ထိုင်း-မြန်မာနယ်စပ် တလျှောက် လူကုန်ကူးမခံရအောင် သတိပေးဆိုင်းဘုတ်ထောင်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ တဆင့် မြန်မာဘက်သို့ လူကုန်ကူးခံရသည့် တရုတ်မင်းသား ဖြစ်ရပ်ပြီးနောက် ထိုင်းအာဏာပိုင်များသည် ကျားဖြန့်လုပ်ငန်းဖြင့် လူကုန်ကူးမှုမခံရအောင် သတိပေးဆိုင်းဘုတ်များကို နယ်စပ်မျဉ်းတလျှောက်တွင် စိုက်ထူးကြေညာထားသည်။ 

ထိုသတိပေးဆိုင်းဘုတ်တွင်လည်း တရုတ်ဘာသာစကား၊ ထိုင်းဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားတို့ဖြင့် ရေးသားသတိပေးထားသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တဆင့် မြန်မာနိုင်ငံ​ ကျားဖြန့်လုပ်ငန်းရှိသည့် ရွှေက္ကိုလ်မြို့သို့ လူကုန်ကူးခံရသည့် တရုတ်သရုပ်ဆောင် Wang Xing နှင့် တရုတ်နိုင်ငံသား ၅၀ဉီး ကို ထိုင်းအာဏာပိုင်များက ကယ်ထုတ်ပေးနိုင်ခဲ့သည်။

 ထို့နောက်ပိုင်းတွင်လည်း တရုတ်သရုပ်ဆောင်နှစ်ဉီးခန့်လည်း ထိုင်းနိုင်ငံမှ တဆင့် နယ်စပ်တဝှိက်တွင် ပျောက်ဆုံးမှုဖြစ်စဉ်များရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိုင်းအာဏာပိုင်များက ကျားဖြန့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများ၏ ဖြားယောင်းမှုကို ထပ်မံမခံရအောင် မြန်မာ-ထိုင်းနယ်စပ် ဖြစ်သည့် မဲဆောက်၊ အုန်းဖန်၊ ဖွတ်မရ၊ မယ်လမ၊ ထာ့ဆောင်ရမ်း စသည့် မြို့နယ် ၅နေရာရှိ လမ်းမဘေးတလျှောက် လုံခြုံရေးတိုးချထားခြင်း၊ လူကုန်ကူးဆိုင်းဘုတ် ထောင်ထားခြင်းများ ပြုလုပ်ထားသည်။

“မဲဆောက်လမ်းတစ်လျှောက်နဲ့ အနီးတဝိုက်ကရှိတဲ့မြို့တွေလည်း သတိပေးဆိုင်းဘုတ်တွေ စိုက်ထူကြတယ်။ တရုတ်ဘက်က တစ်ယောက်ပြီးတစ်ယောက်ဆက်တိုက်ပျောက်နေတော့ နယ်စပ်မှာ စစ်ဆေးမှုတွေလည်း တင်းကြပ်လာတယ်”ဟု မဲဆောက်မြို့ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် တရုတ်နိုင်ငံသားများ ပျောက်ဆုံးခြင်း၊ လူကုန်ကူးခံရခြင်းတို့ကြောင့် အရှေ့တောင်အာရှနိုင်များအနေဖြင့် အွန်လိုင်းလောင်းကစား၊ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ပြတ်သားစွာ စီမံချက်များဖြင့် ဆောင်ရွက်ကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဇန်နဝါရီ ၁၆ ရက်တွင် အာဆီယံနိုင်ငံများသို့ တောင်းဆိုခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့်ငွေလိမ်လည်မှုများက တရုတ်နိုင်ငံသားများနှင့် အခြား နိုင်ငံသားများကိုလည်း ခြိမ်းခြောက်နေသည့်အပြင် အန္တရာယ်ရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ 

ထို့ပြင် ထိုင်းနိုင်ငံမှတဆင့် တရုတ်သရုပ်ဆောင်နှင့် တရုတ်နိုင်ငံသားများ မကြာခဏ လူကုန်ကူးမှုခံနေရသည့ ကျားဖြန့် ကြီးထွားသည့် မြဝတီမြို နေရာတွင်လည်း ဇန်နဝါရီ ၁၅ရက်တွင် BGF ခေါင်းဆောင်များက ငွေလိမ်လည်ခြင်း၊ လူကုန်ကူးခြင်း အပါအဝင် ရာဇဝတ်မှုများ ကျူးလွန်လျှင် တရုတ်လုပ်ငန်းရှင်များကို လုပ်ငန်းပိတ်သိမ်း နယ်နှင်မည်ဟု ခေါ်ယူပြောဆိုကြောင်း ခဲ့သည်ဟု သတင်းထွက်ပေါ်လာသည်။  

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲတွင် ကျားဖြန့်လုပ်ကိုင်သူဟုယူဆရသည့် တရုတ်နိုင်ငံသားများရောက်ရှိလာ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း ကျားဖြန့် (အွန်လိုင်းလောင်းကစား)လုပ်ကိုင်နေသူများဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။  ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး မိုးနဲမြို့မစျေးကြီးထဲသို့ တရုတ်ဘာသာစကားကိုသာအသုံးပြု ပြောဆိုနေကြသည့် တရုတ်နိုင်ငံသားများသည် စားနိပ်ရိက္ခာများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လာရောက်ဝယ်ယူနေကြောင်း ကုန်စုံဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။  “ အရင်လက စားသောက်ကုန်တွေလောက်ပဲလာဝယ်တာ။...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၅၉) ဦး ဖမ်းဆီးရခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၂ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ အဆောက်အဦးတစ်လုံးကို စစ်ကော်မရှင်နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ ဝင်ရောက် စစ်ဆေးရာ...

မိန်းကလေးငယ်ကို ကျပ်တစ်သိန်းဖြင့် လူကုန်ကူးခဲ့သည့် ပွဲစားများ

0
“အဓိက အလုပ်ရှာရင်းနဲ့ ရောင်းစားခံရတာပေါ့ကွာ။ သူတို့ကို အလုပ်ရှာပေးမယ်၊ လစာကောင်းကောင်းပေးမယ် ပြောပြီး ရောင်းစားလိုက်တာ”ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဉီးက ပြောသည်။ ပြီးခဲ့သည့် ဇွန် ၁၃ရက် တွင် တောင်ကြီးမြို့နေ အသက် (၁၆)နှစ် အရွယ်နှင့် အသက် (၁၇)နှစ်အရွယ် မိန်းကလေး နှစ်ဉီးသည် အလုပ်ရှာဖွေရန် ရွှေညောင်မြို့သို့...