လွိုင်ကော် နေရပ်ပြန်သူများ စစ်ကောင်စီကို မိုင်းရှင်းခ ကျပ်တစ်သိန်းပေးရ

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များက မိုင်းရှင်းခအဖြစ် ငွေကျပ်တစ်သိန်းကို စစ်ကောင်စီထံ ပေးနေရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် လွိုင်ကော်မြို့တွင် ယခင်က တိုက်ပွဲများကြောင့် ဒေသခံများ မြို့လုံးကျွတ်ထွက်ပြေးခဲ့ရပြီး ယခု ဇူလိုင်လမှစ၍ ပန်ကန်းရပ်ကွက်၊ ချိကယ်ရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်နှင့် ဒေါဥခူရပ်ကွက် တို့တွင် စစ်ဘေးရှောင်များကို ပြန်လည်နေထိုင်ခွင့် ပြုလာကြောင်း မြို့ခံများထံမှ သိရသည်။

ထိုသို့ နေရပ်ပြန်လာသော စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်သားများက အိမ်ဝိုင်းထဲတွင် မိုင်းရှင်းပေးမည်ဟုဆိုကာ မိုင်းရှင်းခ တောင်းခံနေကြောင်း အသက် ၄၀ ဝန်းကျင် မြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အိမ်တွေမှာ မိုင်းထောင်ထားတာတွေ ရှိတယ်ပြောတယ်၊ ပြန်လာတော့ ချက်ချင်း မနေရဲသေးဘူး။ စစ်တပ်က မိုင်းရှင်းပေးခ ငွေတစ်သိန်းတောင်းတယ်၊ သူတို့က ခြံဝန်းလောက်ပဲ ရှင်းသွားပေးတာ။ ဘယ်လိုရှင်းတာလဲတော့ မသိဘူး၊ မြက်တွေ ပေါင်းပင်တွေတော့ စက်နဲ့ ရိတ်သွားပေးတာပဲ။ မနေရဲ နေရဲနဲ့ နေနေရတာပေါ့ သွားစရာမှ မရှိတာ”ဟု အဆိုပါ လွိုင်ကော်မြို့ခံ အမျိုးသမီးက ပြောသည်။

မိမိနေအိမ်သို့ ပြန်လာသော စစ်ရှောင်များသည် နေအိမ်တွင် ပစ္စည်းများ အခိုးခံထားရပြီး ပြတင်းပေါက်နှင့် တံခါးပေါက်များပါ အခိုးခံထားရသောကြောင့် နေအိမ်ပြန်လည်ပြင်ဆင်ရန် ရုန်းကန်ရတော့မည်ဖြစ်ကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

“ဒုက္ခတွေနဲ့ ပြေးပြီး ဒုက္ခတွေနဲ့ ပြန်လာရတာပါဆို၊ အိမ်မှာက ဘာမှမကျန်တော့ဘူး။ အိမ်ဆို အခွံပဲ ကျန်တာ အကုန်အခိုးခံထားရတာ။ ပြတင်းပေါက် တံခါးပေါက်တွေတောင် အကုန်ဖြုတ်ခိုးသွားတာ။ စားဖို့တောင် အနိုင်နိုင် မိုင်းရှင်းခပေးရ၊ အိမ်ကိုလည်း ပြန်ပြင်ဖို့လိုနဲ့ အရမ်း ဒုက္ခများတယ်”ဟု အသက် ၄၀ ဝန်းကျင် အဆိုပါ အမျိုးသမီးက ထပ်လောင်းပြောသည်။

ထိုသို့ နေရပ်ပြန် နေထိုင်ကြခြင်းကြောင့် ရပ်ကွက်အတွင်း ပြန်လည်စည်ကားလာသော်လည်း လက်နက်ကြီး ပစ်ခတ်သံ ကြားနေရသောကြောင့် ကြောက်စိတ်ဖြင့် နေထိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်လက်ပြီး လွိုင်ကော်မြို့တွင် ကုန်ဈေးနှုန်းများ မြင့်တက်နေကာ ကြက်ဥ တစ်လုံးလျှင် ကျပ်(၅၀၀)၊ ဆန်ကြမ်းတစ်အိမ်လျှင် ငွေကျပ်(၇)သောင်း မှ ကျပ်တစ်သိန်းအထိ ရှိနေပြီး ယခင်က ဝမ်းတီးနို့ဆီ တစ်ထုပ်လျှင် ကျပ်(၅၀)သာ ရှိသော်လည်း ယခုတွင် ငွေကျပ်(၄၀၀)အထိ ရှိနေပြီဖြစ်ကြောင်း အသက် ၃၀ ဝန်းကျင် အမျိုးသမီးက ပြောသည်။

လွိုင်ကော်မြို့အတွင်း စစ်ဘေးရှောင်များ နေရပ်ပြန်လာနေကြသည်မှာ သုံးပုံ နှစ်ပုံခန့် ရှိပြီဖြစ်ပြီး အချို့သော စစ်ဘေးရှောင်များမှာ ကလေးများ ကျောင်းတက်နေသောကြောင့် မပြန်လာနိုင်ကြသေးကြောင်း သိရသည်။

“ပြန်ချင်တာပေါ့၊ ကလေးတွေကလည်း ကျောင်းမပြီးသေးတော့ မပြန်ရသေးဘူး။ ဒီနှစ်နွေရာသီတော့ ပြန်မယ်လုပ်ထားတယ်၊ မပြန်ရတာ ၂ နှစ် ရှိပြီလေ။ ကိုယ့်ရေကိုယ့်မြေဆိုတော့ ဘာနဲ့ပဲ စားရစားရ၊ ဘယ်လိုပဲ နေရ နေရ ပြန်ချင်ပြီ။ အိမ်ကို အရမ်းလွမ်းတာပဲ၊ အိမ်မှာတော့ ပစ္စည်းတွေတော့ မကျန်တော့ဘူးပေါ့”ဟု အဆိုပါ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လဆန်းပိုင်းတွင် စစ်ကောင်စီတပ်က လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး ယခုလက်ရှိ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီတပ်များက စစ်ဆေးရေးဂိတ်များ ချထားပြီး လုံခြုံရေးတင်းကြပ်ထားကြောင်း မြို့ခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...