ပင်လောင်း-လွိုင်ကော် လမ်းမကြီး ပြန်လည်ဖွင့်လှစ်ပြီးနောက် လိုင်းကားများ ပြန်လည်ပြေးဆွဲ

စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် တစ်နှစ်ကျော်ကြာ ပိတ်ထားသည့် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ပြီးနောက် လိုင်းကားများ ပြန်လည်ပြေးဆွဲနေကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၃ ရက်မှစတင်ပြီး ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်ကို ပြေးဆွဲနေသည့် လိုင်းကားများ ပြန်လည်ပြေးဆွဲနေပြီဟု လိုင်းကားပြေးဆွဲနေသည့် ပင်လောင်းမြို့ဒေသခံ ကိုကျော် (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လိုင်းကားတွေတော့ အခုပုံမှန်သွားလာလို့ရပြီ၊ ဒါပေမယ့် သူတို့ (စစ်ကောင်စီ)တွေ ဂိတ်တွေအများကြီး ချထားတယ်။ ဂိတ်တွေက တော်တော်လေး စိပ်တယ်၊ ၁၀ ခုထက်မနည်းဘူး” ဟု ကိုကျော်က ပြောသည်။

အဆိုပါ လမ်းမကြီးသည် “၁၁၁၁ စစ်ဆင်ရေး” တိုက်ပွဲများ စတင်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ပိတ်ထားခဲ့ကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီသည် ကရင်နီ (ကယား) ပြည်အတွင်း ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းအတွက် အဓိကအရေးပါသော ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ရန် ယခုနှစ်ဦးပိုင်းမှစ၍ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ထိုးစစ်ဆင်ခဲ့ပြီးနောက် ဇူလိုင် ၁၁ ရက်တွင် အဆိုပါလမ်းမကြီးကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

“လမ်းက အခုမှပြန်ဖွင့်တာဆိုတော့ ခရီးသည်ကတော့ ရှားတယ်။ အရင်တုန်းက သွားရတဲ့ ဆီဆိုင်-လွိုင်ကော်ဘက်လမ်းထက် ဆိုင်ရင်တော့ အခုလမ်းက ပိုအဆင်ပြေတယ်။ ဒါပေမယ့် ဂိတ်တွေအများကြီး ချထားတော့ ဂိတ်ကြေးပေးရမှာရယ်၊ တိုက်ပွဲတွေ ပြန်မဖြစ်ရယ်ပဲ အရေးကြီးတယ်” ဟု ကိုကျော် (အမည်လွှဲ) က ထပ်လောင်းပြောသည်။

အဆိုပါ လမ်းမကြီး အခြေအနေနှင့် ပတ်သက်၍ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ တာအယ်စိုးကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထားသည့် သျှမ်းပြည် မိုးဗြဲမြို့ကို ဇူလိုင်လဆန်းတွင် စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ယခုရက်ပိုင်း၌ ဖယ်ခုံအရှေ့ဖက်ကမ်းကို စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...