နောင်ချိုမြို့နယ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲ အမျိုးသမီး တစ်ဉီးသေဆုံး၊ ကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၀ ရက်) ည ၉ နာရီဝန်းကျင်အချိန်တွင် နောင်ချိုမြို့ရှိ လောက်ဖန်းကျေးရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ရာတွင် ဒေသခံ အသက်ကြီးသည့်အမျိုးသမီး တစ်ဉီး သဆုံးသွားပြီး၊ ကလေးငယ်အပါအဝင် ၄ ဦး ဒဏ်ရာရရှိနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညက ၈ နာရီကျော် ၉ နာရီဝန်းကျင်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၂ကြိမ် ထပ်မံလာကြဲတယ်။ လောက်ဖန်းရွာမှာ ချသွားတာ။ ဒေသခံ အဖွားတော့ သေသွားတယ် ဒဏ်ရာပြင်းထန်တော့ ကလေးလည်းအပါအဝင် ၄ ဦးဒဏ်ရာရထားတယ်” ဟု ၎င်းက ပြောသည်။

နောင်ချိုမြို့ လေကြောင်းဗုံးကြဲခံရသည့်နေအိမ်

ထို့အပြင် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၉ ရက်) နေ့ ညနေ(၈)နာရီကျော်အချိန်တွင် တိုက်ပွဲဖြစ်ပွား ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် တိုက်ခိုက်သောကြောင့် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ် ဗုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံ (၃)ဦး သေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု TNLAမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် တအာင်း(ပလောင်)အမျိုးသားတပ်မတော် (TNLA)တို့ ဆွေးနွေးမှု မအောင်မြင်မှုကြောင့် စစ်ကောင်စီမှ နောင်ချိုကို ဂျက်ဖိုက်တာဖြင့် ၂ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စုစုပေါင်း ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

နောင်ချိုမြို့ လေကြောင်းဗုံးကြဲခံရသည့်နေအိမ်

TNLA နှင့် စစ်ကောင်စီတို့ကြား ဆွေးနွေးပွဲတွင် နှစ်ဖက်အပြန်အလှန်တောင်းဆိုမှုများပြုလုပ်ခဲ့ပြီး ဆွေးနွေးညှိနိူင်းရန်ခက်ခဲသောကြောင့် ဖေဖော်ဝါရီလ (၁၇)ရက် ညနေပိုင်းတွင် တွေ့ဆုံပွဲ ရပ်ဆိုင်းခဲ့ရသည်။

စစ်ကောင်စီနှင့် TNLAတို့သည့် “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း ၂၀၁၄ခုနစ် အောက်တိုဘာလမှစတင်ကာ ထိတွေ့တိုက်ပွဲမဖြစ်ပွားခဲ့ဘဲ စစ်ကောင်စီဘက်မှ တဖက်သတ် လက်နက်ကြီးလက်နက်ငယ်နှင့် လေကြောင်းထိုစစ်ဆင်မှုသာ ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...