အင်းလေးဒေသ ငလျင်ဘေးသင့် နေအိမ်များ မိုးမကျမီ ပြန်ဆောက်ရန် လိုအပ်နေ
SHAN -
အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းရှိ နေအိမ်အများစု အလုံးစုံပျက်စီးသွားသောကြောင့် မိုးမကျခင် အချိန်မီပြန်ဆောက်ရန် လိုအပ်နေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ အင်းလေးဒေသတွင် ကျေးရွာပေါင်း ၄၄၅ ရွာရှိသည့်အနက် ကျေးရွာ ၂၀ ကျော်ရှိ နေအိမ်အများစု အလုံးစုံပျက်စီးနေကြောင်း၊ မိုးမကျခင် အချိန်မီပြန်ဆောက်ရန် လိုအပ်ကြောင်း အင်းလေးဒေသခံ...
ရွာငံတွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေ၊ ဒေသခံများကို ဖုန်းအသုံးပြုခွင့် မပေး
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် လင်းဝေးကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူများကို ဖုန်းလိုင်းဖြတ်တောက်ပြီး ဖုန်းအသုံးပြုခွင့် ပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ (၁၅) ရက်မှစပြီး ရွာငံမြို့နယ် လင်းဝေးကျေးရွာအုပ်စု ပါယ်ကင်း၊ သဖန်းပင်နှင့် ကျောက်တော ကျေးရွာဘက်သို့ စစ်ကောင်စီတပ် အင်အား (၁၀၀)ကျော်ဖြင့် စစ်ကြောင်း ထိုးနေကာ...
နမ့်ခမ်းမြို့ ရွှေလီမြစ်ထဲ ရေနစ်သေဆုံးသည့် ကလေးရုပ်အလောင်း ၃ ရက်အကြာမှာ ရှာဖွေတွေ့ရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် သင်္ကြန်အကျနေ့၌ ရွှေလီမြစ်အတွင်း ရေနစ်သေဆုံးသည့်ကလေး ရုပ်အလောင်းအား ၃ ရက်အကြာမှ ရှာဖွေတွေ့ရှိကြသည်ဟု စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့ရှိ ရွှေလီမြစ်ထဲတွင် ရေဆော့ကစားရင်း ရေနစ်ပျောက်ဆုံးသွားသော အသက် ၁၅ နှစ်အရွယ် မိုင်းနိုင် ထက်၏ ရုပ်အလောင်းကို ယမန်နေ့ ဧပြီ ၁၇ ရက်နေ့...
အာဆီယံဥက္ကဋ္ဌနှင့် NUG ဝန်ကြီးချုပ် အွန်လိုင်းမှတဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီကိစ္စ ဆွေးနွေး
SHAN -
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်တို့ အွန်လိုင်းမှတဆင့် မိနစ် (၄၀) ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၁၈ ရက်) နံနက်ပိုင်းတွင် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် နှင့် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း...
SHAN -
သျှမ်းပြည် လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်မှ အရာရှိအချို့ စတင်ဝင်ရောက်လာပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တရုတ်အစိုးရကိုယ်စားလှယ်များနှင့် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၇ ရက်) နေ့လယ်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက် (၂) ရှိ...
SHAN -
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၁၇ ရက်) နေ့လယ် ၂ နာရီအချိန်တွင် ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် သည် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်...
တောင်ကြီးရောက် လားရှိုးစစ်ဘေးရှောင်ရာချီ စီးပွားရေးခက်ခဲ ဝမ်းရေးကျပ်တည်း
SHAN -
‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’ ကြောင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့သို့ စစ်ဘေးရှောင်လာကြသော လားရှိုးမှ စစ်ဘေးရှောင်ရာဂဏန်း စီးပွားရေးခက်ခဲပြီး ဝမ်းရေးကျပ်တည်းနေသည်ဟု သိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့သော ‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’ တိုက်ပွဲကြောင့် တောင်ကြီးမြို့သို့ စစ်ဘေးတိမ်းရှောင်လာသည့် သျှမ်းပြည်မြောက်ပိုင်းဒေသခံများအနက် ယနေ့ကျန်ရှိနေသေးသော လားရှိုးမြို့ဒေသခံ အယောက် ၃၀၀...
သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ်သည့် ဈေးသည်များကို MNDAA လာရောက်နှင်ထုတ်
သျှမ်းပြည် သိန္နီမြို့ရှိ ပျက်စီးသွားသည့် မြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ် ရောင်းချနေသည့် ဈေးသည်များကို ကိုးကန့်တပ်ဖွဲ့ MNDAA ရဲများက လာရောက်နှင်ထုတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၅ ရက်) နံနက်ပိုင်းတွင် သိန္နီမြို့ ရပ်ကွက် (၁) ဈေးတန်းရပ်ရှိ ပျက်စီးသွားသည့် သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင်...
နမ့်ခမ်းမြို့ ရွှေလီမြစ်အတွင်း ကလေးတစ်ယောက်ရေနစ်ပျောက်ဆုံး
SHAN -
TNLA ထိန်းချုပ်ထားသော သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ရွှေလီမြစ်ထဲတွင် ရေဆော့ ကစားနေသည့် ကလေးတစ်ယောက် ရေနစ်ပျောက်ဆုံးနေကြောင်းသိရသည်။ နမ့်ခမ်းမြို့နယ် ဟိုဆိုင်းကျေးရွာရှိ ဟိုဆိုင်းချောင်းသာတွင် ဧပြီလ ၁၄ ရက် ညနေခင်းက ကလေးငယ် တစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ယနေ့ ဧပြီလ ၁၅ ရက်နေ့အထိ အလောင်းရှာမတွေ့သေးဟု...
ငလျင်အကြောင်းပြု၍ အာဆီယံဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင် ဘန်ကောက်မြို့တွင် တွေ့ဆုံမည်
SHAN -
အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တို့သည် လာမည့် ဧပြီလ ၁၇ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ လက်ရှိ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့်...





