Tuesday, April 23, 2024

CATEGORY

နိုင်ငံရေး

သျှမ်းတောင် ပြည်သူများ လုံခြုံရေး ကြောက်လန့်စွာနေထိုင်နေရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် အတွင်းရှိ ကျေးရွာဒေသခံ တစ်ချို့ မိမိလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ လွိုင်လင်ခရိုင်အတွင်းရှိ မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ်၊ လွိုင်လင်မြို့နယ်အတွင်းမှ ကျေးရွာဒေသခံများသည် မိမိလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ (၃) မြို့နယ် အတွင်းနေထိုင်သည့် ပြည်သူများက လက်နက်ကိုင်အုပ်စုများကို ကြောက်လန့်နေရပြီး...

ဖမ်းဆီးမှုမှ ပြန်လွတ်လာသည့် သျှမ်းနီ တာဝန်ခံလူငယ် လက်ရှိဆေးကုသမှုခံယူနေရ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့၏ ဖမ်းဆီးခေါ်ဆောင် သွားခြင်းကို ခံရသည့် သျှမ်းနီစာပေနှင့်ယဥ်ကျေးမှု တာဝန်ခံ စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်း ပြန်လည်လွတ်မြောက် လာပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင် ဖမ်းဆီးခေါ်ဆောင်...

SSPP/SSA ပြောရေးဆိုခွင့်ရှိသူတစ်ဦး ကွယ်လွန်

သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA မှ ပြောရေးဆိုခွင့်တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သွားကြောင်း သတင်းသိရသည်။ SSPP/SSA မှ ပြောရေးဆိုခွင့်တာဝန်ရှိ ဗိုလ်မှူးသန်းအောင်သည် ယမန်နေ့ (ဇွန် ၂၂)ရက် ညပိုင်းတွင် ဗဟိုဌာနချုပ်၌ ကွယ်လွန်သွားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းများမှ သိရသည်။ “ ဟုတ်ပါတယ်။ သူကွယ်လွန်သွားပြီ။ မနက်ဖန် သူ့ရုပ်အလောင်းကို...

PDF တပ်ဖွဲ့ဖမ်းဆီးခံထားသည့် သျှမ်းနီလူငယ် ပြန်လွတ်ပေးရန် သျှမ်းလူမှုအဖွဲ့အစည်းများ တောင်းဆို

စစ်ကိုင်းတိုင်း ဒေသကြီး ဗန်းမောက်မြို့နယ် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် သျှမ်းနီစာပေနှင့်ယဥ်ကျေးမှု ဖွံ့ဖြိုး တိုးတက်မှု တာဝန်ခံ စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်းကို ပြန်လွှတ်ပေးရန် သျှမ်းလူမှုအဖွဲ့အစည်းများ ထုတ်ပြန်တောင်းဆိုထားသည်။ ဗန်းမောက်မြို့နယ်မှ သျှမ်းနီစာ/ယဥ် တာဝန်ခံကို ပြီးခဲ့သည့် ဇွန် ၁၉...

နေရပ်ပြန်သည့် ရွာငံစစ်ရှောင်တချို့ အဆက်အသွယ်မရ ပျောက်ဆုံးနေမှုများရှိနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ နေရပ်ပြန် စစ်ရှောင်ပြည်သူတချို့ တပတ်ကြာသည့်အထိ အဆက်အသွယ်မရ ပျောက်ဆုံးမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ဒေသအတွင်း အာဏာသိမ်းစစ်ကောင်စီတို့၏ စစ်ဆင်ရေးအကြမ်းဖက်မှုများကြောင့် နေအိမ်များကိုစွန့်ခွာပြီး နီးစပ်သည့် မြို့ရွာများနှင့် တောတောင်များအထိ စစ်ဘေးတိမ်းရှောင်နေရသည့် စစ်ရှာင်များအနက် စားနပ်ရိက္ခာ ယူရန် နှင့် အခြေအနေသိရှိရန် နေရပ်ပြန်သူများသည် အဆက်အသွယ်မရပဲ...

ကျောက်မဲမြို့နယ် TNLA ခြိမ်းခြောက်မှုကြောင့် ထွက်ပြေးနေရသည့် စစ်ရှောင်များ စားဝတ်နေရေးခက်ခဲ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကောင်းမူးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များ တစ်ချို့ စားဝတ်နေရေးအတွက် ခက်ခဲနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ဇွန် ၁၇ ရက်က ထိုစစ်ရှောင်များကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမည်ဟုခြိမ်းခြောက်သောကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် သူများသာဖြစ်ကြောင်း ကောင်းကျေးရွာမှ စစ်ရှောင် အမျိုးသမီးတစ်ဦး က...

ဖယ်ခုံမြို့နယ်စစ်ကောင်စီ နှင့် PNO မှ စစ်ရှောင်နေအိမ်များထံ ပစ္စည်းဝင်ယူနေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ နှင့် ပအိုဝ်း ပြည်သူ့စစ် (PNO) တို့သည် စစ်ရှောင်ပြည်သူ နေအိမ်များထံ ပစ္စည်းဝင်ယူသွားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ နှင့် PNO တို့သည် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာ၊ ဆောင်နန်းခဲကျေးရွာ၊ လဟယ်ကျေးရွာ နှင့် မခေခမ်းကျေးရွာတွင် တပ်ဆွဲထားပြီး စစ်ရှောင်နေကြသည့် ပြည်သူများ၏...

သီပေါမြို့ မာရှယ်လောထုတ်ပြီးနောက် သေနတ်ပစ်သံများကြားရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သေနတ်ပစ်သည့်အသံ ကြားလာရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန် ၁၉ ရက် သီပေါမြို့ တောင်မြို့ရပ်ကွက်တွင် ည ၁၁ နာရီ၌ တဖက်ဖြသတ် သေနတ်ပစ်သံကြားရကြောင်း၊ လက်ရှိအချိန်ထိ လူထိခိုက်မှုရှိ၊ မရှိမသိသေးကြောင်း သီပေါမြို့ ဒေသခံအမျိုးသားတစ်ဦး က...

ဒေသလုံခြုံရေး အကြောင်းပြ စစ်ကောင်စီ အတွက် တပ်သားစုပေး

“PNO က စစ်သားကောက်မယ်ဆိုတဲ့ သတင်းကြောင့် ကျနော် အခု တောင်ကြီးမြို့ပေါ် ရှောင်လာတာ။ ကျနော့်သူငယ်ချင်းတွေလည်း ရွာထဲမှာ မရှိတော့ဘူး” အသက် ၂၂ အရွယ်ရှိ ပအိုဝ်းလူငယ် အမျိုးသားတစ်ဦးက လက်ရှိ အခြေအနေကို ပြောပြလာပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်လို့လည်းခေါ် ပအိုဝ်းပြည်သူ့စစ်လို့လည်း လူသိများတဲ့ (PNO) ဟာ တောင်ကြီးခရိုင်အတွင်းရှိ...

ကွတ်ခိုင်စစ်ရှောင်စခန်းထဲ လက်နက်ကြီးကျ သုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့က စစ်ရှောင်စခန်းကို လက်နက်ကြီးကျ ပေါက်ကွဲသည့်အတွက် စစ်ရှောင် ပြည်သူသုံးဦး သေဆုံးခဲ့ရပြီး တစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန် ၁၇ )ရက် နံနက် ၁၁ နာရီခွဲ ဝန်းကျင်တွင် ကွတ်ခိုင်မြို့အနီးပတ်ဝန်းကျင်မှ ပစ်ခတ်သံ များ ထွက်ပေါ်လာပြီးနောက်တွင် ဇွပ်အောင်စစ်ရှောင်စခန်းသို့ လက်နက်ကြီးကျရောက်ခဲ့ကြောင်း...

Latest news