ခေတ်သစ်စစ်ပွဲများတွင် အင်အားသာလွန်မှုထက် နည်းပညာသာလွန်မှုကို အထူးအလေးပေးဆောင်ရွက်လာ ကြပြီဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၂ ရက်) တွင် ပြင်ဦးလွင်မြို့၌ ကျင်းပပြုလုပ်သော ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၂၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် အထက်ပါအတိုင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းက...
လွိုင်ကော်မြို့တွင် ပစ္စည်းပြန်သယ်သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး
SHAN -
ကယား( ကရင်နီ)ပြည်နယ် ၊လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်တွင် ပစ္စည်းပြန်သယ်ယူသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၂ ရက်)နေ့တွင် စစ်ကောင်စီမှ ဒေါဥခူရပ်ကွက်သို့ ပစ္စည်းပြန်သယ်ခွင့် ပြုသောကြောင့် ဒေသခံများ ပစ္စည်းဝင်ယူကြရာ သက်ကြီး အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း မြို့ခံ...
လားရှိုးမြို့ပေါ် ရပ်ကွက်အလိုက် လုံခြုံရေးအဖွဲ့ MNDAA ဖွဲ့စည်း
သျှမ်းပြည် လားရှိုးမြို့ပေါ် ရပ်ကွက်တိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားပေးပြီး ဖမ်းဆီးရမိသည့် ခိုးဆိုးလုနှိုက်နှင့် စစ်ကောင်စီသတင်းပေးများကို ပြစ်ဒဏ်ချမှတ်နေကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်တိုင်းတွင် ဒေသခံများ ပါဝင်သည့် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားပြီး...
တာချီလိတ်မြို့ ငွေလဲလှယ်လုပ်သည့် အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုမှ ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ ( ဒီဇင်ဘာလ ၁၃ ရက် ) မနက် ၆ နာရီဝန်းကျင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၊ အမှတ် ၂ ကမ္ဘောဇဘဏ်အရှေ့တွင်...
မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက...
UWSA ထိန်းချုပ်သည့် ဟိုပန်မြို့ အခွန်အခများလို့ ပြည်သူအခက်တွေ့၊ ဖောင်ဆိပ်တံတားနား ကုန်စည်ကန့်သတ်ထား
သျှမ်းပြည် ဟိုပန်မြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားစဉ် အခွန်အခ ကောက်ခံမှု ပိုမိုများပြားလာခြင်းကြောင့် ပြည်သူများ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းမှ စတင်ပြီး ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် ဆိုင်ခန်းခွန်၊ အမှိုက်ခွန်၊ လျှပ်စစ်မီတာခွန် အစရှိသည့် အခွန်အခ ကောက်ခံမှု...
ညောင်ရွှေရောက် စစ်ဘေးရှောင် (၈၀၀)ကျော် အမိုးအကာ၊စောင် နှင့် အနွေးအထည်များ လိုအပ်
သျှမ်းပြည် ညောင်ရွှေမြို့နယ်သို့ နှစ်လကျော်ကြာရောက်ရှိနေသည့် စစ်ဘေးရှောင် (၈၀၀)ကျော်သည် အမိုးအကာ၊စောင် နှင့် အနွေးအထည်များ လိုအပ် နေကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့တွင် နှစ်လကျော်ကြာ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၈၀၀ ကျော်သည် လက်ရှိချိန်ထိ အမိုးအကာ၊စောင် နှင့် အနွေးအထည်များ...
တောင်ကြီး လူငယ်ရှိ အိမ်တိုင်း စစ်ကောင်စီ ငွေ (၁)သိန်းကောက်
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ တွင် အသက် ၁၈ နှစ်မှအသက် ၃၅ နှစ်ကြား လူငယ်ရှိသည့် နေအိမ်ကို စစ်ကောင်စီမှ ကျပ်ငွေ တစ်သိန်း ကောက်ခံနေသည်ဟု မြို့ခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှ စပြီး စဝ်စံထွန်း ရပ်ကွက်၊ ရတနာသီရိ ရပ်ကွက်၊ ချမ်းမြ၊ ရွှေတောင်၊...
ဗန်းမော်မြို့ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက် နေအိမ်များမီးလောင်
ကချင်ပြည် ဗန်းမော်မြို့ကို စစ်ကောင်စီက နေ့စဉ် ရက်ဆက်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံနေအိမ်များလည်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၀) ရက် မနက်ပိုင်းတွင် ဗန်းမော်မြို့ နှစ်မိုင်ရပ်ကွက်၊လေယာဉ်ကွင်း အနီး တစ်ဝိုက်ကို စစ်ကောင်စီက လေကြာင်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး မြို့အတွင်း၌ မီးလောင်းမှုများဖြစ်ပွားခဲ့ကြောင်း ဗန်းမော်မြို့ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “နှစ်မိုင်ဘက်ရယ် မြို့ထဲက လေယာဉ်ကွင်းအနီးတွေမှာ တိုက်ပွဲတွေကြောင့် မီးလောင်းနေတာတော့...
လေကြောင်းတိုက်ခိုက်မှု စစ်ရာဇာဝတ်မှုမြောက်ကြောင်း မျက်ကွယ်ပြု အားပေးနေတဲ့ စစ်လော်ဘီအပေါင်းအပါများ
၂၀၂၄ စက်တင်ဘာ ၃ ရက်နေ့တွင် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ "လက်နက်ကိုင်အကြမ်းဖက်သူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် လိုအပ်သလို တုံ့ပြန်သွားမည်” ဟု ပြောဆိုခဲ့သည်။ မြောက်ပိုင်းမဟာမိတ် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ ဦးဆောင်ပြီး...





