လူမှုကွန်ရက်မီဒီယာတွင် ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တံဆိပ်တုံးပါ (999) သုံးလုံးမူးယစ်ဆေးသယ်လာသူနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွား၍ ၄ ဦးသေဆုံးကြောင်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် သတင်းအမှားဖြန့်ချိနေပါသည်။ ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ အမည်ဖြင့် လူမှုကွန်ရက်အကောင့်တစ်ခုမှ...
လက်နက်ထောက်ပို့လုပ်၍ AAC ရုံးကို ထိုင်းအစိုးရက အပြီးပိတ်သိမ်းဟု သတင်းအမှားဖြန့်
မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာကို ခိုလှုံခွင့်ပေး၍ ကူညီနေသည့် ထိုင်းနိုင်ငံ မဟာချိုင်ရှိ လက်တွဲကူညီ AAC ရုံးခန်းသည် အလုပ်သမားအရေးဗန်းပြပြီး KNU/ KNDF နှင့် NUG-PDF တို့ကို လက်နက်ထောက်ပို့ လုပ်နေခြင်းကြောင့် ထိုင်းအစိုးရက ဖြိုဖျက်၍ အပြီးပိတ်သိမ်းရန် အမိန့်ထုတ်လိုက်ကြောင်း သတင်းအမှား ဖြန့်ချိနေပါသည်။ အဆိုပါ သတင်းအမှားကို MT...
လေပြင်းတိုက်ခတ်မှုကြောင့် သျှမ်းပြည်အတွင်း ပြည်သူနေအိမ်နှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီး
သျှမ်းပြည်တဝှမ်း လေပြင်းတိုက်ခတ်မှုကြောင့် ပြည်သူနေအိမ်နှင့် ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၇ ရက်) ည ၇ နာရီခန့်တွင် တာချီလိတ်မြို့နယ် တာလေမြို့နယ်ခွဲရှိ မိုင်းလင်းကျေးရွာအုပ်စု၌ လေပြင်းတိုက်ခတ်ခဲ့ရာ ဝမ်ဟကျေးရွာ ဘုန်းကြီးကျောင်း၏ ခေါင်မိုးများ ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ “မိုင်းလင်းဘက်...
အင်းလေးဒေသ ငလျင်လှုပ်ခတ်ပြီးနောက် မြေအနေအထားပြောင်းလဲမှုရှိ၊ အိမ်ပြန်ဆောက်ရန် အခက်တွေ့
သျှမ်းပြည် အင်းလေးဒေသတွင် ငလျင်လှုပ်ခတ်ပြီးနောက် မြေအနေအထား ပြောင်းသွားခြင်းကြောင့် အိမ်ပြန်ဆောက်ရန် အခက်တွေ့နေကြကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ်များစွာပြိုကျ ပျက်စီးခဲ့ရသည်။ ထိုပြိုကျပျက်စီးသွားသည့် နေအိမ်များကို ဖြိုဖျက်ပြီး လက်ရှိတွင် ဝါးအိမ်များကို အစားထိုး ပြန်လည်တည်ဆောက်နေကြသည်။ ထိုငလျင်လှုပ်ခက်ခဲ့သည့်အတွက်ကြောင့်...
သျှမ်းရှေ့မှ လာသော ကုန်တင်ကားရာချီ ဟိုပုံးမြို့တွင် ဖမ်းဆီးထိန်းသိမ်းခံရ
သျှမ်းပြည် အရှေ့ပိုင်းမှ ကုန်ပစ္စည်းတင်ဆောင်လာသော ကုန်တင်ကားကြီးရာချီကို စစ်ကောင်စီက ဟိုပုံးမြို့တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်မှစတင်ပြီး သျှမ်းပြည် အရှေ့ပိုင်းမှ ကုန်ပစ္စည်းတင် တင်ဆောင်လာသော ကုန်တင်ကားရာနှင့်ချီကို စစ်ကောင်စီမှ အခွန်ကိစ္စ အကြောင်းကာ ဟိုပုံးမြို့ရှိ တပ်မတော် ကွန်ပျူတာ နှင့် နည်းပညာသိပ္ပံကျောင်းဝန်းအတွင်း...
ရွာငံ စစ်ရှောင်အမျိုးသမီးငယ်များကို စစ်ကောင်စီတပ်သားများက အုပ်စုဖွဲ့မုဒိမ်းကျင့်မှုရှိ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ရှောင်အမျိုးသမီးငယ်များကို စစ်ကောင်စီတပ်သားများက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့် ကျူးလွန်မှုများကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ ယမန်နေ့ ဧပြီလ (၂၄) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ (၆)ရက်နေ့တွင် ရွာငံနယ်ဘက်သို့ ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းသည်...
တရားမဝင်အလုပ်လုပ်ကိုင်မှုကြောင့် ကျောင်းသားဗီဇာများကို ထိုင်းအစိုးရ ပြန်လည်စိစစ်မည်
SHAN -
ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာ ဖြင့် တရားမဝင် အလုပ်လုပ်ကိုင်နေမှုကိုတားဆီးရန် ခွင့်ပြုသည့်သက်တမ်းကို ထိုင်းနိုင်ငံ အဆင့်မြင့် ပညာရေး၊ သိပ္ပံ၊ သုတေသန နှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာနနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန တို့ပူးပေါင်း ကာ ပြန်လည်စိစစ်သွားမည်ဟု သတင်းရရှိသည်။ ထိုင်းနိုင်ငံ၏ ဥပဒအရ နိုင်ငံတကာကျောင်းသားများ၏ ဗီဇာများကို တစ်ကြိမ်လျှင်ရက် (၉၀)နှင့်...
လားရှိုးမြို့တွင် သူခိုး၊ ဓားပြ ပြန်သောင်းကျန်းလာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများ ပြန်လည်ဝင်ရောက် လာပြီးနောက် သူခိုး၊ ဓားပြများ ပြန် သောင်းကျန်းလာကြောင်း ဒေသခံများထံမှ သိရသည်။ တရုတ်အကူညီဖြင့် ဧပြီလ ၂၂ ရက်နေ့မှစတင်ပြီး လားရှိုးမြို့တွင် စစ်ကောင်စီဘက်မှ လက်နက်အပြည့်အစုံ တပ်ဆင်ကာ စစ်ကားရာနှင့်ချီ ယာဉ်တန်းများ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ “အခုစစ်သားတွေက...
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-နေပြည်တော် ပြေးဆွဲနေသော “ဒို့ညီနောင်” လိုင်းကားသည် အရက်မူးနေသော ယာဉ်မောင်းအား ကားမောင်းခိုင်းရာမှ ယမန်နေ့ည (၈) နာရီ အချိန်တွင် မိုင်းပျဉ်း-တုံတာကြားရှိ ကိုးကွေ့တောင်တွင် ယာဉ်တိမ်းမှောက်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဧပြီလ ၂၄ ရက်) ညနေ ၄ နာရီအချိန်တွင် ကျိုင်းတုံ-နေပြည်တော် ထွက်ခွာမည့်...
နောင်ချို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပျက်စီး
သျှမ်းပြည် နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲကျေးရွာတဝိုက်ကို အပစ်ရပ် သက်တမ်းတိုးထားသည့် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၄ ရက်) ညနေ (၆) နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲ...





