စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေး ဥပဒေက ပြည်သူများကို ဖိနှိပ်ချုပ်ကိုင်ရန် အတွက်ဟုဆို

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အတည်ပြုလိုက်သော ဆိုက်ဘာလုံခြုံရေး ဥပဒေသည် ပြည်သူများအတွက် လွတ်လပ်ခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်ကို ထိန်းချုပ်ခြင်း ဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ပြောသည်။

ဇန်နဝါရီလ ၁ ရက်နေ့က ပြဋ္ဌာန်းခဲ့သော ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်သည့် ဆိုက်ဘာလုံခြုံရေး ဥပဒေကို ယမန်နေ့ (ဇူလိုင် ၃၀ ရက်)တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုးပြီး အတည်ပြုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေသည် ပြည်သူများအတွက် လွတ်လပ်ခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်ကို ထိန်းချုပ်ပြီး ပြည်သူများကို ဖိနှိပ်ချုပ်ကိုင်ရန်အတွက်သာ ဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသက် (၃၀) နှစ်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဥပဒေက ပြည်သူကို ချုပ်ကိုင်ဖိနှိပ်ချင်လို့ ပြဌာန်းထားတာ သေချာတယ်။ VPNကိစ္စတို့၊ နောက်ပြီး သူတို့ ကန့်သတ်ထားတဲ့ အရာတွေကို အသုံးပြုတာမျိုးဆို ပြည်သူကတော့ အကြပ်ရိုက်မှာပဲ။ သူတို့ပါးစပ်က ပြဌာန်းချက်အရ သူတို့အတွက် တရားဝင်ဆိုတဲ့ စကားနဲ့ ပြည်သူကို ဒုက္ခပေးမှာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် နိုင်ငံကို အရေးပေါ်ကာလကြေညာသည့် သက်တမ်းမတိုးခင် ဥပဒေများကို ဆက်တိုက်ပြဋ္ဌာန်းလာသည့်အထဲ ဆိုက်ဘာလုံခြုံရေး ဥပဒေကိုပါ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

အီလက်ထရောနစ် နည်းပညာအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်ခြင်းကြောင့် နိုင်ငံအချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေခြင်းမှ ကာကွယ်ရန်၊ ဆိုက်ဘက်မူခင်းများကို ထိရောက်စွာ စုံစမ်းဖော်ထုတ် အရေးနိုင်ရန် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုထားသည်။

ထိုဥပဒေအရ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ Virtyal Private Network (VPN) ထူထောင်ခြင်း (သို့မဟုတ်) ဝန်ဆောင်မှု ပေးခြင်းနှင့် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်း အပါအဝင် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဖွယ်မရာ စာသားများရေးတင်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

ဆိုက်ဘာလုံခြုံရေးဥပဒေ ပုဒ်မ (၇၂) တွင် မည်သူမဆို အများပြည်သူကြည့်ရှုံရန်မသင့်တော်သည့် သတင်းအချက်လက်များကို ဖက်စ်၊ အီးမေးလ်အပြင် နည်းပညာဖြင့် ဖန်တီးထားသည့် လှုမှုကွန်ရက်များတွင် အသုံးပြု ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူခြင်း၊ ရောင်းချခြင်း ပြုလျှင် ထောင်ဒဏ်အနည်းဆုံး ၁ လမှ ၆ လအထိ၊ ငွေဒဏ်ကျပ် ၁၀ သိန်းမှ သိန်း ၁၀၀ အထိ ချမှတ်နိုင်သည့်အပြင် ဒဏ်ငွေနှစ်ရပ်လုံးချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကျူးလွန်သူသည် ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ပါက ကျပ်သိန်း ၁၀၀ အောက် မနည်းသော ငွေဒဏ်ချမှတ်ရမည့်အပြင် သက်သေခံ ပစ္စည်းများအား နိုင်ငံဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဟု စစ်ကောင်စီက ဆိုထားသည်။

အဆိုပါ လုံခြုံရေးဥပဒေတွင် ဖေ့စ်ဘွတ်ခ်၊ တစ်တော့ခ်၊ ယူကျူ့နှင့် အခြားသော ဒီဂျစ်တယ်ပလပ်ဖောင်းများကို စစ်ကောင်စီထံတွင် မှတ်ပုံတင်ရန်လိုအပ်ပြီး အွန်လိုင်းအသုံးပြု စီးပွားရှာနေသူများမှာလည်း စစ်ကောင်စီ ထိန်းချုပ်မှုအတွင်း လိုက်နာဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

ထိုသို့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဌာန်းခြင်းကြောင့် ပြည်သူများအပါအဝင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသော အဖွဲ့အစည်းများ၏ လုံခြုံရေး၊ ဆက်သွယ်ရေးစနစ်များအတွက် စိုးရိမ်မှုရှိကြောင်း အသက် ၂၀ ကျော် လူငယ်အမျိုးသားတစ်ဦး ပြောသည်။

“ဒီဥပဒေကြောင့် ဖုန်းပြောတဲ့အချိန်မှာ ကြားဖြတ်နားထောင်မှာတို့ စိုးရိမ်ရတယ်။ ကိုယ့်ရဲ့ဖုန်းနံပါတ်တွေက တစ်ဆင့် ခြေရာခံ လိုက်လာတာမျိုးတွေ ကြောက်ရတယ်။ပြီးတော့ Kpay လွဲတဲ့ နေရာတွေမှာပေါ့။ အဖက်ဖက်က မလုံခြုံတော့ဘူး” ဟု အသက် ၂၀ ကျော်လူငယ်အမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ အွန်လိုင်းပေါ်မှ ဝေဖန်နှောက်ယှက် မှုမဖြစ်အောင် အချိန်မှီ ပြန်လည်အသက်သွင်းလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

အလားတူ ပြည်ပတွင် နေထိုင်သော မြန်မာနိုင်ငံသားများလည်း အကျုံးဝင်ပြီး ကျူးလွန်ခဲ့လျှင် တရားခံလွှဲပြောင်း အရေးယူခြင်းများ ပြုလုပ်ပြီး ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

VPN ဆိုသည်မှာ ကိုယ်ပိုင်သီးသန့် အသုံးပြုသည့် ကြားခံကွန်ရက် Virtyal Private Network ဟုခေါ်ပြီး အွန်လိုင်းအသုံးပြုသူ အင်တာနက်လမ်းကြောင်းအား အခြားသူများက ခြေရာခံ၍မရအောင် လုံခြုမှုရှိသလို ကိုယ်ပိုင်အချက်အလက်များ မပေါက်စေရန်အတွက်လည်း ကာကွယ်ပေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် အင်တာနက်ဖြတ်တောက်ခံရသည့် မြို့ပေါင်း ၈၀ ကျော်ရှိနေပြီး မြန်မာနိုင်ငံတွင် ဖေ့ဘုတ်စ် သုံးစွဲသူ (၁၉) သန်းရှိသည့်အနက် (၁၅)သန်းသာ ရှိတော့သည်ဟု ၂၀၂၃ ခုနှစ်ထုတ် DataReportal ၏ စစ်တမ်းအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...