မန့်ဝိန်းကြီးဒေသကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသ အတွင်းရှိ ကျေးရွာကို စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီ ၂၃ ရက်) ညသန်းခေါင်ယံ ၁၁ နာရီခွဲခန့်တွင် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲသည့် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသ မန့်ပန်ကောင်းမူးကျေးရွာ (ဝၢၼ်ႈပၢင်ႇၵွင်းမူး) သည် စစ်ကောင်စီ၏ တပ်အဟောင်း တည်နေရာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထားသည့် နေရာ တစ်ခုလည်း ဖြစ်ကြောင်း စစ်ရေး သတင်းမြစ်တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဗုံးကြဲခံရတဲ့ နေရာက စစ်ကောင်စီရဲ့ တပ်စခန်းအဟောင်း၊ အခုက KIA က သိမ်းပိုက်ပြီး စစ်သင်တန်းတွေ ပေးနေတဲ့နေရာပါ။ ထိခိုက်မှုတော့မရှိဘူး။ ဗုံးက စခန်းကုန်း အဟောင်းပေါ် ချတာ” ဟု စစ်ရေး သတင်းရင်းမြစ် တစ်ဉီးက ဆိုသည်။

အဆိုပါ စစ်ကောင်စီ ကြဲချသည့် ဗုံးကြောင့် မန့်ဝိန်းကြီးရှိ နေအိမ်များ တုန်ခါသည်အထိ ပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ညအချိန်မတော် ဗုံးကြဲခြင်းသည် ၎င်းတို့ ဆုံးရှုံးသွားသည့် တပ်စခန်းကို ပြန်လည်ရလိုသည့် ဆန္ဒကြောင့် ပြုလုပ်ခြင်းသာဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပြောသည်။

စစ်ကောင်စီတပ်မှ ၎င်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ ဒေသခံ နေအိမ်များပါ တုန်ခါစေပြီး နမ့်ခမ်းမြို့တွင်လည်း စစ်ကောင်စီမှ ထပ်မံဗုံးကြဲ တိုက်ခိုက်မည်ကို စိုးရိမ်နေကြောင်း နမ့်ခမ်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

KIA

စစ်ကောင်စီ ဗုံးကြဲချသွားသည့် မန့်ပန်ကောင်းမူးရွာသည် နမ့်ခမ်းမြို့နှင့် ၁၃ မိုင် (တစ်နာရီဝန်းကျင်) လောက်သာ အကွာအဝေး ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“မနေ့ညသန်းခေါင်ယံအချိန် သူတို့ကြဲချတဲ့ ကျေးရွာနဲ့က ဘယ်လောက်မှ မဝေးဘူး ၁၃ မိုင်လောက်ပဲရှိတာ။ ကြည့်ရတာ သူတို့သုံးတဲ့ ဗုံးက တော်တော်ပြင်းပုံရတယ်။ ဒီထိတောင် နေအိမ်တွေပါ တုန်သွားတယ်ဆိုတော့။ ဒီဘက် ရောက်လာမှာကိုလည်း ကြောက်ရတယ် ဘာလို့ဆို နီးတယ်လေ”ဟု ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၁ ရက်) ညနေ ၄ နာရီ ဝန်းကျင်အချိန်တွင် မံစီမြို့နယ် မန်တာကျေးရွာတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

မံစီမြို့နယ် မန့်ဝိန်းကြီးဒေသ အတွင်းရှိ တပ်စခန်း၊ ရဲစခန်းနှင့် စုပေါင်းဂိတ်များကို KIA က ယမန်နှစ် ဇန်နဝါရီ လနှောင်းပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်။

“စစ်ကောင်စီက သူတို့ အမြဲတမ်းလုပ်နေကြ သူတို့ရှုံးရင် လေကြောင်းနဲ့ဗုံးကြဲတာ လူထုကို ဉီးတည်ပြီးတိုက်တာပဲ၊ အခု မန့်ဝိန်းကြီးက နမ့်ခမ်းနဲ့နီးတော့ နမ့်ခမ်းကို လည်း ဗုံးထပ်ကြဲလာမှာ စိုးရိမ်ရတာ။ TNLA နဲ့ကလည်း ဆွေးနွေးတာ အဆင်မပြေတော့ လူထုက အလိုလို ကြောက်နေရတယ်” ဟု နမ့်ခမ်း ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယခုရက်ပိုင်းအတွင်း သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း ပြည်သူများရှိရာ အရပ်များကို စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းအပါအဝင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ရပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူလည်း ထပ်မံတိုးလာနေကြောင်း မန့်ဝိန်းဒေသခံများက ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ် KIA မှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ပြီး ၂ လကျော်အတွင်း ဗန်းမော်မြို့၏ မြို့စောင့်တပ်များဖြစ်သည့် အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်း၊ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း၊ ခြေလျင်တပ်ရင်း ခလရ ၂၃၅ နှင့် အမှတ် ၃၆၆ အမြောက်တပ်ရင်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ အဆိုပါ လက်လွတ်လိုက်ရသည့် မံစီမြို့နှင့် ဗန်းမော်မြို့ရှိ တပ်စခန်းများကို ပြန်လည် ထိန်းချုပ်ရန် အပြင်းအထန် ပြန်လည် ထိုးစစ်ဆင်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...