Friday, May 3, 2024

CATEGORY

နိုင်ငံရေး

ကျောက်မဲစစ်ရှောင်တစ်ဦး စစ်ကောင်စီ ဖမ်းဆီး ရိုက်နှက် သေဆုံး

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းသို့ စစ်ရှောင်လာသည့် ပြည်သူတစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီး နှိပ်စက်ခဲ့ကာ သေဆုံးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့ ညပိုင်းတွင် ကျောက်မဲမြို့ ရပ်ကွက် ၉ တိလင်ရပ်တွင် နေထိုင်သည့် စစ်ဘေးရှောင်တစ်ဉီးကို စစ်ကောင်စီ မှ ဖမ်းဆီးသွားပြီးနောက် ရိုက်နှက်ခံထားရသည့်...

၇၅ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ သျှမ်းပြည်စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး တောင့်တနေကြတဲ့ သျှမ်းလူငယ်များရဲ့အသံ

၂၀၂၂ ခု ဖေဖော်ဝါရီလ ၇ ရက်နေ့ဟာ ၇၅ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ ဖြစ်ပါတယ်။ ပြည်ထောင်စုသန္ဓေတည်ရာနေ့လို့လည်းဆိုနိုင်တဲ့ သျှမ်းပြည်အမျိုးသားနေ့ရဲ့ ၇၅ နှစ်မြောက်မှာ သျှမ်းပြည်တွင်းနေတိုင်းရင်းသားအချင်းချင်းသာမက သျှမ်းအချင်းချင်းမှာပါ ပြည်ထောင်စုနိမိတ်ဖြစ် ထွန်းနေတာမရှိခဲ့ပါဘူး။ ဒီအတွက် သျှမ်းပြည်တွင်းနေလူငယ်တွေအတွက်လည်း အနာဂတ်ပြည် ထောင်စုတည်ထောင်ဖို့အတွက် လမ်းပျောက် နေသယောင်ဖြစ်နေပါတယ်။ ၇၅...

သျှမ်းပြည် ညီလာခံ ပထမအဆင့် တွေ့ဆုံပွဲပြုလုပ်

သျှမ်းပြည်ကိုယ်စားပြုနိုင်ငံရေး စုဖွဲ့ တရပ်ပေါ်ထွန်းလာရေး အတွက် သျှမ်းပြည် ညီလာခံ ဖြစ်မြောက်ရေး တွေ့ဆုံဆွေးနွေးပွဲ ပထမအဆင့် ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ကမကထ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ထို ပထမအဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ ဖေဖော်ဝါရီ (၃) ရက်မှ (၇) ရက်နေ့ထိ...

အောင်ပန်းမြို့ စစ်ကောင်စီ မှ ဧည့်စာရင်းစစ်ပြီး ဒေသခံ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ ရပ်ကွက်(၄)တွင်နေထိုင်သည့် ပြည်သူများကို စစ်ကောင်စီ အုစ်စုမှ ဧည့်စာရင်း လိုက်လံစစ်ပြီး ဒေသခံ (၄) ဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီ (၄) ရက် ညပိုင်းတွင် စစ်ကောင်စီ အုပ်စုမှ အောင်ပန်းမြို့ရှိ ကိုကျော်စိုး လက်ဖက်ရည်ဆိုင် အတွင်းသို့ ဧည့်စာရင်း...

ကျိုင်းတောင်းမြို့ သင်္ကန်းခြုံ ဘုန်းကြီးဟန်ဆောင်ပြီး ပြည်သူများကိုလိုက်ခြိမ်းခြောက်နေ

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့တွင် သင်္ကန်းခြုံ ဘုန်းကြီးဟန်ဆောင်ပြီး ပြည်သူများကို လိုက်သတ်မည်ဟု လိုက်လံခြိမ်းခြောက်နေသည် ဟု သတင်းရရှိသည်။ အဆိုပါ သင်္ကန်းခြုံ ဘုန်းကြီးဟန်ဆောင်ထားသူထံတွင် ဓား၊ ဂွ၊ ကျောက်ခဲများ တွေ့ရှိရကြောင်း၊ ဒေသခံပြည်သူများ၏ နေအိမ်ကို ညအချိန်တွင် ကျောက်ခဲနဲ့လိုက်လံပစ်ခတ်နေလျက်ရှိကြောင်း ကျိုင်းတောင်းမြို့နေထိုင်သူများထံ သိရသည်။ “ ဘုန်းကြီးက ဘုန်းကြီးအတုဖြစ်တယ်။ အရင်ညတွေက...

ကျိုင်းတုံ တပ်ကျောင်းများ ဗုံးဖေါက်ခွဲမည့် သတင်းထွက်ပေါပြီး လုံခြုံရေးတင်းကြပ်

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့မှ အခြေခံပညာအထက်တန်းကျောင်း (တပ်ကျောင်း) တို့တွင် ဗုံးဖောက်ခွဲမည့် သတင်း ထွက်ပေါ်ပြီးနောက် မြို့တွင်းလုံခြုံရေးတင်းကြပ်လာကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၃ )ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၁၊ အမှတ် ၄၊ အမှတ် ၅ (တပ်ကျောင်း)တို့ကို...

ပင်လောင်း နောင်တရားရောက်စစ်ရှောင်တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ ရောက်ရှိခိုလှုံနေသည့် ကရင်နီပြည်မှ စစ်ရှောင်တချို့ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားခဲ့ကြောင်း သတင်းသိရသည်။ ကရင်နီပြည်(ကယားပြည်)တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ဒေသခံပြည်သူများ သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ မြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုရက်ပိုင်းတွင် နေရပ်ပြန်သွားကြကြောင်း သိရသည်။ “ဒီ တစ်ရက် နှစ်ရက်မှာပဲ...

သျှမ်းပြည် ညီလာခံအတွက် ပြင်ဆင်ရေး နှီးနှောဖလှယ်ပွဲ RCSS ဦးဆောင်ပြုလုပ်နေ

သျှမ်းပြည်ညီလာခံ ကျင်းပရေးအတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဦးဆောင် ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဖေဖော်ဝါရီ (၃)ရက်မှ (၇)ရက်ထိ (၅) ရက်သာကို သျှမ်းပြည် ညီလာခံကျင်းပရန်အတွက် ပြင်ဆင်ရေး နှီးနှောဖလှယ်ပွဲကို ထိုင်းနိုင်ငံ နယ်စပ်တစ်နေရာတွင် ပြုလုပ်ခဲ့သော်လည်း လာရောက်မတက်နိုင်သူများကိုလည်း Online Zoom...

စစ်မှုမထမ်းမနေရ ဥပဒေကို မဖြစ်မနေလုပ်ရမည်ဟု အာဏာသိမ်းခေါင်းဆောင်ပြော

နိုင်ငံသားအားလုံး စစ်မှုထမ်းရမည့် အမျိုးသားစစ်မှုထမ်းဥပဒေကို မဖြစ်မနေလုပ်ဆောင်သွားမည် ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါသည်။ “ကျနော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်း ဥပဒေ မကျင့်သုံးရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့ တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်းဥပဒေကို ကျွန်တော်တို့ မကျင့်သုံးရတာဟာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရှိနေလို့ ကျွန်တော်တို့ လုပ်လို့မရဘူး။ စီးပွားရေးအားမကောင်းရင်လည်း...

တာချီလိတ် စစ်တပ်ထောက်ခံပွဲ ဗုံးပေါက်ကွဲပြီးနောက် စစ်ဆေးဖမ်းဆီးမှုများရှိနေ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ယမန်နေ့က စစ်တပ်ထောက်ခံပွဲပြုလုပ်နေစဉ် အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဒေသခံများအား စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၁ရက်) စစ်ကောင်စီအာဏာသိမ်း တစ်နှစ်ပြည့်သည့်နေ့တွင် တာချီလိတ်မြို့၌ စစ်တပ်ထောက်ခံပွဲ ပြုလုပ်နေစဉ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ယမန်နေ့ ညပိုင်းနှင့်...

Latest news