ညောင်‌ရွှေမြို့ရှိ စစ်ဘေးရှောင် ၃၀၀ အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင် (၃၀၀)ဝန်းကျင်အတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်း-ကရင်နီ နယ်စပ် တလျှောက်နှင့် ကရင်နီ (ကယား) ပြည်နယ်အတွင်း “ ၁၁.၁၁ စစ်ဆင်ရေး” ခေါင်းစဉ်ဖြင့် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများစွာ နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်ရသည်။

ညောင်ရွှေမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတို့တွင် လာရောက်တိမ်းရှောင်နေသည့် ကရင်နီစစ်ဘေးရှောင် ၃၀၀ ခန့်အတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကရင်နီက စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေက အရေးပေါ် လိုအပ်နေတဲ့ အခြေအနေ ရောက်နေတယ်။ ၃ လပိုင်းကုန် ထိတောင် မလောက်တော့ဘူး ခုက၊ တခြား အခက်အခဲတော့ ရှိတာပေါ့။ တစ်ရက်ကို ထမင်း ၂ နပ်ပဲ ကျွေးနိုင်တော့တယ်။ ဟင်း၂ ခွက် ထပ်လည်း မပိုတော့ဘူး။ အကုန်လုံးကတော့ စုပေါင်းပြီး စားနေတယ်”ဟု စစ်ဘေးရှောင် ကူညီနေသည့် အမျိုးသားတစ်ဉီးက ဆိုသည်။

ညောင်ရွှေမြို့နယ် စစ်ဘေးရှောင်များ

ညောင်ရွှေမြို့သို့ ရောက်ရှိနေသော ကရင်နီ စစ်ဘေးရှောင်များကို လာမည့် ၂၀၂၅ မတ်လအတွင်း နေရပ်ပြန်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ သတိပေး ပြောဆိုထားကြောင်း ၎င်း အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“သူတို့တွေ ပြန်ခိုင်းမယ်ဆိုရင် ပြန်ရဖို့ လူဦးရေက ၈ ‌ထောင် ဝန်းကျင်‌လောက်ရှိမယ်။ ၃ လပိုင်း အကုန်မှာတော့ နေရပ်ပြန်ဖို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဆီကနေတဆင့် အကြောင်းကြားမယ် လို့တော့ ပြောလာတယ်။ တချို့ဆို တွေးရခက်ပြီး အိပ်မပျော်တာတောင် ဖြစ်ကုန်ပြီ။ ပြန်ဖို့ လမ်းစရိတ်တွေက အခက်အခဲ ဖြစ်တယ်လေ”ဟု ၎င်းက ပြောသည်။

ညောင်ရွှေမြို့နယ် စစ်ဘေးရှောင်များ

လက်ရှိ ညောင်ရွှေမြို့နယ်အတွင်း စစ်ဘေးရှောင် တစ်သောင်း ဝန်းကျင်အထိ ကျန်ရှိနေပြီး ‌ညောင်ရွှေမြို့၏ နန်းသဲ၊ ရွှေချမ်းသာ၊ ရွှေရည်ကျ၊ ဘုရားကျိန်း၊ ရန်ကုန်ကျောင်း စသည့် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနှင့် ဆွေမျိုးအိမ်တို့တွင် နေထိုင်နေကြပြီး၊ စစ်ဘေးရှောင်စခန်း ၁၈ ခု ကျန်ရှိနေကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် မှော်ဘီကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလမှ စ၍ ယခု ဖေဖော်ဝါရီ လလယ်အထိ (၅) လကျော်ကြာ ဆန်၊ ဆီနှင့် ဆေးဝါးတို့အပြင် အိမ်သုံး စက်သုံးဆီပုံးများကိုပါ သယ်ဆောင်ခွင့်မပြုခြင်းကြောင့် စားနပ်ရိက္ခာ ခက်ခဲနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...