အရေးပေါ်ကာလကို စစ်ခေါင်းဆောင်ပယ်ဖျက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဖွဲ့

ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှုအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ကောင်စီကို သက်တမ်းမတိုးတော့ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲအပ်ထားသည့် အမိန့်ကို ပယ်ဖျက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ပြောင်းလဲဖွဲ့စည်းလိုက်သည်။

ယနေ့ (ဇူလိုင်လ ၃၁ ရက်) တွင် သက်တမ်းကုန်ဆုံးသည့် အရေးပေါ်ကာလကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သက်တမ်းမတိုးတော့ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲအပ်ထားသည့် အမိန့်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ယာယီသမ္မတ ရာထူး ရယူထားသည့် ၎င်းကိုယ်တိုင်က ပယ်ဖျက်ပေးလိုက်သည်။

ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

အသစ်ပြင်ဆင်ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာယီသမ္မတနှင့် တပ်ချုပ်ရာထူးတို့ကို ပူးတွဲဆက်လက်တာဝန်ယူထားပြီး နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးညိုစောကို ခန့်အပ်လိုက်သည်။

အလားတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအတွက် အမှုဆောင်ချုပ်နှင့် တွဲဖက်အမှုဆောင်ချုပ် ရာထူးသစ်များ ဖန်တီးကာ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ကို စစ်ခေါင်းဆောင်က အသီးသီး ခန့်အပ်တာဝန်ပေးထားသည်။

ထို့အပြင် စစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းရွှေ့လိုက်သည့် ဗိုလ်ချုပ်ကြီးများထဲတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပြည်ထောင်စုအစိုးရအဖွဲ့၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ပေးထားသည်။

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလအတွင်း ပြောကြားထားပြီး ကာလုံ ဦးတည်ချက် (၄) ချက်ကို ထပ်မံထုတ်ပြန်ခဲ့သည်။

ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာသိမ်းယူထားသည့် စစ်ကောင်စီမှ ဦးစီးကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန် သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ လဆန်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...

PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

0
သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်...