နမ့်ခမ်းမြို့ နေရပ်မပြန်သည့် စစ်ရှောင်နေအိမ်များ ငှားရမ်း၊ ရရှိငွေများ TNLA ပြန်လည်ထူထောင်ရေးတွင်သုံးမည်ဟုဆို

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့ သို့ နေရပ်မပြန်လာသော စစ်ဘေးရှောင်များ၏နေအိမ်များကို ပြန်လည်ငှားရမ်းပြီး၊ ရရှိလာသော ငွေများကို TNLA က ပြန်လည်ထူထောင်ရေးတွင် အသုံးပြုမည်ဟု စုံစမ်းသိရသည်။

ပြီးခဲ့သည့် (ဇန်နဝါရီ ၇ ရက်)နေ့တွင် TNLA ၏ စစ်သားစုဆောင်းရေးရုံးမှ အစည်းအဝေး ပြုလုပ်ချိန်တွင် အိမ်ငှားရမ်းရငွေများကို ပြန်လည်ထူထောင်ရေးတွင် သုံးသွားမည်ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ TNLA ငှားရမ်းပေးသည့် နေရာတွင် တအာင်းလူမျိုးနေထိုင်သည့် ကျေးရွာနှင့် မြို့ပေါ်တွင်ရှိ တအာင်းလူမျိုး အနေထိုင်များသည့် ရပ်ကွက် များဖြစ်ပြီး တရုတ်လူမျိုးကို အများဆုံးငှားရမ်းပေးကြောင်း ၎င်းက ဆက်ပြောသည်။

နမ့်ခမ်းမြို့ပေါ်ရပ်ကွက်

” ငှားလို့ရတဲ့ ပိုက်ဆံက သူတို့ ပြန်လည်ထူထောင်ရေးမှာ အသုံးပြုဖို့ လုပ်တယ်ပြောတယ်။ အိမ်ရှင်ကိုတော့ မပေးဘူး။ တရုတ်ကို အများဆုံးငှားပေးတယ် ပြီးတော့ ဒေသခံ တရုတ်လည်း မဟုတ်ဘူး။ ခုဆိုရင် ကျားဖြန့်တွေလည်း အရမ်းများလာတယ် KTV လည်း ပိုများလာတယ်”ဟု ၎င်းက ပြောသည်။

၂၀၂၄ ခုနှစ် (ဇန်နဝါရီလ) နမ့်ခမ်းမြို့တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက်ပိုင်းတွင် ဒေသခံအများစု စစ်ရှောင်နေကြအချိန်တွင် ၎င်းနေအိမ်များကို TNLA မှ ပြန်ငှားရမ်းများ ပြုလုပ်လာခြင်းသည်(၁) နှစ် ကျော်ရှိလာပြီး ဖြစ်ကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် လူမနေသည့် နေအိမ်များသည် စစ်ဘေးရှောင်ကြသူများ၏နေအိမ်များ ဖြစ်ပြီး။ ယင်းနေအိမ်များကို ငှားရမ်းမည် ဆိုပါက ၁ နှစ်စာချုပ် (သို့မဟုတ်) ၆ လစာချုပ်တို့ဖြင့် ချုပ်ဆိုငှားရမ်းနိုင်ကြောင်း နေအိမ်အမျိုးအစားပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှု ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“တကယ်တမ်းကျတော့ အရင်နှစ်ကတည်းကပဲ ကျနော်တို့အိမ်ရှေ့ ဗုံးမကျခင် ဇန်နဝါရီလလောက်ကတည်းက TNLA က သူများတွေကို ငှားပေးတာ။ အရင်နှစ်လည်း သူတို့ပြောတယ် ပြန်လာမနေရင် သော့ချိတ်ပိတ်မယ် ပြောသေးတယ်။ တချို့ကလည်း ကြောက်လို့ ပြန်မလာရဲသေးတာ။ အချို့ဆို့ ငှားပြီး ဆိုင်ဖွင့်တာ ၁ နှစ်တောင်ကျော်လာပြီ”ဟု ၎င်းက ပြောသည်။

နမ့်ခမ်းမြို့

အချို့သော စစ်ဘေးရှောင်များဟာ ၎င်းတို့နေအိမ်ကို ပြန်လာနေရန် ပြောဆိုခဲ့သော်လည်း ထို့အိမ်တွင် ငှားထားသည့် ပြည်သူက ရှောင်ပေးခြင်းမရှိခြင်း၊ အထက်က ရုံးချုပ်ကို သွားရောက်ပြောဆိုခဲ့သော်လည်း မည်သူမှ တာဝန်ယူ ဆောင်ရွက်ပေးခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

နမ့်ခမ်းမြို့ လူမနေသည့် အိမ်များကို ဒေသခံ မဟုတ်သည့် အခြားသောမြို့က တရုတ်လူမျိုးများကို လက်ခံ ငှားရမ်းပေးခြင်း၊ တရုတ်များ လာရောက်နေထိုင်ပြီးနောက်တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူလည်း များပြားစွာ ဝင်လာနေကြောင်း ဒေသခံက ပြောသည်။

နမ့်ခမ်းမြို့တွင် ကချင်ပြည်နယ် ဗန်းမော်မြို့မှ ထွက်ပြေးလာသသည့် စစ်ရှောင်ဦးရေ (၂၀၀ ) ထပ်မနည်းရောက်ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...