“မယ်ဆိုင်ချောင်း”ရဲ့ အခြားတဖက်က ဘဝများ

လမ်းကျဉ်းကျဉ်းထဲတွင် ဖုန်တထောင်းထောင်း ထနေသည့်ကြား ကားများ၊ ဆိုင်ကယ်များ အပြိုင်အဆိုင် မောင်းနှင်းနေသည်။

ဝါးတပြန်စာ အကွာ တွင် ယူနီဖောင်း အဖြူဝတ်ထားသော မော်တော်ယာဉ်ထိန်းရဲနှစ်ဉီးဆီက လာသမျှ ကား၊ဆိုင်ကယ်များထံ စစ်ဆေးပြီး လက်ဖြန့်တောင်းနေသည်။

အနီးအနားတွင်လည်း ညစ်ပတ်သော အဝတ်အစားကို ဝတ်ဆင်တဲ့ အရွယ်ကောင်း အသက် ၄၀ ဝန်းကျင်ရှိ လူ၊ အသက် ဆယ်ကျော်သက်လူငယ် ကလေးငယ်ကလည်း မော်တော်ယာဉ်ထိန်းရဲနဲ့ အပြိုင် လက်ဖြန့်တောင်းရမ်းနေပါသည်။

“ဟင်း.. ဖုန်တွေချည်းပဲ၊ ကားလမ်းတွေကလည်း ကျဉ်း၊ ကားသမားတွေကလည်း စည်းကမ်းမရှိ မောင်းချင်သလို မောင်းနေကြတာ၊ လမ်းဘေးတွေမှာလည်း ကွမ်းတံတွေးတွေ အမှိုက်တွေချည်းပဲ” ဟု ကားထဲကနေ အသက် ၂၅နှစ်အရွယ် နန်းဉီး (အမည်လွှဲ) က တီးတိုးတဲ့ လေသံနဲ့ ပြောထွက်လာသည်။

ထိုနေရာသည် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ဖြစ်သည်။ တာချီလိတ်မြို့သည် စစ်အာဏာမသိမ်းခင်က စီးပွားရေးမြို့တော်ဖြစ်ပြီး၊ လူမျိုးပေါင်းစုံ ဒေသပေါင်းစုံက လာရောက်အလုပ်လုပ်သည့် ဒေသတစ်ခုလည်းဖြစ်သည်။

တာချီလိတ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျားဖြန့် ဟု လူသိများသည့် အွန်လိုင်းလောင်းကစားငွေလိမ်လည်သည့် လုပ်ငန်းကြီးထွားလာသည့်မြို့ဖြစ်သည်။

တာချီလိတ်မြို့ကို နန်းဉီး တစ်ယောက် တစ်ကြိမ်တခါမျှ ရောက်ရှိဖူးသူမဟုတ်သကဲ့သို့ မြန်မာ-ထိုင်းနယ်စပ်မြို့ ဖြစ်သည့်အလျောက် အလွန်စည်ကားပြီး ထိုင်းနိုင်ငံနည်းတူ လှပသန့်ရှင်းသောမြို့ဖြစ်မည်ဟု နန်းဉီးတစ်ယောက် တွေးတောခဲ့သည်။

သို့သော် တာချီလိတ်မြို့ကို စတင်ခြေချလိုက်သည့်အခါ “ ထင်ထားတာနဲ့ တခြားစီပဲ။ အစက အဲ့လောက်ထိ အခြေအနေဆိုးမယ်လို့မထင်ဘူး။ အခုတော့ စိတ်ပျက်စရာကြီး” ဟု နန်းဉီးက နှာခေါင်းရှုံ့ပြီး စိတ်ညစ်နေသည်။

ထို့အပြင် ယမန်နှစ် ၂၀၂၄ခုနစ် စက်တင်ဘာလအတွင်း မှာ သျှမ်းပြည်တဝှမ်း ရေကြီးမှုဒဏ်ကို အလူးအလိမ့်ခံခဲ့ရပြီး ထိုအထဲတွင် တာချီလိတ်မြို့လည်း ပါဝင်ခဲ့သည်။

တာချီလိတ်မြို့၏ ပတ်ပတ်လည်တွင် သယံဇာတ တူးဖော်မှုများကြောင့် မကြုံစဖူး ရေကြီးမှုဒဏ် ၁၀ကြိမ်ထက်မက ကြုံခဲ့ရပြီး၊ ရေကြီးမှုနောက်ဆက်တွဲဖြစ်သော ရွှံ့နွံ ဆယ်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းကိုလည်း သက်ဆိုင်ရာအာဏာပိုင်များက တာဝန်ယူဖြေရှင်းပေးမှုမရှိကြောင်း တာချီလိတ်မြို့ကို ရောက်သွားချိန် ထင်သာမြင်သာတွေ့ရသည်။

“မယ်ဆိုင်ဘက်တော့ အာဏာပိုင်တွေက ရွှံ့တွေနွံတွေ မရှိ ဖုန်မရှိ ရှင်းလင်းနေတာပဲ။ ဒီမြန်မာဘက်တော့ ဖုန်တလုံးလုံးပဲ။ ဘယ်သူမှလည်း တာဝန်မယူကြဘူး။ မရှင်းပေးဘူး။ ကိုယ့်အိမ်ရှေ့ကိုကိုယ်တိုင်ရှင်းရတာပေါ့” ဟု တာချီလိတ်ဒေသခံ လုံးစိုင်းတစ်(အမည်လွှဲ) ပြောပြသည်။

တာချီလိတ် ရေပြန်ကျသွားသည့်အခြေအနေ

တာချီလိတ်မြို့သည် လက်ရှိတွင် စစ်အာဏာသိမ်း စစ်ကောင်စီက အုပ်ချုပ်နေသည့်မြို့တစ်မြို့လည်းဖြစ်ပြီး၊ တာချီလိတ်မြို့တွင်းရှိ အစိုးရ ဌာနဆိုင်ရာများလည်း စစ်ကောင်စီ၏ လက်အောက်ခံတွင်သာရှိနေသည်။

ထို့ကြောင့် တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းနယ်စပ်ဂိတ်များတွင်လည်း စစ်ကောင်စီက ချုပ်ကိုင်ထားသည်။ ထိုနယ်စပ်ဂိတ်ကို ကြည့်မည်ဆိုလျှင် ထောင်ချီ လူဦးရေသည် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ နေ့စဉ်ဖြတ်သန်းသွားလာနေကြသည်။

ထိုနယ်စပ်ကို ဖြတ်သန်းချိန် ယာယီနိုင်ငံဖြတ်ကျော်ခွင့် တခါသုံးကတ် (၇ရက်ကတ်) ပြုလုပ်ရာတွင် လူမှုဝင်ကြီးကြပ်ရေး ဌာန (လဝက) ကို မြန်မာငွေ ကျပ် ၁ထောင်နှင့် ဘတ် ၂၀ (ကာလပေါက်စျေး မြန်မာငွေ ၂ထောင်ကျော်) ရှိပေးဆောင်ရသည်။

ထို့အပြင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်သွားသည့် သူများထံလည်း တစ်ဉီးလျှင် ဘတ်၁၀၀ ( ကာလပေါက်စျေး မြန်မာငွေ ကျပ် တစ်သောင်းကျော်) ပေးဆောင်ရသည်။

မယ်ဆိုင်သို့ဝင်ရန်အတွက် တခါသုံးကတ်ပြုလုပ်နေစဉ်

“အဲ့တခါသုံးကတ်နဲ့ ဝင်ထွက်တာ တရက်တရက် မနည်းဘူး။ တော်တော်များတယ်။ တိုးမပေါက်ဘူး။ တန်းစီတာလည်း ကောင်းကောင်းမစီဘူး။ တရက်တရက်ဝင်ငွေရတာတောင် ရေးကြီးပြီး ပြန်လည်ပြုပြင်ရေးဘာမှ မလုပ်ပေးဘူး” ဟု စိုင်းလုံးတစ်က ဆိုသည်။

တာချီလိတ်ဘက်ခြမ်းကနေ ထိုင်းနိုင်ငံမယ်ဆိုင်ဘက်သို့ တခါသုံးကတ်နှင့် ဖြတ်သန်းသွားချိန် စိစစ်မှုမရှိသော်လည်း ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ပြန်ဝင်လာသူများကို ပြစ်မှုကျူးလွန်သူကဲ့သို့ ဆက်ဆံပြီး ငွေညစ်တောင်းယူမှုများ၊ စစ်ဆေးမေးမြန်းမှုများလည်း ရှိသည်။

မြန်မာပြည်သို့ပြန်သည့်အခါ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ထုတ်ပေးသည့် စမတ်ကတ် စာရွက်မပါရှိလျှင် စစ်ဆေးမေးမြန်းမှုတင်းကြပ်နိုင်သည်။

“ မြန်မာပြည်ကို ပြန်ဝင်ရင်တော့ ထိုင်းကို ဘာကြောင့်အကြာကြီးနေတာလဲ၊ ဘာသွားလုပ်တာလဲ၊ စမတ်ကတ်ရှိလား၊ တရားခံစစ်သလိုစစ်တယ်” ဟု ကိုယ်တိုင်ကြုံတွေ့ရတဲ့ နန်းဉီးက ဆိုပြန်သည်။

တာချီလိတ်မြို့၏ နောက်ထပ်ထူးခြားမှုသည် စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးလုပ်ငန်း ကုမ္ပဏီကြီးများ မတွေ့ရသော်လည်း ဟိုတယ်အဆောက်အဉီးများ၊ ဆောက်လက်စ အဆောက်အဉီးများလည်း ဝေဝေဆာဆာရှိနေသည်။

“ ဒေသစုံကလူတွေကတော့ လာကြတယ်။ လူတွေကလည်းစုံတယ်။ အလုပ်ကတော့ မယ်မယ်ရရမရှိဘူး။ ဟိုတယ်တွေ ဆောက်လက်စတိုက်တွေ အိမ်ယာတွေကတော့ အများကြီးပဲ။ ဒီမှာဘာလုပ်ကြလဲမေးတော့ အွန်လိုင်းဂိမ်းလို့ပြောကြတယ်” ဟု နန်းဉီးက ကြုံတွေ့ခဲ့တာကို ပြန်ပြောပြပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းဖြစ်ပြီးနောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်ဘက်က ပြည်သူများသည် တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်လာကြပြီး၊ လူငယ်များသည် အွန်လိုင်းဂိမ်း၊ အွန်လိုင်းလောင်းကစား၊ နှင့် ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု)တွင် အဓိက လာရောက်လုပ်ကိုင်ကြကြောင်း လည်း တာချီလိတ်မြို့ခံ စိုင်းလုံးတစ်က လက်ရှိ အခြေအနေကိုပြောပြသည်။

“ ဒီမှာက အွန်လိုင်းလောင်းကစားတွေပဲ၊ စစ်ရှာင်လာတဲ့သူရော နောက်တရုတ်ဘက်ကနေ တရားမဝင်လာတဲ့သူတွေ အများကြီးရော၊ မြန်မာစကားမတက် ရှမ်းစကားမတက်တဲ့ တရုတ်တွေလည်း အများကြီးပဲ။ ဒါတွေက စစ်အာဏာသိမ်း ပြီးနောက်မှာ ပိုဆိုးလာတယ်” ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့ကို မသွားခင်တွင် သမိုင်းအကြောင်း၊ သတင်းဖြစ်ရပ်များကို ရှာကြည့်သည့်အခါ ကောင်းသတင်းထက် ဆိုးသတင်းများသာ ရှိပြီး၊ မကြာခဏ ဓားပြတိုက်မှု၊ပြန်ပေးဆွဲသတင်းများကြောင့် ရင်တထိတ်ထိတ်ဖြင့် သွားရကြောင်းလည်း နန်းဉီး က ပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့သည် မယ်ဆိုင်ချောင်းသာ ခြားနားပေမယ့် လူနေမှုဘဝ၊ တိုးတက်မှုများကတော့ မိုးနှင့် မြေကွာခြားမှုက သိသာထင်ရှားနေသည်။

မယ်ဆိုင်မြို့တွင် အင်တာနက်လိုင်းကို လွတ်လပ်စွာသုံးစွဲနိုင်သကဲ့သို့ မြန်မာပြည်ဘက်ခြမ်း တာချီလိတ်မြို့တွင် အင်တာနက်သုံးစွဲမှုတွင် လိုင်းမရကာ VPN သုံးစွဲလျှင်လည်း စစ်ဆေးပြီး ဖမ်းဆီးမှုများလည်း ရှိကြောင်း ဒေသခံများက ပြောပြသည်။

“လိုင်းမတက်ဘူးလို့ တွေးနေတာ VPN မှ မခံထားတာ၊ ဒီအချိန် VPN သုံးရင်လည်း အဖမ်းခံရမှာကြောက်ရသေးတယ်၊ စစ်မှာကြောက်လို့ အကုန်ဖျက်လာရတာ။ စိတ်ပျက်ဖို့ကောင်းတယ်” ဟု နန်းဉီးနှင့်အတူ တာချီလိတ်သို့ ခရီးသွားမိတ်ဆွေ တစ်ဦး က ညည်းထွားပြောဆိုသည်။

“မြန်မာနိုင်ငံက ကြာလေဆိုးလေပဲ၊ ပြည်ပမှာနေတဲ့သူတွေက မသိတာ ပြည်တွင်းမှာ စိတ်ဆင်းရဲစရာ အရမ်းကောင်းတယ် ဆိုတာ၊ ပြည်တွင်းလူတွေကတော့ နေ့တိုင်း ဒုက္ခတွေ့နေရမှာပဲ” ဟု ကားအတူစီးလာသည့် အမျိုးသားတစ်ဦးက စိတ်ပျက်ဟန်ဖြင့်ပြောသည်။

မယ်ဆိုင်ချောင်းသာခြားနားသော်လည်း လူနေမှုဘဝ၊ စိတ်လုံခြုံမှုဘဝများနှင့် နေထိုင်မှုများသည် အလွန်ပင် အလှမ်းဝေးကွာနေမှုကြောင့် “ အစစ အရာလွတ်မြောက်ပြီး၊ အရင်လို လွတ်လပ်မှုနဲ့ စိတ်လုံခြုံတဲ့ တိုင်းပြည်အမြန်ဖြစ်ဖို့ ” ဟု နန်းဉီးက ဆုတောင်းလိုက်သည်။

အလုပ်သင် သတင်းထောက် ယူဂျင်း နှင့် နန်းလရောင် ပူးပေါင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...