မယ်ဆိုင်ရေကြီးမှုကြောင့် တာချီလိတ် နယ်စပ်ဖြတ်သန်းသွားလာခွင့် (BP) စာအုပ်လုပ်စက်ပျက်

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ အမှတ် (၁) ချစ်ကြည်ရေး တံတားအောက်ရှိ နှစ်နိုင်ငံ ကမ်းကူးစာအုပ်များ ပြုလုပ်ပေးသည့် နေရာများရေဝင်ပြီး စာအုပ်လုပ်သည့် စက်ပျက်စီးသွားသဖြင့် တစ်နှစ် နယ်စပ်ဖြတ်သန်း သွားလာခွင့် (BP) စာအုပ် ပြုလုပ်ခြင်း၊ အသစ်လှဲလှယ်ခြင်း ရပ်နားထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံ ကမ်းကူးစာအုပ်များ ပြုလုပ်ပေးသည့် နေရာမှ TBP/BP အရောင်းကောင်တာ ရေနစ်မြုပ်ပြီး ဆာဗာလိုင်းများ ပျက်စီးသွားခဲ့ကြောင်း ကြော်ငြာထားသည်။

“အခုလောလောတယ်တော့ ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တော့ ထုတ်ပေးတယ်။ ဒါပေမယ့် တစ်နှစ် နယ်စပ်ဖြတ်သန်းခွင့် (BP)လက်မှတ်ကတော့ မလုပ်ပေးဘူး၊ သက်တမ်းလည်း မတိုးပေးတော့ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျနော်သွားလုပ်တာ သက်ကြီးရွယ်အိုတွေလောက်ပဲ လုပ်ပေးမယ်၊ စာအုပ်က ကုန်နေတယ်လို့ ပြောတယ်” ဟု တာချီလိတ်မြို့ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

တစ်နှစ် နယ်စပ်ဖြတ်သန်းသွားလာခွင့်စာအုပ် (BP) သက်တမ်းတိုးလိုသူများ အနေဖြင့် လတ်တလောမှာ ၇ ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့် (TBP) စာအုပ်ဖြင့်သာ ဖြတ်သန်းသွားလာနေကြကြောင်း ၎င်းက ပြောသည်။

အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်တွင် နေစဉ်ကူးလူးဖြတ်သန်းမှု လူဦးရေသည် သုံးထောင်နှင့် ငါးထောင်ကြား ရှိကြောင်း သိရသည်။

ယခင်က နှစ်နိုင်ငံ ကမ်းကူးစာအုပ်များ ပြုလုပ်ပေးသည့် နေရာတွင် TBP/ BP စာအုပ်ကို စက် (၅) လုံးဖြင့် တပြိုင်နက် လုပ်ဆောင်ပေးခဲ့ရာ ယခုနှစ် ၂၀၂၅ ဇွန်လပိုင်းတွင် ရေနစ်မြုပ်ပြီးနောက် စက် (၃) လုံးဖြင့် လုပ်ဆောင်နေရကြောင်း နိုင်ငံကူး လက်မှတ်သွားလုပ်သည့် တာချီလိတ်မြို့ ဒေသခံတစ်ဦးက ဆက်ပြောသည်။

“အခု စာအုပ်သွားလုပ်ရင် တန်းစီရတယ်၊ တချို့ဆိုရင် ၁ နာရီလောက် တန်းစီမှ ရတာ။ တချို့ဆိုလည်း နှစ်နာရီလောက် တန်းစီမှ ရတာ။ အခု စက်က (၃) လုံးပဲ ရှိတော့ လုပ်ရတာ နှေးတယ်။ တကယ်လို့ စာအုပ်ရှိရင်တော့ တန်းစီစရာမလိုတော့ဘူး၊ စာအုပ်ကို ထိုးပေးလိုက်ရုံပဲ” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ လုပ်ဆောင်မှု ကြန့်ကြာခြင်းကြောင့် အချိန်ကြာမြင့်စွာ တန်းစီရခြင်း၊ စောင့်ဆိုင်းရခြင်းကြောင့် ဒေသခံများအတွက် အခက်အခဲဖြစ်စေကြောင်း ပြောသည်။

“နေပူပူ၊ မိုးရွာရွာ တန်းစီးရတယ်၊ တချို့ဆိုရင် တန်စီးရင်းနဲ့ မူးလဲသွားတဲ့သူလည်း ရှိတယ်။ အခုမှ စာအုပ်အသစ်လုပ်တဲ့သူဆိုရင် စာရင်းသွင်းရင် ၁၀၀ဘတ် ပေးရတယ်၊ နောက်ပြီး အပေါ်မှာ ၁၀၀ ထပ်ပေးရတယ်။ တကယ်လို့ စမတ်ကတ်မရှိတဲ့သူဆိုရင် ၂၀၀ဘတ် ထပ်ပေးရတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ၁,၂၀၀ ကျော်တွင်ရှိသော တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နှစ်စဉ်နှစ်တိုင်း ရေလွှမ်းမိုးခံရလေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် မယ်ဆိုင်မြစ်အထက်ပိုင်း ရွှေတူးဖော်မှုများကြောင့် ပိုဆိုးရွာလာကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ စက်တင်ဘာလတွင်လည်း ယာဂီမုန်တိုင်း၏ အရှိန်ကြောင့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် မကြုံစဖူး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး နေအိမ်အများအပြား ရေလွှမ်းမိုးပျက်စီးခဲ့ရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...