ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ စစ်ကောင်စီ ဗုံး(၅၆)လုံး ကြဲချတိုက်ခိုက်မှု ဒေသခံ ထိခိုက်သေဆုံး

သျှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသကိုယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) က စစ်ကောင်စီ လေကြောင်းမှ ဗုံး ၅၆ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) တွင် ထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) မွန်းလွဲ ၁၂ နာရီခွဲကျော်မှ ၁ နာရီခွဲ ဝန်းကျင်အထိ စစ်ကောင်စီ Y-12 လေယာဉ်ဖြင့် ဗုံး( ၃၁) လုံး၊ ညနေ ၄ နာရီတွင် ဗုံး (၂၅) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသမီး ၂ ဦး၊အမျိုးသား ၁ ဦး သေဆုံးပြီး ကလေး ၁ ဦး အပါအဝင် ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က ဆေးကုသပေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် ဗုံးထိမှန်ခဲ့သည့် ကျေးရွာများနှင့် စစ်မြေပြင် တိုက်ပွဲ အခြေအနေများကိုမူ ဖော်ပြခြင်း မရှိပေ။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ဂူတွင် နေအိမ် တချို့ ပျက်စီးပြီး ကျောက်မီးခတ်၊ ခဲကြားနှင့် ထမင်းပေါင်း စသည့်ကျေးရွာများ အနီးဗုံးကျရောက် ပေါက်ကွဲသည်ဟု ကြားသိရကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

“ဒီနေ့ သေနတ်သံ နည်းနည်းကြားရတာပဲရှိတယ်။ တိုက်ပွဲ ငြိမ်တယ်” ဟု ယနေ့ အခြေအနေကို ၎င်းကပြောပြသည်။

ပြီးခဲ့သည့် လမှစတင်၍ ကျောက်ဂူဒေသတွင် စစ်ကောင်စီနှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေရာ ကျောက်ဂူတိုက်နယ် အတွင်း နေထိုင်သည့် ဒေသခံများ ထွက်ပြေးနေရစဥ် ယခုကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခြင်း ဖြစ်သည်။

ကျောက်ဂူဒေသတွင် တိုက်ပွဲများ ပြင်းထန်နေသော်လည်း ဆက်စပ်ဒေသဖြစ်သည့် ရေအားလျှပ်စစ် စက်ရုံ တည်ရှိရာ ကျိုင်းခမ်းဒေသတွင်မူ တိုက်ပွဲ ဖြစ်ပွားမှု မရှိသေးဘဲ တည်ငြိမ်နေကြောင်း တခြား ဒေသခံ တစ်ဦးက ဆိုသည်။

ကျောက်ဂူဒေသတွင် စစ်ကောင်စီ အင်အားဖြည့်တင်းမှုများကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်မှု ရှိခဲ့ကြောင်း ဓနုတပ် (DPLA) က ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်) တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်း ၂ နာရီကြာ တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဇန်နဝါရီ ၁၅ ရက်တွင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်၍ ရွာသားတဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

နာမည်ကျော် တိုက်ပွဲ ဖြစ်ပွားနေသည့် နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာနှင့် မိုင် ၃၀ ခန့်သာ ကွာဝေးသည့် ကျောက်ဂူဒေသတွင် စစ်ကောင်စီ စစ်ကြောင်းများကို DPLA က ကြားဖြတ် တိုက်ခိုက်နေရာ တိုက်ပွဲ ြပင်းထန်နေပြီး ဒေသခံများ စစ်ဘေးလွတ်ရာ ထွက်ပြေးနေရခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...