တိုက်ပွဲကြောင့်အရပ်သားများ သေဆုံးမှု သျှမ်း/မြောက် လူသားစာနာမှုအဖွဲ့ ရှုပ်ချ

သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွါးနေသော တိုက်ပွဲနှင့်ပတ်သက်ပြီး ဒေသခံလူထု ထိခိုက်ဒဏ်ရာရ သေကြေ ပျက်စီးဆုံးရှုံးမှု အပေါ် ရှုပ်ချကြောင်း သျှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ က ထုတ်ပြန်ကြေငြာလိုက်သည်။

Credit to Owners

သြဂုတ်လ ၁၉ ရက်နေ့က ကျရောက်သော ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှု အထိမ်းအမှတ်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Humanitarian Strategic Team – Northern Shan State (HST-NSS) က အချက် ၉ ချက်ပါ အကြံပြုတိုက်တွန်းချက်ပါ သည့် သြဂုတ် ၂၀ ရက်တွင် ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့သည်။

သြဂုတ်လ ၁၇ ရက်နေ့က နောင်ချို ပြင်ဦးလွင်မှာ စတင်တဲ့ တိုက်ပွဲကြောင့် ဒေသခံလူထုတွေပါ ထိခိုက်ဒဏ်ရာရတယ်။ သေကြေပျက်စီးတယ်။ လူထုထောင်ကျော်ဟာ စစ်ဘေးရှောင်နေရတယ် ။ ကူညီမှုပေးနေတဲ့ ပရဟိတကားတွေပစ်ခတ်ခံရတယ်။ ပရဟိတသမားတွေသေကြေဒဏ်ရာရတယ်။ ဒီအပေါ် လက်နက်ကိုင်အဖွဲ့တွေအားလုံးကို ကျနော်တို့ လုံးဝ ဆန့်ကျင်ရှုပ်ချတယ်။ လူထုအနေနဲ့လည်း စိုက်ပျိုးလယ်ယာခြံမြေတွေကို ပစ်ပြီးတော့ စစ်ဘေးရှောင်ခိုလှုံနေကြတယ်။ ဒီ ၂ ရက် ၃ ရက်အတွင်းမှာဘဲ စစ်ဘေးရှောင် ၂၀၀၀ ကျော်ရှိပြီ။ ဒါကြောင့်လက်နက်ကိုင်တပ်ဖွဲ့အားလုံးကိုကျနော်တို့ တောင်းဆိုထားတယ် လူထုကိုထိခိုက်မှုမရှိစေမယ့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆွေးနွေးကြပါ လို့။ ”- HST-NSS အဖွဲ့ဝင် TYN မှ စိုင်းနော်ဆိုင်က ပြောသည်။

ကမ္ဘာပေါ်တွင်လူဦးရေ သန်းပေါင်း ၁၃၀ ကျော်သည် စစ်ဘေးပဋိပက္ခနှင့် သဘာဝဘေး အန္တရာယ်များရင်ဆိုင် နေရကြောင့် ထိုအထဲတွင် သျှမ်းပြည်လူထု ၂၀၀၀၀ ကျော်မှာ ၂၀၁၁ မှစပြီး အကြိမ်ကြိမ် စစ်ဘေးရှောင်နေရ သဖြင့် မိသားစုစားဝတ်နေရေးအခက်အခဲဖြစ်နေရသည်ဟုဆိုပါသည်။

HST-NSS Statement

၂၀၁၈-၂၀၁၉ အတွင်းတွင်လည်း သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲကြောင့် မြေမြုပ်မှိုင်းထိခိုက်သူ ၅၃ ဦး၊ လက်နက်ကြီးထိခိုက်သူ ၃၁ ဦးရှိပြီး မိသားစုအတွင်း သေကြေသူများကြောင့် ကျန်ရစ်သည့်မိသားစုဝင်များမှာ များစွာအခက်အခဲကြုံတွေ့ရကြောင်း HST-NSS တွင်ဖော်ပြထားသည်။

တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာ အခုစာသင်ကျောင်းတွေပိတ်ထားရတယ်။ ကလေးငယ်တွေ လည်းစစ်ဘေးရှောင်နေရတယ်။ မွေးခါနီးဖွားခါနီး ဗိုက်ကြီးသည် ကတော့ မတ်ချိနူ ဘုန်းကြီးကျောင်းဘက်မှာ ၂ ယောက် ၃ ယောက်ရှိတယ်။ သြဂုတ်လ ၁၇ ရက်ကစတဲ့တိုက်ပွဲကြောင့်သေဆုံးတဲ့ အရပ်သားလူထုစုစုပေါင်း ၆ ယောက်ရှိပြီ ။” – ဟု စိုင်းနော်ဆိုင်ကပြောသည်။

တိုက်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးတခုနှင့်ပတ်သက်ပြီး စိုင်းနော်ဆိုင်က – “ကျနော်တို့ အခုစိတ်ပူနေရတာ တခုက စစ်ပွဲတခုပြီးသွားတိုင်းမှာ ကျနော်တို့ဒေသကလူထုတွေဟာ တခြားတရုတ်၊ ထိုင်းတွေဘက်ကိုသွားပြီး ရွှေ့ပြောင်းအလုပ်သမားအဖြစ် အလုပ်သွားလုပ် ပိုက်ဆံရှာရတယ် မိသားစုဝမ်းရေးအတွက်ပေါ့နော်။ ဒါကလည်းတိုက်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးတခုပေါ့။ ”- ဟု ပြောသည်။

HST-NSS ၏ ကြေငြာချက်တွင် အကြံပြုတိုက်တွန်းချက် ၆ ချက်လည်းပါရှိရာ – တိုက်ပွဲများအမြန်ဆုံးရပ်တန့်ပြီး မြေမြှုပ်မိုင်းများ ၊ လက်နက်များပရမ်းပတာပစ်ခတ်ခြင်း၊လူ့အခွင့်အရေးချိုးဖောက်မှုများ လုံးဝမပြုရန်၊ တိုက်ပွဲဒဏ်ခံရသော အရပ်သားပြည်သူများ၏ အိုးအိမ်ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း သိမ်းယူခြင်းမပြုရန်၊ စစ်ဒဏ်ခံရသည့်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများ လူ့ဂုဏ်သိက္ခာနှင့်အညီ ကူညီဆောင်ရွက်ပေးရန်၊ ပဋိပက္ခကြောင့် ကုန်စျေးနှုန်းများအဆမတန်မြှင့်တက်ခြင်းအပေါ် အစိုးရဝန်ကြီးဌာနမှ ထိရောက်စွာထိန်းကျောင်းပေးရန် ၊ စစ်ရှောင်များအား ကူညီစောင့်ရှောက်မှုပေးသော အဖွဲ့အစည်းများကို နှောင့်ယှက်တိုက်ခိုက်ခြင်းလုံးဝမပြုရန် အစရှိအချက်များပါရှိသည်။

HST-NSS ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များကွန်ယက် (TYN) ၊ရှမ်းပြည်နယ် ကချင်နှစ်ခြင်း အသင်းတော်များမိတ်သဟာယ (SJN-HDD)၊ ကရုဏာလူမှု စည်းလုံးညီညွတ်ရေးအသင်း (KMSS) တအာင်းကျောင်းသားနှင့်လူငယ်အဖွဲ့ (TSYU)၊ ရှမ်းပြည်နယ် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မျာအးဖွဲ့ (SGZ)၊ ရှမ်းလူငယ်များအဖွဲ့ (TYO) ၊ ကွတ်ခိုင်ဇုံနယ် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်များအဖွဲ့ (KGZ)၊ မုံးမောဝ်နယ် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်များအဖွဲ့ (MGZ)၊ Never end Tomorrow (Net) ရှမ်းပြည်နယ်ကချင်အမျိုးသားလုံးဆိုင်ရာကွန်ယက် (SKNN) ၊မေတ္တာ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Metta) တို့မှ ပါ၀င်ပူးပေါင်းဖွဲ့စည်းထားပါသည်။

ပြည်တွင်းစစ်ပဋိပက္ခအတွင်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဉ်များပြုလုပ်နေသည့် ဆာဂျီယို ဗီယာရာဒယ်မယ်လို နှင့်လုပ်ဖော်ကိုင်ဖက် ၂၁ ဦးမှာ ၂၀၀၃ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ဗုံးဖြင့်တိုက်ခိုက်ခံရသဖြင့် သေဆုံးသွားခဲ့သည့်အတွက် ၄င်းတို့အားဂုဏ်ပြုသောအနေဖြင့် ၂၀၀၈ ခုနှစ် ကုလသမဂ္ဂထွေထွေ ညီလာခံက သြဂုတ်လ ၁၉ ရက်နေ့အား ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှု အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။ “အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့...

မိုးကုတ် စစ်ကော်မရှင်တပ် အင်အားဖြည့် စစ်ကြောင်းထိုး၊ PDF တပ်များနှင့် ထိတွေ့တိုက်ပွဲပြင်းထန်

0
သျှမ်းပြည်-မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်မြို့တွင် စစ်ကော်မရှင်တပ်ဘက်မှ အင်အားဖြည့် စစ်ကြောင်းထိုးခြင်းကြောင့် တော်လှန်ရေးအင်အားစု PDF တပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၈ ရက်) နံနက်ပိုင်းမှ စတင်၍ မိုးကုတ်မြို့နယ်ရှိ ချောင်းကြီးနှင့် ရှမ်းကုန်းစံ ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးအင်အားစု PDF တပ်များ...
MDY-PDF In Front of Mong Mit Signboard

မိုးမိတ်တွင် KIA ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ်ရှိ မိုးဟောက်နှင့် ပသင် ကျေးရွာအုပ်စုဘက်တွင် ကချင်လွတ်လပ်ရေးတပ်...