ပင်လောင်းမြို့နယ် နေရပ်ပြန်စစ်ရှောင်များ PNO ထံ တစ်အိမ်လျှင် ကျပ် ၅ သိန်း ပေးဆောင်ရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် နေရပ်သို့ ပြန်လာသည့် စစ်ဘေးရှောင်များကို ပအိုဝ်းပြည်သူ့စစ် (PNO) က တစ်အိမ်လျှင် ငွေကျပ် ၅ သိန်းစီ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လတွင် ပင်လောင်းမြို့နယ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် တဖက်သက် ရမ်းသမ်းပစ်ခတ်မှုကြောင့် နန်းတုတ်ကျေးရွာသို့ ထိမှန်ခဲ့ပြီး ၎င်းဒေသခံများသည် နီးစပ်ရာ ကျေးရွာနှင့် ပင်လောင်းမြို့နယ် နောင်တရားမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

လက်ရှိ ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲများငြိမ်သက်မှုနှင့် စစ်ကောင်စီတပ်ဘက်မှ တဖက်သက် လက်နက်ကြီးပစ်ခတ်မှု မရှိတော့သဖြင့် ဇူလိုင်လ နောက်ဆုံးပတ်တွင် နန်းတုတ်ကျေးရွာ ဒေသခံများ နေရပ်သို့ ပြန်နေကြသည်။

ထို့နောက် PNO က နေရပ်ပြန်လာသည့် စစ်ဘေးရှောင်များကို သြဂုတ် ၁၅ ရက် နောက်ဆုံးထားပြီး တစ်အိမ်လျှင် ကျပ် ၅ သိန်း ပေးရန် လာရောက် အကြောင်းကြားကြောင်း၊ နေရပ်ပြန်ရာတွင်လည်း တစ်ကြိမ်လျှင် အယောက် ၅၀ စီသာ ပြန်ရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နန်းတုတ်ရွာကို ပြန်ရင် လူ ၅၀ စီ ခွဲပြန်ရတယ်။ ၅၀ ပြန်ရင် တစ်အိမ်ကို ၅ သိန်း ထည့်ရမယ်၊ တချို့က ၇ သိန်း ထည့်ရတယ်။ တစ်ရွာလုံးကို ကျပ်သိန်း ၈၀၀ ကျသွားတယ်။ PNO ကို ထောက်ပံ့ပေးရမယ့် ပုံစံပဲ။ စစ်မှုထမ်းလည်း အလှည့်နဲ့ သွားပေးရမယ်လို့ ပြောတယ်”ဟု နန်းတုတ်ကျေးရွာ ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် နေရပ်ပြန်သွားသူများ၏ စိုက်ပျိုးရေးလုပ်ခွင့်ကို PNO က ကန့်သတ်ထားပြီး အလုပ်ထွက်လုပ်ခွင့်ကိုလည်း ပိတ်ပင်ထားသည်ဟု ၎င်းက ဆက်ပြောသည်။

“အလုပ်က ထွက်လုပ်လို့ မရရင် ဘယ်လို ပိုက်ဆံပေးရမှာလဲ၊ ကျနော်တို့မှာ စားဖို့တောင် အနိုင်နိုင် ရှာစားလို့လည်း မရဘူး။ PNO အဖွဲ့ ချုပ်ကိုင်ထားတာ။ သူတို့ အုပ်ချုပ်မှုအတိုင်း လုပ်ရင်တော့ မဲစာရင်းပါ ပေးရမှာပေါ့”ဟု ၎င်းအမျိုးသားက ဆိုသည်။

နန်းတုတ်ကျေးရွာသည် ပင်လောင်းမြို့နှင့် မိုင် ၂၂ မိုင်ခန့် ကွာဝေးပြီး၊ အင်းလေးဒေသနှင့် ၁၈မိုင်ကျော်ကွာဝေးသည်။

အလားတူ အင်းလေးဒေသ နန်းပန်ကျေးရွာတွင် စစ်ဘေးရှောင်လာသော ဘုရားတောင်ကျေးရွာ ဒေသခံများကိုလည်း PNO က နေရပ်ပြန်ခိုင်းပြီး တစ်အိမ်လျှင် ကျပ်ငွေ ၅ သိန်း ပေးဆောင်ရမည် ဖြစ်ကြောင်းနှင့် စစ်မှုထမ်းအလှည့်ကျ လုပ်ဆောင်ရမည်ဟု လည်း PNO က ပြောဆိုခဲ့ကြောင်း နန်းပန်ကျေးရွာရောက် အသက် ၄၀ အရွယ်ရှိ စစ်ဘေးရှောင် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ရွာပြန်မယ်ဆိုရင် တစ်အိမ်ကို ကျပ် ၅ သိန်းပေးရမယ်။ ၂၅ ယောက် အလှည့်ကျ စစ်မှုထမ်းရမယ်။ စစ်မှုထမ်းရမယ်ဆိုတော့ မပြန်ကြတော့ဘူး။ ကျနော်တော့ ကလေးတွေနဲ့မလို့ မပြန်တော့ဘူး။ ပြန်လည်း အိမ်က ပစ္စည်းတွေကို သူတို့က အကုန်သယ်ပြီးပြီဆိုတော့ ဘာမှ ကျန်မှာလည်း မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာ၊ အင်းလေးဒေသ ဘုရားတောင်ကျေးရွာ၊ တောင်ပို့ကွဲကျေးရွာနှင့် ညောင်လေးပင်ကျေးရွာတို့တွင်လည်း PNO မှ နေရပ်ပြန်ခိုင်းကာ ပိုက်ဆံကောက်နေပြီး စစ်မှုထမ်းရန်အတွက် တစ်လလျှင် ငွေကျပ် တစ်သောင်းခွဲ ထည့်ရကြောင်းနှင့် ငွေထည့်နေရသည်မှာ ၈ လကြာနေပြီဟု ဒေသခံ များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...