လုံခြုံရေးကုမ္ပဏီထောင်ပြီး လက်နက်ကိုင်ဆောင်ခွင့်ရမည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

လူပုဂ္ဂိုလ်နှင့် ပစ္စည်းလုံခြုံရေးအတွက် တစ်ဦးချင်း လုံခြုံရေးကုမ္ပဏီ တည်ထောင်ပြီး လက်နက်ကိုင်ဆောင်ခွင့်ရမည့် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) တွင် ပြဋ္ဌာန်းလိုက်သည်။

ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုကို စစ်ကောင်စီ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အထောက်အကူပြုရန်၊ စစ်ကောင်စီ၏ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများပါ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က လက်မှတ်ရေးထိုးထားသည်။

“လုံခြုံရေးအဖွဲ့လို့ ပြောရင်တော့ သူ့ရဲ့ပုံစံက ပြည်သူ့စစ်နဲ့ ခပ်ဆင်ဆင်ပါ၊ နောက်တစ်ခုက သူဌေးတို့ လောပန်းတို့ဆိုရင် Security လုံခြုံရေး ဖွဲ့လို့ ရတယ် အဲ့လို။ သူတို့ပြောချင်တာ ငွေသုံးနိုင်တဲ့ လုပ်ငန်းရှင်တိုင်း သေနတ်ကိုင်လို့ ရတဲ့သဘောပါ”ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်လိုသူများ အနေဖြင့် ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီထံ လိုင်စင်လျှောက်ထားရမည်ဖြစ်ပြီး ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသည့် မြန်မာကုမ္ပဏီ သို့မဟုတ် နိုင်ငံခြားကုမ္ပဏီ ဖြစ်ရမည်ဟု ပါရှိသည်။

ထို့အပြင် လိုင်စင်ရရှိသည့် နိုင်ငံခြားကုမ္ပဏီ ဖြစ်ပါက ပုဂ္ဂလိကလုံခြုံရေး ဝန်ထမ်းခန့်ထားရာတွင် မြန်မာနိုင်ငံသား (၇၅) ရာခိုင်နှုန်း ခန့်ထားရမည်ဖြစ်ကြောင်း ပုဒ်မ (၁၇) တွင် ပြဋ္ဌာန်းထားသည်။

ကိုယ်ပိုင်လုပ်ငန်းအတွက် လုံခြုံရေးဝန်ထမ်း ခန့်ထားလိုသူများသည် စုစုပေါင်း (၁၀) ဦးထက် မပိုဘဲ သက်ဆိုင်ရာသို့ ခွင့်ပြုမိန့် ထပ်မံလျှောက်ထားရမည်ဖြစ်ပြီး အသက်(၁၈) နှစ် ပြည်ပြီးသူ၊ အလုပ်သမား မှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်သူ စသည့် ဝန်ထမ်း၏ ကိုယ်ရေးအချက်အလက် အပြည်အစုံကို စိစစ်မည်ဟု ဆိုသည်။

“အဓိက မြို့ကြီးမှာနေတဲ့ သူဌေးတွေပေါ့။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသဖြင့် ဒီဥပဒေကြောင့် လုံခြုံရေးလုပ်ဖို့ လူငှားတာတွေ အများကြီးဖြစ်လာမယ်။ ခရိုနီလို ငွေလျှံတဲ့ သူဌေးကြီးတွေ များတော့ သူတို့လုံခြုံရေးအတွက် ခေါ်သုံးကြလိမ့်မယ်”ဟု ၎င်းတက်ကြွလှုပ်ရှားသူ လူငယ်က ဆက်ပြောသည်။

လုံခြုံရေးဝန်ထမ်းအဖြစ် ခန့်အပ်ရန် ရွေးချယ်ခံရသူများသည် လိုင်စင်ရကုမ္ပဏီများမှ ဖွင့်လှစ်သည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ သင်တန်းသို့ တက်ရောက်ပြီး နိုင်ငံခြားသား ဖြစ်ပါက ပြည်ပနိုင်ငံတစ်ခုခု၏ လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်သူ ဖြစ်ရမည်ဟု ပြောဆိုထားသည်။

ကုမ္ပဏီတွင် လုပ်ကိုင်မည့် လုံခြုံရေးဝန်ထမ်းများ အနေဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ် စစ်ကောင်စီလက်အောက် အနီးဆုံး ရဲစခန်းသို့ မပျက်မကွက် သတင်းပို့ရမည်ဖြစ်ပြီး သတင်းမပို့ပါက ထောင်ဒဏ်ပါ ချမှတ်နိုင်ကြောင်း စစ်ကောင်စီက ပြဋ္ဌာန်းထားသည်။

၎င်းပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေထဲတွင် စစ်ကောင်စီ၏ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုခုက ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီကို အကြောင်းကြားပါက ငြင်းပယ်ခြင်း မပြုနိုင်ကြောင်း ပါရှိသည်။

အလားတူ လိုင်စင်ရရှိထားသည့် လုံခြုံရေးဝန်ဆောင်မှု ကုမ္ပဏီအနေဖြင့် လိုအပ်ချက်အရ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ တင်ပြရမည်ဖြစ်ပြီး တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဟု ဆိုသည်။

အဘက်ဘက်မှ စစ်ရှုံးနေသည့် စစ်ကောင်စီသည် နိုင်ငံတဝှမ်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ် မပေးနိုင်တော့ခြင်းကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းလုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ထူထောင်ရန်အတွက် တရုတ်နိုင်ငံက စစ်ကောင်စီကို အဆိုပြုထားပြီး စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် လုပ်ငန်းကော်မတီ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

စစ်ကောင်စီနှင့် တရုတ်အာဏာပိုင်များ ပူးပေါင်းတည်ထောင်ရန် ပြင်ဆင်နေသည့် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများကို ပိုးလမ်းမ စီမံကိန်းတစ်လျှောက်ရှိ တရုတ်စီမံကိန်းများအတွက် ကာကွယ်စောင့်ရှောက်ရန် အဓိကရည်ရွယ်သော်လည်း မြန်မာနိုင်ငံရှိ ၎င်းတရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများမှ စစ်ကောင်စီတပ်နှင့်အတူ တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ချေမှုန်းရာတွင် ပါဝင်လာနိုင်ကြောင်း မှန်းဆမှုများလည်း ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...