မူဆယ်နယ်စပ်ဂိတ်တွင် စစ်ကောင်စီအပေါင်းအပါများ တရုတ်လိုင်စင်မဲ့ကားကို ပေါ်တင်သွင်းနေ

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင်ရှိ နယ်စပ်ဂိတ်တွင် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ် ပူပေါင်းပြီး တရုတ်ဘက်တွင်းရှိ လိုင်စင်မဲ့ကားကို ဆင်ဖြူဂိတ်တွင် ပေါ်တင်သွင်းနေကြောင်း စုံစမ်းသိရသည်။

ထိုတရုတ်နိုင်ငံဘက်မှ လိုင်စင်မဲ့ကားများတင်သွင်းရာတွင် မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးဖြစ်ပြီး၊ ၎င်းသည် စစ်တပ်နှင့်ပူးပေါင်းပြီး လာဘ်ငွေယူပြီးခွင့်ပြုနေကြောင်း သိရသည်။

“ အခုလိုင်စင်မဲ့ကားတွေကို ဌာနဆိုင်ရာအကြီးနဲ့ စစ်တပ်က ပူးပေါင်းပြီး ပေါ်တင်သွင်းနေတာ။ အရင်က လိုင်စင်မဲ့ကားတွေက ဆင်ဖြူဂိတ်ကနေ ပေါ်တင်မသွင်းဘူး။ နောက် အဲ့ကနေပြီးတရားမဝင် ကုန်တွေရော သွင်းတယ်။ စစ်တပ်အတွက်ရိက္ခာတွေလည်း ဖြည့်နေတဲ့သဘောပဲ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ လိုင်စင်မဲ့ကားများသည် လွန်ခဲ့သည့် ၂၀၂၄ခုနစ် သြဂုတ်လမှစတင်ပြီး တင်သွင်းလာရာ ယခုရက်ပိုင်း အများအပြားတင်သွင်းနေကြောင်း၊ ၎င်းလိုင်စင်မဲ့ကားများသည် တိုကင်မယူရဘဲ ဆင်ဖြူဂိတ်ကို တိုက်ရိုက်ဖြတ်သန်းလာနိုင်ကြောင်း ၎င်းက ပြောသည်။

“အဲကားကနေမှ တရုတ်က ပစ္စည်းတွေကို သယ်ယူသွားလာနေတယ်။ သူတို့က နယ်စပ်မှာ ပိုက်ဆံထိုးပေးထားတော့ လိုင်စင်လည်းမပါ တိုကင်လည်း ပေးစရာမလိုဘူး အရင်ဆုံးကားထွက်တယ်။ စစ်တပ်ကားဆို ဘာမမစစ်ပဲ ပေးဖြတ်တယ်။ဒီကားမောင်းတဲ့သူတော့ သူတို့ စိတ်ချရတဲ့သူကို မောင်းခိုင်းတယ်”ဟု ၎င်းက ဆိုသည်။

ယခင်တွင် စစ်ကောင်စီသည် တပ်အတွက် အသုံးပြုသည့်စစ်ကားများသာ တင်သွင်းရာ ယခုသည် ခရီးသည်ယာဉ် HIACE (ဟိုင်အိတ်) ကိုတင်သွင်းလာသည်မှာ စိတ်ဝင်စားစရာကောင်းကြောင်း မူဆယ်မြို့ နိုင်ငံရေး သိကျွမ်းသည့် လူငယ်အမျိုးသား တစ်ဉီးက ပြောသည်။

“ အခု က ခရီးသည်ယာဉ်ကို တင်သွင်းလာတာ စိတ်ဝင်စားစရာပဲ။ ခရီးသည်ယာဉ်ဆိုရင် တော်လှန်ရေးတပ်သားတွေက မစစ်ဆေးတော့ဘူးလေ။ အဲ့ထဲမှာ ရိက္ခာတွေသယ်ရင် တပ်ကို ပို့တာလည်း ဖြစ်နိုင်တယ်။ တခုခုပဲ” ဟု ၎င်းလူငယ်ကဆိုသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများသည် လိုင်စင်မဲ့ယာဉ်များကိုဖမ်းဆီးနေချိန် ၎င်ကိုယ်တိုင်က လိုင်စင်မဲ့ယာဉ်များကို တင်သွင်းနေသည်။

တဖက်တွင်လည်း မြန်မာပြည်တဝှမ်းနည်းတူ သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲတွင် စက်သုံးဆီ ဝယ်ယူသုံးစွဲရန်ခက်ခဲပြီး လျှပ်စစ်ဆိုင်ကယ်များကို ပိုသုံးနေကြသည်။

လက်ရှိ စစ်ကောင်စီဘက်မှ မူဆယ်မြို့ မြန်မာ-တရုတ်နယ်စပ် ဆင်ဖြူဂိတ်တွင် ဇန်နဝါရီ လဆန်းပိုင်းမှစတင်ကာ ပြည်သူများတပိုင်တနိုင် ကုန်ပစ္စည်းသယ်ယူခွင့်ကို ထပ်မံကန့်သတ်ထားပြီး၊ စစ်ကောင်စီ၏ ဌာနဆိုင်ရာကားများကိုသာ သယ်ခွင့်ပြုနေကြောင်းလည်း မူဆယ်ဒေသခံ ကုန်သည်အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ကုန်ပစ္စည်း ကုန်ခြောက်တွေကို သယ်ဖို့ အရမ်းခက်လာတယ်။ တပိုင်တနိုင် လုပ်နေတဲ့ ပြည်သူတွေ ကုန်ပစ္စည်းသယ်ပြီးထွက်လာတာ အရမ်းရစ်တယ်။ ကုန်စိမ်းတွေလောက်ပဲ သယ်ခွင့်ရတော့တယ်” ၎င်းက ပြောသည်။

အလားတူ မူဆယ်မြို့နယ်အတွင်း မီးဖိုချောင်သုံး အသီးအနှံများ၊ အသားနှင့် ငါးများကို ခွင့်ပြုမိန့်ရသည့် ကားနှင့် ဆိုင်ကယ်များသာ သယ်ယူနိုင်မည်ဖြစ်ပြီး အခြားလူသုံးကုန် ပစ္စည်းများကို တင်ဆောင်ခွင့် မပြုကြောင်း မြန်မာ-တရုတ် နယ်စပ်ဂိတ် ဆင်ဖြူစစ်ဆေးရေးဂိတ်မှ ထုတ်ပြန်ထားသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တရုတ်မယားအဖြစ် ရောင်းစားခံရမှုက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနေပြီ”

0
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုပုံစံသည် နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် တရားမဝင် ခိုးပေါက်များနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှည့်ဖြားသည့် နည်းလမ်းများ ပြောင်းလဲလာသည်။  အထူးသဖြင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် တရုတ်မယားအဖြစ်နှင့် ကလေးမွေးရန် ကုန်စည်သဖွယ် ထပ်ခါတလဲလဲ ရောင်းစားခံနေရသည့်အပြင် ပြည်တွင်းရှိ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...