Wednesday, May 8, 2024

CATEGORY

သတင်း

အာဏာသိမ်းခေါင်းဆောင် တက်ရောက်ခဲ့သည့် အင်းလေးဖောင်တော်ဦးဘုရားပွဲတွင် စည်တော်တီးရာမှစည်ပေါက်ထွက်

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်ဇနီးဖြစ်သူတို့ တက်ရောက်ခဲ့သည့် အင်းလေးဖောင်တော်ဦးဘုရားပွဲတွင် စည်တော်တီးရာမှ စည်ပေါက်ထွက်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ ယခုလ (အောက်တိုဘာ ၂၁)ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်ဇနီးတို့ ဖောင်းတော်ဦးဘုရားပွဲတက်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၉ရက်တွင် အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ အပူဇော်ခံချိန် ဟဲဟာရွာမမှ ငါးဖယ်ချောင်းသို့ ကြွချီစဉ် ငါးဖယ်ချောင်းတွင် စည်တော်တီးကြရာ၌ စည်တော်ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။ ယခုလို...

မိုးကုတ်နှင့်နမ့်ခမ်းမြို့နယ် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်၊ စကစဘက် ထိခိုက်ကျဆုံးမှုများ

မိုးကုတ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် တအာင်း (ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများပြီး၊ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိကြောင်း TNLA က ထုတ်ပြန်ကြေညာခဲ့သည်။ ယမန်နေ့ (အောက်တိုဘာ ၂၁)ရက် နံနက် ၁၀နာရီဝန်းကျင်တွင် နမ့်ခမ်းမြို့နယ်အတွင်း စယ်နေ နှင့် ဖာပြန်ရွာအကြား TNLA တပ်ကို...

ခရိုင် ရဲမှူးလိုက်ပါလာသည့် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ ၃ ဦးသေဆုံး။ ၂ ဦးဒဏ်ရာရ

တောင်ကြီးခရိုင် ရဲမှူးလိုက်ပါလာသည့် စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး(DPLF)ထံမှ စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၁) ရက် နံနက် ၈ နာရီအချိန်တွင် ရွာငံမြို့နယ် ယုံဗွေကွမ်းသီးခြံတဝိုက် စခန်းချပြီး ပြန်လာသည့် စစ်ကောင်စီယာဥ်တန်းအား ရေဦးလမ်းမကြီး‌ပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား...

ပခုက္ကူ-မန္တလေး-ပြင်ဦးလွင် ခရီးသည်တင်ယာဥ် ချောက်ထဲထိုးကျ ၉ဦးဒဏ်ရာရ။

မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းတွင် ခရီးသည်တင် အန်စာတုံးအမျိုးအစားယာဉ်တစ်စီးသည် ယနေ့ (အောက်တိုဘာ ၂၂)ရက် နံနက် အစောပိုင်းတွင် ချောက်ထဲထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၂) ရက် နံနက်အစောပိုင်း ၂နာရီဝန်းကျင် တွင် မန္တလေး-ပြင်ဦးလွင်လမ်းပေါ် မိုင်တိုင်အမှတ်(၁၈/၁) အနီး၌ ပခုက္ကူ-မန္တလေး-ပြင်ဦးလွင် ပြေးဆွဲ‌နေသည့် ခရီးသည်တင်ယာဉ် အန်စာတုံးအမျိုးအစား...

အင်းလေးဖောင်တော်ဦးဘုရားပွဲသို့ အာဏာသိမ်းခေါင်းဆောင်နှင့် ဇနီးလာမည်ဟု သိရ

အင်းလေးဖောင်တော်ဦး ဘုရားပွဲသို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင် ဇနီးဖြစ်သူတို့လာရောက် ဖူးမျော်မည် ဖြစ်ကြောင်း ဒေသခံများထံ သတင်းရရှိသည်။ ယခုလ အောက်တိုဘာ ၁၅ရက် မှစတင်ကာ အောက်တိုဘာ ၂၁ဌာနများသို့ ဒေသစာရီကြွချီ အပူဇော်ခံလျက်ရှိသော ဖောင်တော်ဦး ဘုရားသည် လင်းကင်းမှ မြို့တော်ညောင်ရွှေသို့ ရောက်ရှိမည့်အချိန်တွင် စစ်ခေါင်းဆောင်နှင့်...

မြန်မာ့နွေဦးတော်လှန်ရေးတွင် “ဖိုဝါဒ လွှမ်းမိုးသော စကားဝိုင်း” များက အဟန့်အတားဖြစ်စေ

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ချီတက်သွားမည်ဟု ကမ္ဘာသိ ကြွေးကြော်နေသော မြန်မာ့နွေဦးတော်လှန်ရေးတွင် ဖိုဝါဒလွှမ်းမိုးသော စကားဝိုင်းများက အဟန့်အတားဖြစ်စေသည့်အတွက် ဝေဖန်ထောက်ပြရန် လိုကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့က ပြောကြားလိုက်သည်။ “ဖိုဝါဒကြီးစိုးတဲ့ စကားဝိုင်းတွေ ဒီလိုထပ်ပြီးတော့ ရှိနေတယ်ဆိုရင် အနာဂတ်မှာ သွားချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၊ ငြိမ်းချမ်းစွာ...

ဗန်းမော်မြို့ အောင်သီရိ ရွှေဆိုင် ဓားပြတိုက်ခံရ

ကချင်ပြည် ဗန်းမော်မြို့ အရှေ့ညောင်ပင်ရပ်ကွက်ရှိ အောင်သီရိ ရွှေဆိုင်အား ဆိုင်ကယ်နှင့်လာသည့် အမျိုးသား ၆ ဦးမှ ဓားပြတိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၀ ရက် နံနက် ၉နာရီဝန်းကျင်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ထားသော အမျိုးသား ၆ဦးသည် အောင်သီရိ ‌စိန်ရွှေရတနာရောင်းဝယ်ရေး ဆိုင်တွင်းသို့...

“ဝ”ဒေသဘက်မှ ပြေးလာသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း မိုင်းရယ်ထိရောက်ရှိနေ

သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း “ ဝ “ ဒေသမှထွက်ပြေးလာသည့် တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်း အဖွဲ့ဝင် အများအပြား ရောက်ရှိနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ လဆန်းပိုင်းမှစပြီး “ ဝ “ ဒေသရှိ ပန်ဆိုင်းမြို့မှ ထွက်ပြေးလာသော တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းအဖွဲ့ဝင် စုစုပေါင်း လူဦးရေ...

တန်ဆောင်တိုင်မီးပုံပျံပွဲတော် ဝင်ရောက်ယှဥ်ပြိုင်မည့်သူ နည်းပါး

စစ်ကောင်စီဦးစီးပြီး ပြုလုပ်ကျင်းပသော တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို အချို့သော မီးပုံးပျံပြိုင်ပွဲ ဝင်များက ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက် မှ နိုဝင်ဘာ ၂၇ရက်ထိ ၇ ရက်ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သျှမ်းပြည် တောင်ပိုင်း ရိုးရာမီးပုံးပျံအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၁၉ခုနစ်...

မူဆယ်မြို့နယ် စစ်ကောင်စီစခန်းတခုကို KIA နှင့် MNDAA ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်

သျှမ်းပြည် မူဆယ်မြို့နယ် မိုင်းယနှင့် မုံးပေါ် ကြားရှိ စစ်ကောင်စီစခန်းတခုကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၉) ရက် နံနက်အစောပိုင်း အချိန်မှစပြီး မိုင်းယ နှင့် မုံးပေါ်ကြားရှိ...

Latest news