သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း နှစ်ပေါင်း ၂၀ ကျော်ကြာ သိမ်းဆည်းခံထားရသော လယ်ယာမြေဧက ၅၀၀၀ ကျော်အနက် လယ်ယာမြေများအား မြေတိုင်းဦးစီးဌာနနှင့်အတူ ကွင်းဆင်းတိုင်းတာနိုင်ရန် လယ်ယာပိုင်ရှင် နှင့် ရပ်ရွာအကြီးအကဲများ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။ နို၀င်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက ကျေးသီးမြို့ မိုင်းကောင်ဝ်အုပ်စု မိုင်းကောဝ် ဘုန်းကြီးကျောင်းတွင်...
ပညာရေးခေတ်မှီတိုးတက်ရေးအတွက် သျှမ်းပြည် ဒေသန္တရ ပညာရေးကော်မတီဖွဲ့စည်း
ခေတ်မှီတိုးတက်သော ပညာရေးစနစ်အဖြစ်ဖော်ဆောင်ရန်ရည်ရွယ်ပြီး ဒေသန္တရပညာရေးကော်မတီ (သျှမ်းပြည်နယ်)အတွက်ဖွဲ့စည်းလိုက်ကြောင်းသိရသည်။ ၂၀၁၈ နို၀င်ဘာလ ၃ ရက်နေ့က တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးတွင် သံဃာတော်များနှင့် လူမှုအခြေပြုအဖွဲ့အစည်းများတွေ့ဆုံကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ "အစိုးရပိုင်းကတော့မပါဘူး။ ဒါပေမယ့် အစိုးရရဲ့ပညာရေးပိုင်းဆိုင်ရာနဲ့ချိတ်ဆက်ပြီးတော့ လုပ်ငန်းတွေဆောင်ရွက် သွားဖို့ရှိပါတယ်။ မွန် ကချင် ကရင် ကယား သူများတွေ အမျိုးသားကျောင်းရှိတယ် ။ ကိုယ့်သျှမ်းပြည်မှာလည်း...
ကျောက်မဲမြို့နယ်အတွင်း ကျွဲတင်ယာဉ်ပစ်ခတ်ခံရ
သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် မန္တလေး မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျွဲတင်လာသည့် သုံးဘီးယာဉ်တစီး သေနတ်ပစ်ခံရပြီး ယာဉ်မောင်းတဦး ကျည်ဆံထိ သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ကျောက်မဲမြို့နယ် စခန်းသာ ကျေးရွာ အနီး မိုင်တိုင်အမှတ်...
လဲချားမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ ကျားခေါင်းပါတီ အပြတ်အသတ်အနိုင်ရ
ယနေ့နိုဝင်ဘာ ၃ ရက် ၂၀၁၈ ခု တွင်းကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအား ကျားခေါင်းပါတီ အမည်ရ SNLD ပါတီက ကျားဖြူပါတီ နှင့် NLD တို့အား မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်ဟုသိရသည်။ ကျားခေါင်းပါတီ အမတ် စိုင်းဥက္ကာ ခေါ် စိုင်းကောင်ခမ်းက...
သျှမ်းပြည်တွင်း လက်နက်ကိုင်တပ်ဖွဲ့များကြားတိုက်ပွဲကြောင့် သီပေါဒေသခံလူထု ထောင်ကျော်စစ်ဘေးရှောင်နေရ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ် နှင့် RCSS တပ်တို့ ကြားတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဒေသခံလူထု ၁၀၀၀ ကျော် အထိ ယနေ့တိုးလာနေကြောင်းသိရသည်။ ၂ ဦး ၂ ဖက်ကြားတိုက်ပွဲများမှာ နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့ ၂ရက်တာအတွင်းဖြစ်ပြီး စစ်ဘေးရှောင်များမှာ လည်း နားမခေါ်ကျောင်းတိုက်နှင့်ဝမ့်ဟုန့်ရွာကျောင်းတိုက်တို့တွင်...
ကြားဖြတ်ရွေးကောက်ပွဲ သျှမ်းလူမျိုး မဲဆန္ဒရှင်များ မဲပေးမှုနည်းပါး
ယနေ့နိုဝင်ဘာ ၃ ရက် ၂၀၁၈ တွင်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲအား သျှမ်းလူမျိုး မဲဆန္ဒရှင်များ မဲလာပေးမှု နည်းနေသည်ဟု ဒေသခံများ၊ ဆိုင်ရာ ပါတီများက ပြောသည်။ လစ်လပ်နေသည့် လွှတ်တော်အမတ် နေရာ ၁၃ နေရာအတွက် မဲပေးရွေးချယ်ရန် ယနေ့နံနက် ၆ နာရီမှ ညနေ ၄...
လားရှိုးရောက် စစ်ဘေးရှောင် ၁၀၀၀ ကျော် နေရပ်ရင်းပြန်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မန်ဆူဘုန်းကြီးကျောင်းတွင်ရောက်ရှိခိုလှုံနေသော လားရှိုးမြို့နှင့် နမ္မတူမြို့ ကျေးလက်များမှ စစ်ဘေးရှောင်များ နေရပ်ပြန်ကုန်ကြပြီဖြစ်ကြောင်းသိရသည်။ လားရှိုးမြို့နယ် မန်ဆူဘုန်းကြီးကျောင်းသို့ရောက်ရှိနေသော အီနိုင်းအုပ်စု ပန်ဟုန်းရွာ၊ ၀မ့်ပိန်းရွာ၊ ၀မ့်နားဟာရွာ၊ ၁၃ မိုင်ရွာ၊ ၁၅ မိုင်ရွာ တို့မှရွာသားများ၊ နမ္မတူမြို့နယ် နားဆိုင်းအုပ်စု မိုင်းတောင်ရွာမှ ရွာသားများ စုစုပေါင်း ၁၀၀၀...
သီပေါမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်မတပ်နှင့် RCSS တိုက်ပွဲဖြစ် ရွာသားရာချီ စစ်ဘေးတိမ်းရှောင်နေ
သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် နားမခေါ်အုပ်စုအနီး တိုက်ပွဲဖြစ်ပွါးရာ ဒေသခံရွာသား ၆၀၀ ကျော် နားမခေါ်အုပ်စုဘုန်းကြီးကျောင်းသို့ရောက်ရှိစစ်ဘေးခိုလှုံနေ ကြောင်း သိရသည်။ သီပေါနှင့်နမ့်လန်ကြား နားမခေါ်အုပ်စုအတွင်း နို၀င်ဘာလ ၂ ရက်နေ့မနက်ပိုင်းကစပြီး နေ့ခင်းပိုင်းအထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS တို့အကြား ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သီပေါ မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းအောင်က အတည်ပြုပြောဆိုသည်။ နားမခေါ်ရွာဘုန်းကြီးကျောင်းသို့ရောက်ရှိကာ...
လဲချားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရေး မဲပေးပိုင်ခွင့်ရှိသူ ၃၉၀၀၀ ကျော်ရှိ
နိုဝင်ဘာလ ၃ ရက်နေ့ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အတွက်မဲပေးပိုင်ခွင့်ရှိသူ ၃၉၀၀၀ ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့်စာရင်းအရသိရသည်။ လဲချားဒေသခံ စိုင်းနွံ က- ကျနော်တို့လေ့လာကြည့်သလောက်တော့ ၃၀ ရာခိုင်နှုန်းလောက်က သျှမ်းပါတီတွေ မပေါင်းလို့မဲမထည့်ချင်ဘူး လို့ပြောကြတဲ့သူတွေဘဲ။ ကျနော့်သဘောထားကတော့ မဲပေးပိုင်ခွင့် အခွင့်အရေးကကိုယ့်အတွက်တကယ့်အခွင့်အရေးဘဲ။ ဒါကြောင့်လူတိုင်းကို...
လားရှိုးမြို့နယ်အတွင်း အစိုးရတပ်မတော်ထိုးစစ်ဆင်သည့်အတွက် ဒေသခံ ၁၀၀ ကျော်စစ်ဘေးရှောင်ရောက်
လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA အား အစိုးရတပ်မတော်ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် ဒေသခံရွာသား ၁၀၀ ကျော် နေရပ်မှထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။ အောက်တိုဘာလ ၃၀ ရက်နေ့ မနက် ၄ နာရီခန့်ကတည်းက မိုင်းယော်တိုက်နယ် တောင်ဘက် ပန်လော့ရွာနှင့်လွယ်စန်းရွာတို့ဘက်တွင် ပစ်ခတ်တိုက်ခိုက်သံများလက်နက်ကြီးကျည် ပစ်ခတ်သံများကြား ရပြီးနောက် မိုးလင်းချိန်တွင်...





