သိန္နီမြို့တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံသစ် တည်ဆောက်နေပြီး MNDAA တပ်မဆုတ်ဟုဆို

သျှမ်းပြည် သိန္နီမြို့မှ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာမည်မဟုတ်ဘဲ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံနှင့် ဈေးဝယ်စင်တာ တည်ဆောက်နေကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ ရပ်ကွက်(၁) ဈေးတန်းရပ်ရှိ သိန္နီမြို့မဈေးနေရာ၌ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆေးရုံနှင့် ဈေးဝယ်စင်တာ ပါဝင်သည့် သုံးထပ်အဆောက်အဦးသစ် ဆောက်လုပ်ရန် အုတ်မြစ်ချ ပန္နက်ရိုက် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် ဇူလိုင်လ ၂၉ ရက် ညနေ(၃) နာရီတွင် MNDAA မှ သိန္နီခရိုင် ဆေးရုံအသစ် ဆောက်လုပ်မည့် သိန္နီမြို့မဈေးနေရာတွင် ဒေသခံများ၊ ဈေးသူဈေးသားများနှင့် အစည်းအဝေး ပြုလုပ်ကာ ဆေးရုံသစ်နှင့် ဈေးဆိုင်ခန်းအကြောင်း ရှင်းပြခဲ့သည်ဟု အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့လုပ်ချင်တာ လုပ်ပြီးမှ ပြည်သူကို အသိပေးကြတာ။ စျေးလည်း အရင်က ပြည်သူကို ပြောတာက အသစ်ဆောက်ပြီးရင် အရင်ကိုယ့်နေရာဟောင်းနဲ့ ပြန်ပေးမယ်၊ အယောက်ဆီတိုင်းကို ပေးမယ်။ ခုကျ ဆေးရုံဆောက်ဖို့ အစီအစဉ်ဆွဲပြီးမှ ပြည်သူကို သတိပေးတာ။ ပြောတော့ ပြည်သူကို အရင်ဦးစားပေးမယ်တဲ့၊ ခုတော့ သူတို့ပြောထားတာနဲ့ တခြားစီ”ဟု သိန္နီမြို့မှ ၎င်းဈေးသည်အမျိုးသမီးက ပြောသည်။

သိန္နီမြို့မဈေး နေရာဟောင်းတွင် MNDAA မှ ခုတင် ၂၀၀ ဆံ့ သိန္နီခရိုင်ဆေးရုံ အဖြစ် ၃ ထပ်အဆောက်အဦသစ် တည်ဆောက်မည်ဖြစ်ပြီး ပထမထပ်တွင် ဈေးဆိုင်ခန်းများ၊ ဒုတိယထပ်တွင် ဆေးရုံဆေးခန်းနှင့် တတိယထပ်တွင် တည်းခိုခန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရပြီး ဆောက်လုပ်ရေးကာလ (၇) လခန့် ကြာမြင့်မည်ဟု ဆိုသည်။

ပုံစာ – သိန္နီမြို့မဈေးနေရာဟောင်းတွင် MNDAA တည်ဆောက်မည့် သိန္နီခရိုင်ဆေးရုံကြီး ဒီဇိုင်းပုံ (ဓာတ်ပုံ – ဒေသခံ)

သို့သော် ပထမထပ်တွင် ဈေးဆိုင်ခန်း (၇၀) သာ ပါရှိမည်ဖြစ်ပြီး မူလ သိန္နီမြို့မဈေးတွင် ဆိုင်ခန်းပေါင်း (၃၀၀) ကျော် ရှိခြင်းကြောင့် ဆိုင်ရှင်များမှ သဘောမတူဘဲ အခြားနေရာတွင် သွားရောက်လုပ်ဆောင်ရန် သို့မဟုတ် ကာလပေါက်ဈေးအတိုင်း မူလပိုင်ရှင်များထံ လျော်ကြေးပေးအပ်ရန် အစည်းအဝေးတွင် ပြောဆိုခဲ့သည်ဟု သိန္နီဒေသခံ အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

“၃ ထပ်ဆောက်မှာကို အောက်ဆုံးထပ်က ဈေးရောင်းခွင့်ပေးမယ်၊ ဆိုင်ခန်း (၇၀) ရှိမယ့်ဟာကို နဂိုမူလ ဆိုင်ရှင် (၃၀၀) ကျော်က အားလုံးမရဘူး။ ဆိုင်ခန်းမရတဲ့လူလည်း တခြားပရောဂျက်တွေ ထပ်ဆောက်ရင် ရမယ်၊ သူတို့ကိုးကန့်က တရုတ်တွေကို သိန္နီမှာ လာရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားလို့ စည်စည်ကားကား ဖြစ်လာမယ်။ သတင်းထွက်နေသလို သိန္နီကို ပြန်ပေးမှာ မဟုတ်ပဲ အစီအစဉ် ရှိတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ ပြောတယ်”ဟု ၎င်းဈေးသည်အမျိုးသမီးက ပြောဆိုသည်။

အလားတူ သိန္နီမြို့မဈေးနေရာနှင့် မျက်နှာချင်းဆိုင် ကြာကန်ဘေးရှိ လယ်ကွက်များကိုလည်း တရုတ်လုပ်ငန်းရှင်များမှ ဝယ်ယူလိုက်ပြီး ဟိုတယ်တည်ဆောက်လျက်ရှိကာ မြို့တွင်းအချက်အခြာကျသည့် အခြားနေရာများတွင်လည်း ဒေသခံများထံမှ နှစ်ရှည်ငှားရမ်းနေကြောင်း ဒေသခံများက ပြောသည်။

“သိန္နီကို သူတို့က မူပန် လို့ ခေါ်ကြတယ်၊ မြို့ထဲ တရုတ်စာတွေချည်းပဲ တစ်လုံးမှ နားမလည်ဘူး။ မြေကွက်နေရာကောင်းတွေကိုလည်း တရုတ်တွေက ၁၀ နှစ် ၂၅ နှစ် အဲ့လိုငှားနေတာ၊ ဒေသခံတွေတော့ ကိုယ့်နေရာ ပြန်မရမှာစိုးလို့ မငှားပေးဘူး။ လောက်ကိုင်မှာ ထမင်းဟင်း သွားရောင်းတဲ့သူတောင် သိန္နီပြောင်းလာကြပြီ၊ လောက်ကိုင်က လူမစည်တော့လို့ သိန္နီမှာ လာဖွင့်ကြပြီ”ဟု သိန္နီမြို့မှ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့ကို တစ်နှစ်ခွဲကျော် ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် လာမည့် စက်တင်ဘာလအတွင်း ထပ်မံတပ်ဆုတ်ရမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း သိန္နီမြို့ပေါ်တွင် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဲ့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မပျက် ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – သိန္နီမြို့မဈေးနေရာဟောင်းတွင် MNDAA တည်ဆောက်မည့် သိန္နီခရိုင်ဆေးရုံကြီး ဒီဇိုင်းပုံ (ဓာတ်ပုံ – ဒေသခံ)

အခြားတစ်ဖက်တွင် ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်) နံနက်ပိုင်းတွင် TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် တရုတ်ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် MNDAA ကြား သဘောတူထားသည့် စစ်ပြေငြိမ်းရေးစာချုပ်ကို စစ်ကောင်စီဘက်မှ ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း ကိုးကန့်သတင်းကွန်ရက် The Kokang မှ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်တွင် သိန္နီမြို့ ရပ်ကွက် (၁) ဈေးတန်းရပ်ရှိ ပျက်စီးသွားသည့် သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ် ရောင်းချနေသည့် ဈေးသည်များကို ကိုးကန့်တပ်ဖွဲ့ MNDAA ရဲများက လာရောက်နှင်ထုတ်ခဲ့ပြီး ၎င်းတို့ အသစ်ဖွင့်လှစ်ထားသည့် ပန်လော့ရွာဘက်သို့ သွားရောက်ရောင်းချခိုင်းပြီး MNDAA ထံလည်း အခွန်ပေးဆောင်ရကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...