ကျောက်မဲမြို့နယ် SSPP ထိန်းချုပ် နောင်ပိန်ရွာထဲ စစ်ကောင်စီလက်နက်ကြီးပစ်၊ ကိုရင်တစ်ပါးသေဆုံးပြီး ၄ ပါးဒဏ်ရာပြင်းထန်

သျှမ်းပြည် ကျောက်မဲမြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)ထိန်းချုပ်သည့် နောင်ပိန်ကျေးရွာအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ကိုရင်တစ်ပါး သေဆုံးပြီး ၄ ပါး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင် ၃၀ ရက်) နေ့လယ်ပိုင်းတွင် နောင်ချိုစစ်ကောင်စီတပ်သည် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျောက်မဲမြို့နယ် SSPP/SSA ထိန်းချုပ်သည့် နောင်ပိန်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်။

ထိုလက်နက်ကြီးကျည်သည် နောင်ပိန်ကျေးရွာ ရပ်ကွက်(၄)ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းနှင့် ဆေးရုံအနီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် စစ်ဘေးရှောင် ကိုရင်တစ်ပါး ပျံလွန်သွားပြီး ၄ ပါး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။

“နေ့လယ်ထဲက ဆေးရုံဘက်ကို လက်နက်ကြီး ပစ်ခံရတာ ၁၀ လုံးကျော်ရှိပြီ၊ အဲ့နားက အိမ်တွေလည်း လက်နက်ကြီးမှန်လို့ ပျက်စီးတယ်။ ပုဗ္ဗာရုံကျောင်းထဲလည်း တစ်လုံးကျကွဲလို့ နောင်ချိုက ရှောင်လာတဲ့ ကိုရင်လေးတစ်ပါး လက်ပြတ်ပြီး ဆုံးသွားတယ်၊ နောက်ထပ် ၄ ပါးလည်း ဒဏ်ရာရတယ်။ ဘုန်းကြီးကျောင်းက စစ်ရှောင်လည်း အကုန်ထွက်ပြေးနေရပြီ” ဟု နောင်ပိန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း SSPP/SSA မှ ထိန်းချုပ်ထားသော်လည်း ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ပြီး ဂုတ်ထိပ်တဖက်ကမ်းရှိ နောင်ချိုစစ်ကောင်စီတပ်မှ နောင်ပိန်ကျေးရွာ လူနေရပ်ကွက်ထဲနှင့် ပြည်ထောင်စုလမ်းမကြီးအနီး နေ့စဉ်နီးပါး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လာကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ – နောင်ပိန်ကျေးရွာ ရပ်ကွက်(၄) ရှိ ပုဗ္ဗာရုံကျောင်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးမှု (ဓာတ်ပုံ-ဒေသခံ)

လက်ရှိတွင် နောင်ပိန်ဒေသခံများလည်း ဘေးလွတ်ကင်းရာ ထပ်မံထွက်ပြေးနေရပြီး ကျောက်မဲနှင့် နောင်ချိုမြို့တို့မှ နောင်ပိန်ရွာထဲ လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်များမှာ နှစ်ထပ်ကွမ်း ထပ်မံထွက်ပြေးရခြင်းကြောင့် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာ အခက်အခဲများ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက် နေ့လယ်ပိုင်းကလည်း ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲသို့ ဂုတ်ထိပ်တဖက်ကမ်းရှိ နောင်ချိုစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းကြောင့် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး ထိမှန်သေဆုံးကာ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သည်။

ထို့အပြင် နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်ကောင်စီတပ်သည် ဂုတ်တွင်းမှတဆင့် မြေပြင်စစ်ကြောင်းများ ချီတက်လာကြောင်း သတင်းထွက်ပေါ်နေပြီး ပြည်ထောင်စုလမ်းမကြီးတလျှောက် ၁ မိုင်ပတ်လည်အတွင်းရှိ ကျေးရွာများမှာ လုံခြုံရေးစိုးရိမ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...