Tuesday, January 27, 2026

ရွာငံ-အောင်ပန်း ကားလမ်း ပြတ်တောက်ပျက်စီး

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံ-အောင်ပန်း ကားလမ်းမကြီး သည် မိုးသည်ထန်ရွာသွန်းမှုကြောင့် ပြတ်တောက်ပျက်စီးသွားပြီး ယာဉ်ငယ်များသာ သွားလာနိုင်သေးကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၈)ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွာငံမြို့ တောင်ဘက် မြိုင်ကျေးရွာအနီး ရှိ ရွာငံ-အောင်ပန်း ကားလမ်းမသည် ရေတိုက်စားမှုကြောင့် ပြတ်တောက်ပျက်စီးသွားပြီး ယာဉ်ငယ်များသာ ဖြတ်သန်းသွားလာလို့ ရသေးကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လမ်းသည် ဟန်မြင့်မိုရ်-ရွာငံ-အောင်ပန်းသို့ ကုန်ကူးသန်းသွားရသည့် အဓိကလမ်းပိုင်းဖြစ်ပြီး ယခုကဲ့သို့ ပျက်စီးသွားသောကြောင့် ကုန်သွယ်ရေးများနှောင့်နှေးပြီး သွားလာရခက်ခဲနေကြောင်း မြိုင်ကျေးရွာ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

“မနှစ်ကဆို ရေကျော်ရုံပဲဆိုတော့ ဘာမဖြစ်ဘူး။ ဒီနှစ်က လမ်းက အရမ်းပျက်စီးသွားတာ။ လမ်းက ရေမြောင်းလို့ ဖြစ်သွားတာ။ဒီလမ်းကနေပဲ ကုန်စိမ်းတွေပို့ဆောင်နေရတာ တစ်ခုခုဆို ဒီလမ်းပဲ သုံးနေရတာ။အောင်ပန်းတို့ ဟန်မြင့်မိုရ် သွားဖို့ ဒီတစ်လမ်းပဲ ရှိတယ်။ မြေတွေဖို့ ပြီး ယာဉ်ငယ်တွေပဲ ဖြတ်လို့ရသေးတယ်။”ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

ထိုသို့ ရေကြီးရေလျှံသောကြောင့် မြိုင်ကျေးရွာအနီးရှိ လိမ္မော်စိုက်ခင်းများ ၊စပါးခင်းများနှင့် မုန်ညင်းခင်းများ ပျက်စီးသွားကြောင်း ၎င်းကဆက်ပြောသည်။

ရွာငံ-အောင်ပန်းကားလမ်းတွင် မင်းတိုင်ပင်ဆည် တစ်ခုရှိပြီး အဆိုပါ ဆည် ကျိုးသွားသောကြောင့် ငုတ်ချောင်းလမ်း၌ ရေကြီးရေလျှံမှုများ ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“လမ်းမှာရေကျော်နေတော့ မနှစ်ကလိုပဲ ရေကျသွားမယ်ထင်တာ ရေတော့ကျသွားပေမဲ့ လမ်းကပျက်စီးသွားပြီ။ အောင်ပန်းသွားပို့မဲ့ ကုန်စိမ်းတွေလည်း ခုထိမပို့ရသေးဘူး။ မိုးရာသီမို့တော်သေးတယ်။ နွေဆို ပုတ်ကုန်မှာ လမ်းမြန်မြန် ပြင်နိုင်မှရမှာ။ မဟုတ်ရင် ဘာလုပ်စားရမှန်းမသိဘူး။” ဟု ကုန်စိမ်းတင်ယာဉ်မောင်းသည့် အသက် ၄၀ ဝန်းကျင် ရှိ အမျိုးသားတစ်ဦးက ပြောသည်။


ဆက်လက်ပြီး ပင်းတယတွင်လည်း ရွှေဥမင်ဘုရား ရေထွက်ကြောင့် ရပ်ကွက်တစ်ချို့ ရေဝင်နေပြီး ပြည်သူများ နေထိုင်ဖို့ အခက်ခဲရှိနေကြောင်း သိရသည်။

“မနေ့က ရွှေဥမင် ဘုရားနားက မြေအောက်ရေထွက်လာပြီး ပြည်တော်သာ ရပ်ကွက်က အိမ်တစ်ချို့ ရေဝင်ကုန်တယ်။ မနှစ်ကထက် ပိုဆိုးတယ်။ကုန်းစောင်း ရွာမှာလည်း လူတေသေ သဘာဝက ဖောက်လွဲဖောက်ပြန်ဖြစ်နေတာ ထင်တယ်။”ဟု ပင်းတယ ဒေသခံ အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

ပင်းတယမြို့နယ် ပန်းစစ်ကျေးရွာ၊ ကြံခင်းမြောင် ကျေးရွာတွင်လည်း တောင်ကျရေကြောင့် မြေပြိုနေပြီး လမ်းများလည်း ပျက်စီးသွားသောကြောင့် ခြေလျင်သွားလာမှသာ ရတော့ကြောင်း ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်တွင် ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု၊ ကုန်းစောင်းကျေးရွာတွင် တောင်ကျရေကြောင့် လူ (၈)ဦးသေဆုံးပြီး နေအိမ် ၅၀ ကျော်ပျက်စီးသွားခဲ့ပြီး ဒေသခံ ၆၀၀ ရေဘေးရှောင်နေရကြောင်း သိရသည်။

ယခုလက်ရှိတွင် ကလောမြို့ ၊အင်းလေးဒေသ ၊ညောင်ရွှေမြို့ ၊ အောင်ပန်းမြို့ ၊ပင်းတယ မြို့ ၊ရွာငံမြို့ နှင့် တာချီလိတ်မြို့ပေါ် တွင် ရေကြီးရေလျှံမှု ဖြစ်နေပြီး အကူအညီများစွာလိုအပ်နေကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင်လည်း သျှမ်းတောင်အပါဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့်သူ ထောင်နှင့်ချီရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ-အောင်ပန်း လမ်းမကြီးပေါ် ဓနု PDF မှ စစ်ကောင်စီထုတ်ကုန်များကို ရှောင်တခွင်စစ်ဆေး

0
သျှမ်းပြည် ရွာငံမြို့နယ် ရွာငံ-အောင်ပန်းလမ်းမကြီးပေါ်တွင် ဓနု ပြည်သူ့ကာကွယ်ရေးတပ်မတော် က စစ်ကောင်စီ ထုတ်ကုန် ရောင်းချမှု ရှိ၊ မရှိကို ရှောင်တခွင် ဝင်ရောက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၃)ရက် တွင် ဓနုပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၃တပ်ရင်း က ရွာငံ-အောင်ပန်းလမ်းမကြီးပေါ်တွင် စစ်ကောင်စီထုတ်ကုန်များဖြစ်သည့် မြန်မာဘီယာ၊ မြဘုရင်...

တောင်ကြီးနှင့် ရန်ကုန်၊ မန္တလေး ကားလမ်းများ ပြတ်တောက်

0
ရေကြီး မြေပြိုမှုများကြောင့် သျှမ်းတောင်၊ တောင်ကြီးမြို့နှင့် ရန်ကုန်၊ မန္တလေး ကားလမ်းများ ပြတ်တောက် ပိတ်ဆို့နေသဖြင့် လိုင်းကားများ ပြေးဆွဲမှု ရပ်တန့်ထားပြီး လမ်းခရီး၌ ပိတ်မိနေမှုများလည်း ရှိနေကြောင်း အဝေးပြေးယာဉ်လိုင်းများက ယနေ့ (စက်တင်ဘာလ ၁၁ ရက်) နေ့တွင် ပြောသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့...

ရွာငံ-အောင်ပန်း လမ်းပေါ် ရေကြီးမှုဖြစ်၊ ခရီးသွားကားများစွာ ပိတ်မိနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာရှိ ရွာငံ-အောင်ပန်း လမ်းပေါ် ရေကြီးမှုကြောင့် ခရီးသွားများနှင့် ဒေသခံ ပြည်သူများ သွားလာရန်ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (သြဂုတ်လ ၁၂) ရက်တွင် မိုးများ အဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရေတက်ရခြင်းဖြစ်ပြီး ရေစီးသန်သောကြောင့် လမ်းဖြတ်ကူးရန် ခက်ခဲနေသဖြင့် ပိတ်မိနေကြသည်။ " ဒီနေ့မှဖြစ်ဖူးတာ။ရေကြီးတာဆို တခါမှမကြားဖူးဘူး။ မိုးကလည်း...

သိန္နီမြို့နယ် မိုင်းလီ ကွင်းလမ်း ပျက်စီး၊ ကားများနွံနစ်မှုဖြစ်

0
ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းလီလမ်း ပျက်စီး၍ ကားများနွံနစ်ကာ ကားသမားများ အခက်အခဲများစွာ ကြုံတွေ့နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်သွားလမ်း မိုင်းလီရွာအနီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများ ပျက်စီးကာ ကားနွံနစ်မှု၊ ကားပျက်စီးမှု ကြုံတွေ့နေကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့မှာ...