Tuesday, January 27, 2026

ရွာငံ-အောင်ပန်း လမ်းပေါ် ရေကြီးမှုဖြစ်၊ ခရီးသွားကားများစွာ ပိတ်မိနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာရှိ ရွာငံ-အောင်ပန်း လမ်းပေါ် ရေကြီးမှုကြောင့် ခရီးသွားများနှင့် ဒေသခံ ပြည်သူများ သွားလာရန်ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (သြဂုတ်လ ၁၂) ရက်တွင် မိုးများ အဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရေတက်ရခြင်းဖြစ်ပြီး ရေစီးသန်သောကြောင့် လမ်းဖြတ်ကူးရန် ခက်ခဲနေသဖြင့် ပိတ်မိနေကြသည်။

” ဒီနေ့မှဖြစ်ဖူးတာ။ရေကြီးတာဆို တခါမှမကြားဖူးဘူး။ မိုးကလည်း ရွာနေတာ ဆယ်ရက်လောက်ရှိတော့မယ်။ မိုးအရမ်းရွာလို့ ရေတက်လာဖြစ်မယ်။ အဲဒီ လမ်းအပေါ်ဘက်မှာ ရေထွက် ရှိတယ်။”ဟု မြိုင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ လမ်းသည် ရွာငံ -အောင်ပန်းလမ်းတွင်မက တောင်ကြီးနှင့် မန္တလေး သို့သွားလာနေရသည့် အဓိက လမ်းဖြစ်သည်။

“တောင်ကြီးကိုသွားမလို့ မန္တလေးကနေ တက်လာတာ ။အဲဒါ ရေတက်နေတော့ ဆက်သွားမရဘူး။ ရေကျအောင်စောင့်ရမှာလား။ လှည့်ပြန်ရမလား မသိတော့ဘူး။ တော်တောိအဆင်မပြေဖြစ်ရတယ်။”ဟု ခရီးသွားတစ်ဦးကဆိုသည်။

ယခုကဲ့သို့ ရေကြီးမှုမျိုးသည် ပထမဦးဆုံး ဖြစ်ကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်း စိုးရိမ်ရေမှတ် ၂ လက်မခန့် ကျော်လွန်နေ၊ ရေထပ်တက်လာနိုင်ကြောင်း မိုးဇလအသိပေး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ မယ်ဆိုင်ချောင်းရေသည် ယနေ့ သြဂုတ် ၂၈ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ထိုကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာ...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်၊ ကားတစ်စီး မျှောပါပြီး လူနှစ်ဦး ရှာမတွေ့သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပွား၍ ကားတစ်စီး ရေထဲမျှောပါသွားပြီး လူနှစ်ဦး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၆ ရက်) နေ့လယ်ပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နောင်ပိန်ကျေးရွာအနီး လုပ်ပါရေကန် ကျိုးပေါက်ခြင်းကြောင့် (၅) ရပ်ကွက်ရှိ...

ချင်းမိုင်ခရိုင် မြို့နယ် ၁၄ ခုတွင် မြေပြိုမှုနှင့် ရေကြီးမှု သတိပေးချက်ထုတ်ပြန်

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ မြို့နယ် ၁၄ ခုတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုခြင်းနှင့် တောင်ကျရေများ ရုတ်တရက် စီးဝင်နိုင်ခြင်း ဖြစ်ပေါ်လာနိုင်သဖြင့် အထူးသတိထားရန် ထိုင်းနိုင်ငံ မိုးလေဝသဌာနက အသိပေးချက်ထုတ်ပြန်ထားသည်။ မြောက်ပိုင်းဒေသကို ဖြတ်ကျော်နေသော မုတ်သုံလေကြောင့် သြဂုတ်လ ၆ ရက်မှ ၈ ရက်နေ့အတွင်း ချင်းမိုင်ခရိုင်ရှိ...

ရွာငံ-အောင်ပန်း လမ်းမကြီးပေါ် ဓနု PDF မှ စစ်ကောင်စီထုတ်ကုန်များကို ရှောင်တခွင်စစ်ဆေး

0
သျှမ်းပြည် ရွာငံမြို့နယ် ရွာငံ-အောင်ပန်းလမ်းမကြီးပေါ်တွင် ဓနု ပြည်သူ့ကာကွယ်ရေးတပ်မတော် က စစ်ကောင်စီ ထုတ်ကုန် ရောင်းချမှု ရှိ၊ မရှိကို ရှောင်တခွင် ဝင်ရောက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၃)ရက် တွင် ဓနုပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၃တပ်ရင်း က ရွာငံ-အောင်ပန်းလမ်းမကြီးပေါ်တွင် စစ်ကောင်စီထုတ်ကုန်များဖြစ်သည့် မြန်မာဘီယာ၊ မြဘုရင်...

ရွာငံ-အောင်ပန်း ကားလမ်း ပြတ်တောက်ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံ-အောင်ပန်း ကားလမ်းမကြီး သည် မိုးသည်ထန်ရွာသွန်းမှုကြောင့် ပြတ်တောက်ပျက်စီးသွားပြီး ယာဉ်ငယ်များသာ သွားလာနိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈)ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွာငံမြို့ တောင်ဘက် မြိုင်ကျေးရွာအနီး ရှိ ရွာငံ-အောင်ပန်း ကားလမ်းမသည် ရေတိုက်စားမှုကြောင့် ပြတ်တောက်ပျက်စီးသွားပြီး ယာဉ်ငယ်များသာ ဖြတ်သန်းသွားလာလို့ ရသေးကြောင်း...