ပင်လောင်း တောင်ကျရေကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ထီပေါင်းအုပ်စု၊ လွယ်မောင်းကျေးရွာနှင့် ထီဝါးလီ ကျေးရွာနှစ်ရွာသည် တောင်ကျရေကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၂ ရက် မနက် ၁၀ နာရီကျော်တွင် မိုးအဆက်မပြတ် ရွာသွန်းသောကြောင့် တောင်ကျရေ ရုတ်တရက် ဝင်ရောက်လာသဖြင့် နေအိမ်၊ လမ်းနှင့် စာသင်ကျောင်းများ ထိခိုက် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ နေအိမ်များ လမ်းများ ပျက်စီးသွားသောကြောင့် ထီဝါးလီရွာနှင့် လွယ်မောင်းကျေးရွာနေ ပြည်သူများသည် ၎င်းဒေသနှင့် နှစ်မိုင် ကွာဝေးသ ပင်လောင်းမြို့ပေါ် ရှိ ဓမ္မာရုံများသို့ ရွာလုံးကျွတ်ပြောင်းရွှေ့နေကြရကြောင်း ထီပေါင်းကျေးရွာ အုပ်ချုပ်ရေးမှုးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရုတ်တရက်ကြီး အိမ်ထဲကို ရေတွေ ဝင်လာကုန်တော့ အိမ်တွေလည်း ပျက်၊ လမ်းလည်းပျက် ၊အကုန်လုံးပြောင်းရွှေ့ရတယ်။ လူတော့ ထိခိုက်မှု မရှိဘူး။ လွယ်မောင်းကျေးရွာက အိမ်တွေ အများဆုံးထိတယ်။ ရွာက စိုးရိမ်ရတဲ့ အခြေအနေရှိသေးလို့ ရွာသားတွေ အကုန်လုံးကို ပင်လောင်းမြို့ထဲမှာ နေရာပေးထားတယ်။”ဟု အဆိုပါ အုပ်ချုပ်ရေးမှူးက ပြောသည်။

လွယ်မောင်းကျေးရွာနှင့် ထီဝါးလီကျေးရွာတွင် နေထိုင်သည့် ပြည်သူ တစ်ထောင်နီးပါးရှိပြီး နေအိမ် ၁၅ လုံးနှင့် စာသင်ကျောင်း တစ်ကျောင်း ပျက်စီးသွားသည်ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ သဘာဝဘေး ကြောင့် ထိခိုက်ပျက်စီးသွားသည့် ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်သား၊ ရဲများ နှင့် မီးသတ်များက လာရောက်ကူညီ ကယ်ဆယ်မှု လုပ်ပေးနေကြောင်း သိရသည်။
လက်ရှိ အခြေအနေအရ ရွာလုံးကျွတ် ပြောင်းရွှေ့နေရသူများသည် နေရပ်သို့ ပြန်လာရန် အဆင်မပြေတော့သဖြင့် အခြားသော နေရာအသစ်သို့ ရှာပြီးနေထိုင်လျှင် ပိုပြီး အဆင်ပြေနိုင်ကြောင်း ၎င်းအုပ်ချုပ်ရေးမှူးက ဆိုသည်။

အဆိုပါ သဘာဝ ဘေးသင့် ပြည်သူများအတွက် အဝတ်အထည်၊ နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ကူညီကယ်မှု လုပ်ဆောင်နေသော ရေဘေးသင့်သူများကို ကူညီပေးနေသည့် ပင်လောင်မြို့ ဒေသခံ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပုံစာ-ပင်လောင်းမြို့နယ် ထီဝါးလီကျေးရွာ နှငိ့ လွယ်မောင်းကျေးရွာတွင် တောင်ကျရေကြောင့် ရွာလုံးကျွတ် ရွှေ့ပြောင်းရ

“လောလောဆယ်တော့ သူတို့ကို ဓမ္မာရုံမှာထားထားတယ်။ လူဦးရေက များတော့ သူတို့ နေထိုင်ဖို့ တဲလေးတွေ ဆောက်ဖို့ လိုအပ်နေတယ်။ အဝတ်စားတွေလည်း သူတို့လိုတယ်။ စားသောက်ဖို့ ကျတော့ အလှူရှင်တွေက လာလှူနေသေးတော့ အဆင်ပြေသေးတယ်။ ရေရှည်မှာဆိုရင်တော့ မလွယ်ဘူး။ “ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင်လည်း ပင်လောင်းမြို့နယ် လွယ်မောင်းကျေးရွာနှင့် ထီဝါးလီ ကျေးရွာတွင် တောင်ကျရေဝင်ရောက်မှု ရှိခဲ့သော်လည်း ယခုနှစ်လောက်အခြေအနေ ဆိုးရွားခြင်းမရှိခဲ့ပေ။

ထို့ကြောင့် လွယ်မောင်းကျေးရွာနှင့် ထီဝါးလီကျေးရွာသည် လွယ်မောင်းတောင်ခြေရင်းတွင် ရှိပြီး ၎င်း လွယ်မောင်းတောင်မှ ရေထွက်သောကြောင့် မြေသားများပျော့လာကာ မိုးများလျှင် ယခုကဲ့သို့ တောင်ကျရေ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခုရက်ပိုင်းအတွင်း သျှမ်းတောင်ရှိ ကလောမြို့၊ အင်းလေးဒေသ ၊ ပင်းတယမြို့ ၊ရွာငံမြို့ နှင့် တာချီလိတ်မြို့ တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီဂ လမ်းပန်းဆက်သွယ်ရေးခက်ခဲ ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း သျှမ်းတောင် အပါဝင် မြန်မာပြည် တစ်ဝန်း ရေကြီးရေလျှံမှုဖြစ်သောကြောင့် လူဦးရေ ထောင်နှင့်ချီ ရေဘေးသင့်ခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...