိုတယ်တွင် အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။ ထို့အပြင် ပွဲတော်ရက်နီးလာသည်နှင့်အမျှ လိုင်စင်မရှိသည့် ကားနှင့် ဆိုင်ကယ်များကိုပါ ဖမ်းဆီးမှု လုပ်ဆောင်လာနေပြီး လက်ရှိတောင်ကြီးမြို့အဝင်အထွက်နှင့် ဂိတ်များတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့က တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်လာနေကြသည်။ အလုပ်သင် နန်းလရောင် ရေးသားသည်။

Latest news