ဗန်းမော်မြို့ တိုက်ပွဲ ဆက်ဖြစ်၊ မီးဆက်လောင်ပြီး မြို့အကြီးအကျယ် ပျက်စီး

ကချင်ပြည်၊ ဗန်းမော်မြို့ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်မတော်( KIA) ပူးပေါင်းတပ်များ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး နေအိမ်များ မီးဆက်လက် လောင်ကျွမ်းကာ မြို့အကြီးအကျယ် ပျက်စီးသွားပြီဟု ဒေသတွင်း သတင်းရင်းမြစ်များက ယနေ့ (ဇန်နဝါရီလ ၂၀ ရက်) တွင် ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၀ ရက်) နံနက်ခင်းပိုင်းတွင် ကရင်ကုန်း၊ ပင်စင်ကုန်းနှင့် ရွှေကျီးနားရပ်ကွက် ၀န်းကျင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများကြောင့် နေအိမ်များ မီးလောင်ပျက်စီးမှုရှိကြောင်း Banmaw Scout Team က ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၉ ရက်) ညပိုင်း စစ်ကောင်စီ လေကြောင်းမှ ၄ ကြိမ် ဗုံးကြဲရာ ဗန်းမော်မြို့ ရွှေကျီးနား ရပ်ကွက် ၀န်းကျင် ကျရောက် ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့ Banmaw Scout Team က ဖော်ပြသည့် ၂ မိုင် မီးပွိုင့် ရုပ်သံနှင့် ပတ်သက်၍“နန်းသီတာ မိတ်ဆက်လမ်းဆုံ၊ အထည်ဆိုင်တွေ စက်ချုပ်ဆိုင်တွေ ရှိတဲ့နေရာ” ဟု မြို့ခံ တဦးက ပြောသည်။

အဆိုပါ နေရာတွင် လူနေအိမ်နှင့် ဆိုင်ခန်းများစွာရှိခဲ့သည်ဟု ၄င်းက ဆိုပြီး ရုပ်သံတွင်မူ အပျက်အစီးပုံကြီး အဖြစ်သာ မြင်တွေ့နေရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီ ဝါဒဖြန့် ချယ်နယ်များတွင် ဖော်ပြသည့် KIA တပ်သားများအား ဒရုန်းနှင့် ဗုံးကြဲသည် ဆိုသည့် ရုပ်သံနှင့် ပတ်သက်၍ “ကရင်ကုန်းဘက်၊ ဝင်းမျက်မှန်ဆိုင်နားက ပညာကျော် အဆောင်နား” ဟု မြို့ခံ တဦးက ဆိုသည်။

အဆိုပါ ဒရုန်းနှင့် ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးမှုကို မသိရသော်လည်း လူနေအိမ်များ ပျက်စီးခဲ့သည်ကိုမူ တွေ့ရသည်။

ထို့အပြင် ပြီးခဲ့သည့် သီတင်းပတ်က ဗန်းမော်မြို့ ကမ်းနားလမ်း ရပ်ကွက်ရှိ နေအိမ်များ မီးအကြီးအကျယ် လောင်ကျွမ်း ပျက်စီးခဲ့သည် ဆိုသည့် သတင်းများနှင့် ပတ်သက်၍ ယင်းသတင်းများ မှန်ကန်ကြောင်း Banmaw Scout Team က အတည်ပြုသည်။

လက်ရှိ KIA ပူးပေါင်းတပ်က ဗန်းမော်မြို့ နေရာအများစုကို ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီ အကြွင်းအကျန်များနှင့် မြို့တွင်း တိုက်ပွဲတချို့ ဆက်လက် ဖြစ်ပေါ်နေပြီး စကခ (၂၁) ကို အနီးကပ် ပိတ်ဆို့ တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုထားသည်။

တလခွဲကျော် ကြာမြင့်လာသည့် ဗန်းမော် တိုက်ပွဲ အတွင်း ဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် မီးရှို့မှုများကြောင့် ယခင်ရက်များ အတွင်းကပင် မြို့ အကြီးအကျယ် ပျက်စီးနေရာ ယခု ထပ်မံ ပျက်စီးနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့သည့် ထိုးစစ် အတွင်း KIA ဦးဆောင်သည့် တော်လှန်ရေးတပ်များက ဗန်းမော်မြို့နှင့် မံစီမြို့ တို့ကို တပြိုင်နက် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ မံစီမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗန်းမော်မြို့ကိုမူ ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...