Tuesday, January 27, 2026

စစ်ခေါင်းဆောင်ထံ ယာယီသမ္မတရာထူး လွှဲပေးခဲ့သည့် ဦးမြင့်ဆွေ သေဆုံးကြောင်း သတင်းထွက်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ ယာယီသမ္မတရာထူး လွှဲပြောင်းပေးခဲ့သည့် ဦးမြင့်ဆွေသည် ယနေ့ (ဩဂုတ်လ ၆ ရက်) နံနက်အစောပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၂) ကုတင် ၁၀၀၀ စစ်ဆေးရုံကြီးတွင် သေဆုံးသွားကြောင်း သတင်းထွက်ပေါ်နေသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းစဉ်က ယာယီသမ္မတအဖြစ် ဆောင်ရွက်ခဲ့သည့် ဦးမြင့်ဆွေသည် အာရုံကြော နှေးကွေးတုန့်ဆိုင်းသည့် ရောဂါကို ခံစားနေရပြီး ဇူလိုင်လ (၂၄) ရက်၌ ဆေးကုသမှု ထပ်မံခံယူခဲ့ချိန်တွင် အသက် (၇၄) နှစ်အရွယ် ရှိပြီဖြစ်ကြောင်း သိရသည်။

ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ၂၀၂၃ နှစ်ဆန်းပိုင်းမှ စတင်ပြီး လှုပ်ရှားမှု တုန့်နှေးခြင်းနှင့် အစာ အာဟာရ စားသုံးနိုင်မှု အားနည်းလာပြီး ၂၀၂၄ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌လည်းကောင်း၊ ၂၀၂၅ မေလတွင် နေပြည်တော် အမှတ်(၂) စစ်ဆေးရုံ၌လည်းကောင်း ဆေးကုသမှု ခံယူခဲ့သော်လည်း သက်သာလာခြင်း မရှိကြောင်း စစ်ကောင်စီ၏ ယမန်နေ့ (ဩဂုတ် ၅ ရက်) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ယာယီသမ္မတ ဦးမြင့်ဆွေ သေဆုံးမှုနှင့် ပတ်သက်၍ ယနေ့ နေ့လယ်ပိုင်း၌ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်သည်ဆိုသော သတင်းမှာ မှန်ကန်မှုမရှိဘဲ အမှတ်(၂) စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ငြင်းဆိုထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းတို့ တင်မြှောက်ခဲ့သည့် ယာယီသမ္မတ ဦးမြင့်ဆွေကို ယမန်နှစ် ၂၀၂၄ ဇူလိုင်လအတွင်း ကျန်းမာရေး အကြောင်းပြကာ အနားပေးခဲ့ပြီး NLD အစိုးရလက်ထက် ဒုသမ္မတဖြစ်သူ ဦးဟင်နရီဗန်ထီးယူကိုလည်း အလားတူ အနားပေးခဲ့ကာ ယာယီသမ္မတ ရာထူးအား သူ့ကိုယ်သူ ပြန်လည်ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်တွင် ကုန်ဆုံးမည့် အရေးပေါ်ကာလကို သက်တမ်းမတိုးဘဲ ယာယီသမ္မတ ဦးမြင့်ဆွေ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲအပ်ထားသည့် အမိန့်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ယာယီသမ္မတ ရာထူး လွှဲယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်က ပယ်ဖျက်ပေးလိုက်သည်။

ပုံစာ – ယာယီသမ္မတ ဦးမြင့်ဆွေ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...