သျှမ်းပြည်နေရာအနှံ့တွင် ရေကြီး၊ နေအိမ်အချို့နှင့် သီးနှံစိုက်ခင်းများ ပျက်စီး

ဝီဖာမုန်တိုင်း၏ ရိုက်ခတ်မှု အရှိန်ကြောင့် သျှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ မြို့နှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် နေအိမ်အချို့နှင့် သီးနှံစိုက်ခင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇူလိုင် ၂၃ ရက်) ညနေပိုင်းက လင်းခေးမြို့ရှိ နမ့်တိန်းချောင်းရေလျှံမှုကြောင့် မြို့ပေါ်ရှိ လူနေအိမ်နှင့် ရပ်ကွက်များတွင် ရေကြီးမှုဖြစ်ပွားခဲ့ပြီး ပြည်သူများ ယာယီပြောင်းရွှေ့ရကြောင်း လင်းခေးမြို့ဒေသခံ အသက် (၃၀) နှစ်ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“ချောင်းဘေးမှာ ရှိတဲ့နှမ်းစိုက်ခင်းတွေ ရေလွှမ်းသွားပြီ၊ ပြီးတော့ ချောင်းဘေးမှာရှိတဲ့ အိမ်တွေလည်း ရေဝင်တယ်။ ပစ္စည်းတွေရော၊ လူတွေရော အကုန်ပြောင်းရွှေ့ထားရတယ်” ဟု ၎င်းကပြောသည်။

ယမန်နေ့တွင် နမ့်တိန်းချောင်းရေလျှံမှုကြောင့် လင်းခေးမြို့ပေါ်ရှိ ဝမ်လုံရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ ဝမ်မပျဉ်းရပ်ကွက်၊ ပင်ထနောင်းရပ်ကွက်နှင့် ပင်ဝေါင်ရပ်ကွက်တွင် ရေကြီးမှုဒဏ် ခံခဲ့ရသည်။

ထို့ပြင် လင်းခေးမြို့နယ် တင်းကွန့်ရွာ၊ ပူးကမ်ရွာ၊ နမ့်အွန်ရွာ၊ ဟိုနားရွာ၊ ဟွေဟေးရွာ၊ ဝမ်ကွန်ရွာနှင့် ဝမ်ဟတ်တိုက်နယ် နားကုန်းရွာတွင်လည်း ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

သို့သော် ယနေ့ ဇူလိုင် ၂၄ ရက်ထိ နမ့်တိန်းချောင်းရေ အနည်းငယ် ပြန်ကျသွားပြီဖြစ်ကြောင်း လင်းခေးမြို့ ဒေသခံများက ပြောသည်။

အလားတူ လဲချားမြို့နယ်အတွင်း နမ့်တိန်းချောင်းရေလျှံမှုကြောင့် လယ်ယာစိုက်ခင်းများ ရေနစ်မြုပ်ခဲ့ကြောင်း လဲချားမြို့ဒေသခံ အသက် (၄၀) ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“ဒီတစ်ခေါက် ရေကြီးတာက အရင်တစ်ခေါက်ထက် ၂ ပေလောက်ကျော်တယ်။ ချောင်းဘေးတစ်လျှောက်မှာ ရှိတဲ့ လယ်ခင်းတွေ အကုန်လုံးမြုပ်တယ်၊ မစိုက်ရသေးတဲ့ ပျိုးခင်းတွေလည်း အကုန်မျှောပါသွားတယ်” ဟု ၎င်းက ပြောသည်။

လဲချားမြို့အပါအဝင် နောင်ပန်၊ နောင်မိန်း၊ နောင်လုံ၊ ဟိုဖိုင် စသည့် နမ့်တိန်းချောင်းဘေး တစ်လျှောက်ရှိ စိုက်ခင်းများလည်း ရေကြီးနစ်မြုပ်ခဲ့သည်။

ထို့အတူ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ကျော်ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာ နေရာများသို့ ရှောင်ရှားနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...