ချင်းမိုင်ရှိ စားသောက်ဆိုင်နှင့် ကာရာအိုကေဆိုင်များကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စစ်ဆေး ဖမ်းဆီးနေ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့အတွင်း ရွှေ့ပြောင်းအလုပ်သမားများ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်၊ ကာရာအိုကေဆိုင်များကို ထိုင်းရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ၈ ဦး ဖမ်းဆီးခံရကြောင်း သတင်းသိရသည်။

ချင်းမိုင်မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများမှ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်နှင့် တွဲဖွင့်ထားသော ကာရာအိုကေ ဆိုင်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက် ညအချိန်တွင် ဝင်ရောက်စစ်‌ဆေးခဲ့ရာ အလုပ်ရှင် ၂ ဦး နှင့် ရွှေ့ပြောင်း အလုပ်သမား ၆ ဦး ဖမ်းဆီးခံခဲ့‌ရကြောင်း အသက် (၄၀) ဝန်းကျင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ချင်းမိုင် ရှိနေအိမ်ထဲ ဝင်စစ်ဆေးဖမ်းဆီးနေစဉ်

“အဲ့ဆိုင်ကို ဝင်စစ်တော့ ဆိုင်ရှင် ၂ ယောက်နဲ့ ရွှေ့ပြောင်းအလုပ်သမား ၆ ယောက် ဖမ်းခံရတာ၊ ၅ ယောက် အထောက်အထား ရှိတယ်။ အလုပ်လုပ်တဲ့ကတ် (Work Permit) မှာ ဘယ်လို ပြဿနာရှိလဲ မသိဘူး၊ အဲ့တာ ဖမ်းသွားတာ။ နောက်တစ်ယောက်ကတော့ အထောက်အထား လုံးဝ ကို မရှိတာ။ ဖြေရှင်းလို့ အဆင်မပြေရင်တော့ ဆိုင်ပိတ်ခံရဖို့ များတယ်”ဟု ၎င်းရွှေ့ပြောင်း အလုပ်သမားက ပြောသည်။

ဖေဖော်ဝါရီလ ၁၈ ရက် ညပိုင်းတွင် ချင်းမိုင်မြို့တွင်းရှိ အခြားသော ကာရာအိုကေ ဆိုင်များကိုလည်း ထိုင်းရဲများက ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ချင်းမိုင်မြို့အတွင်းရှိ ညဘား (ဘီယာ၊အရက်) စားသောက်ဆိုင်များကို ထိုင်းရဲများက နေ့စဉ်နှင့်အမျှ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှု ပြုလုပ်နေပြီး၊ လာရောက်စားသုံးသူများကိုပါ အထောက်အထားများ စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသည့် ရွှေ့ပြောင်းအလုပ်သမား လူငယ်တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆိုင်မှာ ဘီယာ ထိုင်သောက်တာတောင် စစ်ဆေးခံရတယ်။ အဓိက အထောက်အထားတွေ စစ်တယ်။ သွားလေရာမှာ အထောက်အထားတွေ ပါဖို့ပါပဲ။ လူစုလူဝေး မလုပ်ဖို့လည်း လိုအပ်တယ်။ အခုတော့ ဆိုင်ထိုင်ရမှာ ကြောက်နေရတယ်”ဟု ၎င်းလူငယ်က ဆိုသည်။

ထို့ပြင် မြန်မာစားသောက်ဆိုင်များ၊ မြန်မာစားသုံးကုန် ပစ္စည်းများ ရောင်းချသည့် ဆိုင်များလည်း သတိထားရန် လိုအပ်ကြောင်း၊ ယမန်နေ့တွင်လည်း ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင် အတွင်း ရောင်းချနေသည့် မြန်မာစားသောက်ကုန်ဆိုင် တစ်ဆိုင်သည် FDA (ဆေးဝါးထောက်ခံချက်) မရှိမှုကြောင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“တကယ်တော့ တရုတ်ကျားဖြန့် ကိစ္စကနေ ဖြစ်လာတဲ့ အကျိုးဆက်ပါ။ ဒီတစ်ခါက မဲဆောက်နဲ့ ချင်းမိုင်ကို ဦးတည်ပြီး စစ်ဆေးဖမ်းဆီးတာ။ ကျနော်တို့ မြန်မာတွေက ကြားညှပ်တဲ့သဘော ဖြစ်သွားတယ်။ ဒီကာလမှာတော့ အနေအထိုင် အသွားအလာ ဆင်ခြေဖို့ လိုအပ်တယ်” ဟု ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ တစ်ဉီးက သုံးသပ်ပြောကြားသည်။

ချင်းမိုင် စားသောက်ဆိုင်တွင် ဝင်စစ်ဆေးဖမ်းဆီးနေစဉ်

ဆက်လက်ပြီး ယမန်နေ့ (ဖေဖော်ဝါရီလ ၂၀ ရက်)တွင်လည်း ချင်းမိုင်မြို့ရှိ အိမ်ယာအတွင်း နေအိမ်များကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ ‌ရွှေ့ပြောင်းအလုပ်သမား ၈ ဦးဖမ်းဆီးခံရပြီး ၎င်းတို့အထဲမှ ၆ ဦးကို မူးယစ်ဆေးဝါးနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပြန်သည်။

ယခုရက်ပိုင်းတွင် ထိုင်းနိုင်ငံတဝှမ်း စစ်ဆေးမှုတင်းကြပ်နေသည့်အတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အထောက်အထားရရှိရန် ကူညီ ဆောက်ရွက်ပေးသည့် ရုံးများ၊ စားသောက်ဆိုင်များ၊ ကာရာအိုကေဆိုင်များအပြင် နေအိမ်ထဲအထိ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခံနေရခြင်းကြောင့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများ အနေဖြင့် အသွားအလာ သတိရှိကြရန် လိုအပ်‌ပါသည်။

ထိုင်းနိုင်ငံတဝှမ်းရှိ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် အတွင်းမှ နေ၍ နိုင်ငံခြားသားများ၏ အပြုအမူများကို စောင့်ကြည့် ကြပ်မတ်ရန် ထိုင်းရဲချုပ် Kitrat Panphet က ဖေဖော်ဝါရီ ၁၇ ရက်တွင် အရေးပေါ် အမိန့် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားကတ် ကိုင်ဆောင်ထားသူများသည် နယ်မြေကျော်လွန်ပြီး ခရီးမသွားသင့်ကြောင်း၊ ခရီးသွားမည်ဆိုလျှင် သက်ဆိုင်ရာ နယ်မြေ အာဏာပိုင်များ၏ ခရီးသွားထောက်ခံချက်များ ရယူရန်၊ အိမ်ပြင်သို့ ထွက်လျှင်လည်း အထောက်အထားများကို တပါတည်း ယူဆောင်သွားရန်နှင့် ဆိုင်ကယ်မောင်းလျှင်လည်း ဦးထုပ်ဆောင်ရန် ယာဉ်မောင်းလိုင်စင် ပါရှိရန် လိုအပ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ဆန္ဒပြသူ ၂ဉီးဒဏ်ရာရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၆ ရက်) နံနက်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု သတ္တုတွင်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများက နယ်စပ်ဖြတ်ကျော်ကာ...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...

ချင်းမိုင်တွင် တရားမဝင် ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံသားများအတွက်သာ ဥပဒေအရ သီးသန့်ကန့်သတ်ထားသော ဧည့်လမ်းညွှန် (Guide) အလုပ်ကို လုပ်ပိုင်ခွင့်ကျော်လွန်ပြီး မြန်မာခရီးသွားများအား လိုက်လံပို့ဆောင်ကာ ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့သည် တိုင်ကြားချက်များရရှိပြီးနောက် သံသယရှိသူများနောက်သို့ ၂ ရက်ခန့် အနီးကပ်နောက်ယောင်ခံကာ သက်သေများကို စုဆောင်းခဲ့သည်။ ထို့နောက် ဒွိုင်ဆူတေ့ပ် ဘုရားပေါ်၌ မြန်မာခရီးသွားအဖွဲ့တစ်စုကို...

ထိုင်းမြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါး စီးဝင်မှု မြှင့်တက် ၊ ၂ ရက်အတွင်း စိတ်ကြွဆေး ၅ သန်းကျော် ဆက်တိုက် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်၊ ချင်းရိုင်မြို့လယ်ခေါင်နှင့် လန်ဖွန်မြို့နယ် တို့တွင် စိတ်ကြွဆေးပြား (ယာဘ) (၅ သန်းကျော်) ကို လမ်းဘေးစွန့်ပစ်ထားမှု၊ မီးပွိုင့်မိစဉ် စီးနင်းဖမ်းဆီးမှုနှင့် ကားဖြင့်တိုက်ပြေးမှု ဖြစ်စဉ်များမှ ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းများတွင် ဖော်ပြသည်။ ထိုင်းမြောက်ပိုင်း ကျေးရွာများမှတဆင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးများ အဆက်မပြတ်...

နေ့စားခ မလုံးလောက်သဖြင့် ချင်းမိုင်ကုန်တိုက်တွင် မုန့်ခိုးပြေးသည့် ရွှေ့ပြောင်းလူငယ် ၂ ဦးဖမ်းမိ

0
ချင်းမိုင်မြို့လယ်ခေါင်ရှိ Lotus’s Go Fresh စူပါမားကတ်တွင် မုန့်နှင့် ကုန်ပစ္စည်းအချို့ခိုးယူကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့သည့် သျှမ်း “တိုင်းယိုင်”လူငယ် ၃ ဦးအနက် ၂ ဦးကို ချင်းမိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) ညနေ ၄နာရီခွဲတွင် ချင်းမိုင်မြို့လယ်ရှိ...