ရွာငံ-အောင်ပန်း လမ်းမကြီးပေါ် ဓနု PDF မှ စစ်ကောင်စီထုတ်ကုန်များကို ရှောင်တခွင်စစ်ဆေး

သျှမ်းပြည် ရွာငံမြို့နယ် ရွာငံ-အောင်ပန်းလမ်းမကြီးပေါ်တွင် ဓနု ပြည်သူ့ကာကွယ်ရေးတပ်မတော် က စစ်ကောင်စီ ထုတ်ကုန် ရောင်းချမှု ရှိ၊ မရှိကို ရှောင်တခွင် ဝင်ရောက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ (သြဂုတ် ၃)ရက် တွင် ဓနုပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၃တပ်ရင်း က ရွာငံ-အောင်ပန်းလမ်းမကြီးပေါ်တွင် စစ်ကောင်စီထုတ်ကုန်များဖြစ်သည့် မြန်မာဘီယာ၊ မြဘုရင် နို့ဆီ၊ ရွှေဖီဦး ကော်ဖီထုတ်၊မန္တလေးဘီယာ၊ MPT ဆင်းကဒ်များ၊ မိုင်တဲလ်ဆင်းကဒ်များ၊ Red Ruby စီးကရက်၊ Premium gold စီးကရက်၊ BlackShield ဘီယာ၊ မန္တလေးရမ်၊ အာမီရမ် ရောင်းချ၊ သုံးစွဲမှု ရှိ၊မရှိ ဝင်ရောက်စစ်ဆေးနေကြောင် ယနေ့ (သြဂုတ် ၄)ရက်စွဲဖြင့် ဓနု PDF ကထုတ်ပြန်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီထုတ်ကုန်များကို ရောင်းချခြင်း၊ သုံးစွဲခြင်း ကို တွေ့ရှိလျှင်လည်း ပစ္စည်းများကို ထိန်းသိမ်းသွားမည်ဟုလည်း ၎င်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ရွာငံသည် စစ်ကောင်စီတပ် စိုးမိုးနယ်မြေဖြစ်သောကြောင့် စစ်တပ်ထုတ်ကုန်နှင့် လွတ်ကင်းသူများ မရှိသလောက် နည်းပါးကြောင်း အသက် ၂၀ကျော်အရွယ်ရှိ အမျိုသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်တပ်ထုတ်ကုန် မရောင်းတဲ့ဆိုင်လို့တော့ ခပ်ရှားရှားပဲ။ ဒီနယ်က စကစ စိုးမိုးနယ်မြေလေ။ပြီးတော့ ပြည်သူတွေက ဘယ်ဟာက စကစ ထုတ်ကုန်ဆိုတာ မသိတာများတယ်။ သူတို့ဆီ ရောင်းကောင်းတဲ့ ဟာပဲ ကုန်ဝယ်ထားကြတာ။”ဟု ၎င်းအမျိုးသမီးက ဆိုသည်။

အလားတူ ယမန်နေ့ (သြဂုတ် ၃)ရက် တွင်လည်း ဓနု PDF တပ်သည် ရွာငံ-အောင်ပန်း လမ်းကြီးပေါ်ရှိ ရေပြာအိုင်အနီးတွင် ယာဉ်အသွား အလာများကို စစ်ဆေးခြင်း၊ မူးယစ်ဆေးအန္တရာယ်များ ကာကွယ်ရန်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအခြေအနေသည် ရွာငံမြို့နယ်အတွင်းနေထိုင်သည့် ပြည်သူများသည် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ကြား နေထိုင်ရသည်မှာ အလွန်ပင်ခက်ခဲကြောင်း၊ အပြိုင်အဆိုင် ထုတ်ပြန်ချက်ထုတ်မှုကြောင့် လူထုများလည်း သတိဝိရိယဖြင့် နေထိုင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ ဓနု PDF တပ်သည် ရွာငံတွင် အခြေစိုက်ပြီး ဒေသတွင်း ကာကွယ်ရန်နှင့် စစ်ကောင်စီတပ်များကို တွန်းလှန်တိုက်ခိုက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ကာ ပြီးခဲ့သည် ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...