CATEGORY

သတင်း

ပင်လောင်းမြို့နယ် နေရပ်ပြန်စစ်ရှောင်များ PNO ထံ တစ်အိမ်လျှင် ကျပ် ၅ သိန်း ပေးဆောင်ရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် နေရပ်သို့ ပြန်လာသည့် စစ်ဘေးရှောင်များကို ပအိုဝ်းပြည်သူ့စစ် (PNO) က တစ်အိမ်လျှင် ငွေကျပ် ၅ သိန်းစီ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လတွင် ပင်လောင်းမြို့နယ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တဖက်သက် ရမ်းသမ်းပစ်ခတ်မှုကြောင့် နန်းတုတ်ကျေးရွာသို့...

ပြင်ဦးလွင်-နောင်ချို-မိုးကုတ်လမ်းတလျှောက် စစ်ကောင်စီတပ် မြေပြင်ထိုးစစ်ဆင်

သျှမ်း-မန္တလေးနယ်စပ်ရှိ ပြင်ဦးလွင်-နောင်ချို-မိုးကုတ်လမ်းမကြီးတလျှောက်သို့ စစ်ကောင်စီတပ်မှ မြေပြင်ထိုးစစ် လာမှုကြောင့် TNLA၊ PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လလယ်တွင် စစ်ကောင်စီတပ်သည် နောင်ချိုမြို့ကို TNLA လက်ထဲမှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အုမ္မသီးလမ်းခွဲမှတဆင့် နောင်ချို-မိုးကုတ်လမ်းမကြီးတလျှောက် မြေပြင်ထိုးစစ် လာသဖြင့် နောင်ချိုမြို့နယ် ဟိုခိုကျေးရွာ နှင့် ဒိုးပင်ကျေးရွာဘက်တွင် TNLA၊...

ရွာငံ-အောင်ပန်း လမ်းမကြီးပေါ် ဓနု PDF မှ စစ်ကောင်စီထုတ်ကုန်များကို ရှောင်တခွင်စစ်ဆေး

သျှမ်းပြည် ရွာငံမြို့နယ် ရွာငံ-အောင်ပန်းလမ်းမကြီးပေါ်တွင် ဓနု ပြည်သူ့ကာကွယ်ရေးတပ်မတော် က စစ်ကောင်စီ ထုတ်ကုန် ရောင်းချမှု ရှိ၊ မရှိကို ရှောင်တခွင် ဝင်ရောက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၃)ရက် တွင် ဓနုပြည်သူ့ကာကွယ်ရေးတပ် ၁၀၀၃တပ်ရင်း က ရွာငံ-အောင်ပန်းလမ်းမကြီးပေါ်တွင် စစ်ကောင်စီထုတ်ကုန်များဖြစ်သည့် မြန်မာဘီယာ၊ မြဘုရင်...

ပင်လောင်း တောင်ကျရေကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ထီပေါင်းအုပ်စု၊ လွယ်မောင်းကျေးရွာနှင့် ထီဝါးလီ ကျေးရွာနှစ်ရွာသည် တောင်ကျရေကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရှိရသည်။ ဩဂုတ်လ ၂ ရက် မနက် ၁၀ နာရီကျော်တွင် မိုးအဆက်မပြတ် ရွာသွန်းသောကြောင့် တောင်ကျရေ ရုတ်တရက် ဝင်ရောက်လာသဖြင့် နေအိမ်၊ လမ်းနှင့် စာသင်ကျောင်းများ ထိခိုက်...

TNLA ထိန်းချုပ် ကျောက်မဲမြို့ထဲ စစ်ကောင်စီတပ် ဗုံးထပ်ကြဲ

သျှမ်းပြည် ကျောက်မဲမြို့ပေါ်ရှိ ဆေးခန်းအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက်(၆) ရှိ ဇေယျာဖြိုးဆေးခန်းနှင့်...

သီပေါ-နမ့်လန်ကားလမ်းဘေး ရေချောင်းထဲ ပလတ်စတစ်ထုပ်ပြီး စွန့်ပစ်ထားသည့် အလောင်းတွေ့

သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးရှိ ရေချောင်းထဲတွင် ပလတ်စတစ်ဖြင့်ထုပ်ပြီး စွန့်ပစ်ခံထားရသည့် အမည်မသိ အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ (၁) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ်ရှိ နမ့်လန်မြို့နှင့် ၁၃ မိုင်ခန့် ကွာဝေးသည့် မန်လီရွာနှင့် ခိုဟတ်ရွာကြား ရေချောင်းထဲတွင် ပလတ်စတစ် အမည်းရောင်အိတ်ဖြင့် သုံးထပ်ခန့်...

မာရှယ်လောကြေညာပြီးနောက် မိုးကုတ်မြို့ပေါ် လေကြောင်းဗုံးကြဲခံရမှု အရပ်သား ၃၀ နီးပါး သေဆုံးဒဏ်ရာရ

သျှမ်း-မန္တလေးနယ်စပ် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ပေါ်သို့ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၁၂) ဦး သေဆုံးပြီး ၂၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂ ရက်) နံနက် ၈ နာရီခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...

တန့်ယန်းမြို့ လွယ်လွမ့်ပရဟိတပညာရေးကျောင်းတွင် စားနပ်ရိက္ခာအကူအညီလိုအပ်နေ

သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်းရှိ လွယ်လွမ့်ပရဟိတ ပညာရေးကျောင်းတွင် ကျောင်းသားဦးရေ များပြားလာခြင်းကြောင့် စားနပ်ရိက္ခာနှင့် စာရေးကိရိယာ အကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့ ရပ်ကွက်(၉) ဝမ်ကောင်းတွင် ဖွင့်လှစ်ထားသည့် လွယ်လွမ့်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တက်ရောက်နေသော မိဘမဲ့ကလေးများ၊ စစ်ဘေးရှောင်ကလေးများ စုစုပေါင်း (၂၀၀) ကျော်အတွက် စားနပ်ရိက္ခာနှင့်...

စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေး ဥပဒေက ပြည်သူများကို ဖိနှိပ်ချုပ်ကိုင်ရန် အတွက်ဟုဆို

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အတည်ပြုလိုက်သော ဆိုက်ဘာလုံခြုံရေး ဥပဒေသည် ပြည်သူများအတွက် လွတ်လပ်ခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်ကို ထိန်းချုပ်ခြင်း ဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ပြောသည်။ ဇန်နဝါရီလ ၁ ရက်နေ့က ပြဋ္ဌာန်းခဲ့သော ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို ယမန်နေ့ (ဇူလိုင် ၃၀ ရက်)တွင်...

အရေးပေါ်ကာလကို စစ်ခေါင်းဆောင်ပယ်ဖျက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲ့

ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှုအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ကောင်စီကို သက်တမ်းမတိုးတော့ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲအပ်ထားသည့် အမိန့်ကို ပယ်ဖျက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ပြောင်းလဲဖွဲ့စည်းလိုက်သည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) တွင် သက်တမ်းကုန်ဆုံးသည့် အရေးပေါ်ကာလကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သက်တမ်းမတိုးတော့ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲအပ်ထားသည့် အမိန့်ကို...

Latest news