သျှမ်းမြောက် တိုက်ပွဲကြောင့် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်ဟု အစိုးရပြော

သျှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲသည် လက်ရှိ သွားနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်သည် ဟု နိုင်ငံတော် သမ္မတ ရုံး မှ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး က ပြောဆိုလိုက်သည်။

Photo SHAN- သြဂုတ်လ ၂၀ ရက်နေ့ ၂၀၁၉ ချင်းမိုင်မြို့တွင်ပြုလုပ်သော NRPC နှင့် RCSS တို့အလွှတ်သဘောတွေ့ဆုံမှုအပြီး သတင်းသမားများအားတွေ့ဆုံဖြေကြားပေးနေသော သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးနှင့် RCSS အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်း

သြဂုတ် ၂၀ ရက် ၂၀၁၉ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန( NRPC) အဖွဲ့နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ( RCSS/SSA) တို့   နေ့လည် ၂ နာရီ တွင် အလွတ်သဘော တွေ့ဆုံကြပြီးနောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင်  ဦးဇော်ဌေးက ဖြေကြားပြောဆိုခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၅ ရက်နေ့မှ စတင်ပြီး ညီနောင် မဟာမိတ် (၃)ဖွဲ့သည် သျှမ်းပြည်နယ် မြောက်ပိုင်းနောင်ချိုနှင့် မန္တလေး တိုင်း ပြင်ဦးလွင် နည်းပညာတက္ကသိုလ် (DSTA) အပါအဝင် ၅နေရာကို စစ်ဆင်ရေး ပြုလုပ်ခဲ့သည့်ဖြစ်စဉ်မှာ အကြမ်းဖက် လုပ်ရပ်မှု ဖြစ်ကြောင်း၊ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်ကြောင်း နှင့် အစိုးရ အနေဖြင့် ထိုလက်နက်ကိုင် တိုက်ပွဲသည် ပြသနာကို မဖြေရှင်းနိုင်ကြောင်း ဦးဇော်ဌေး က သျှမ်းသံတော်ဆင့်အား ပြောသည်။

“ မြောက်ပိုင်း ၃ဖွဲ့က ဖြစ်စဉ်ကို ကြည့်ရင် ကျနော်တို့ အစိုးရ အနေဖြင့် နံပတ် ၁ ဒါသည် အကြမ်းဖက် လုပ်ရပ် ဖြစ်တယ်။ နံပတ်၂ သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်တယ်။နံပတ် ၃ ကတော့ အစိုးရ အနေနဲ့ ဒီလို မျိုးလက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပြသနာတွေ မပြေလည် ဘူးလို့ ခံယူတယ်။ အဲ့အတွက်ငြိမ်းချမ်းရေး တံခါး ဖွင့်ထားတယ်” ဟု ဦးဇော်ဌေး က ဆိုသည်။

အစိုးရ အနေဖြင့် ပဏာမ အပစ်ခတ်ရပ်စဲရေး (Bilateral) အတွက် ကြိုးပမ်းနေကြောင်း၊ အထူးသဖြင့် နိုင်ငံရေး ဆွေးနွေးပွဲ မသွားခင် အပစ်ခတ်ရပ်စဲရေး သွားရန်၊ အစိုးရ အနေဖြင့် တိုက်ပွဲ များရပ်ပြီး မှ နိုင်ငံရေး ဆွေးနွေးပွဲကို ပြုလုပ်ရန် ဖြစ်ကြောင်း ဦးဇော်ဌေး က ပြောသည်။

“ တဖက်မှာလည်း နိုင်ငံရေးမှာ ဆွေးနွေးနေလဲ တဖက်မှာ တိုက်ပွဲ ဖြစ်နေတယ်ဆိုတာက ၂ဖက်လုံး ကျနော်တို့ ပြန်လည် သုံးသပ်ဖို့ လိုပါတယ်” ဟု ဦးဇော်ဌေး က ပြောဆိုလိုက်သည်။

ထို့ပြင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ မှ ပြည်ထောင်စု နိုင်ငံရေး တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC မှ ထိပ်ပိုင်းခေါင်းဆောင် များနှင့် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန် တို့သည် သြဂုတ် ၂၀ ရက်တွင် တရုတ် ပြည်သူသမ္မတနိုင်ငံ ကူမင်း မြို့တွင် တွေ့ဆုံခဲ့ကြောင်း ဦးဇော်ဌေး က ပြောသည်။

“ ဒီနေ့ ပဲ သူတို့ ကူမင်းမှာ တွေ့နေကြပြီလို့သတင်းကြားတယ်။ ဘယ်လို ရလဒ် တွေ ဖြစ်လာမှာလဲ ဆိုတာ မသိဘူး။ တရုတ်ကတော့ ကျနော်တို့အိမ်နီးချင်း နိုင်ငံတွေဖြစ်တယ် ကျနော်တို့နယ်စပ်မျဉ်းတလျောက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ထိတွေ့မှုတွေရှိတယ်။ ငြိမ်းချမ်ေးရး အကျိုးဆောင် အနေနဲ့ တရုတ်အခန်းကဏ္ဍကို ကျနော်တို့ အလေးထားတယ်” ဟု ဦးဇော်ဌေး က ပြောသည်။

သြဂုတ် ၂၀ ရက် ၂၀၁၉ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန( NRPC) အဖွဲ့နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ( RCSS/SSA) တို့ သည် နေ့လည် ၂နာရီ တွင် အလွတ်သဘော တွေ့ဆုံကြသည်။

ထိုတွေ့ဆုံမှု သည် အဓိက ငြိမ်းချမ်ေးရ းလုပ်ငန်းစဉ် ယာယီရပ်ဆိုင်းရပ်နေသည့်အကြောင်း၊ ယာယီအားဖြင့် တဘက်နှင့် တဘက် ပြန်လည် သုံးသပ်ပြီး ပိုမို ကောင်းမွန်အောင် လုပ်ငန်းများဖြစ်အောင် ဆွေးနွေးခြင်း နှင့် ၂၁ ပင်လုံ ငြိမ်းချမ်းရေး ရလဒ်ကောင်းများ အတွက် ဆွေးနွေးကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်မြို့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံးအဖြစ် သုံးရက်ဆက်တိုက်ဖြစ်၊ ဒေသခံများ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်နေ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် တစ်ပတ်နီးပါးကြာအောင် ဆက်တိုက်ဖြစ်ပေါ်နေသည့် ပြင်းထန်သော မြူခိုးညစ်ညမ်းမှုကြောင့် အပြင်ဘက်တွင် အလုပ်လုပ်ကိုင်နေရသည့် ဒေသခံများမှာ ကျန်းမာရေးဝေဒနာများ ခံစားနေရကြောင်း သိရသည်။ လေထုအရည်အသွေး တိုင်းတာသည့် IQAir ၏ ထုတ်ပြန်ချက်အရ ချင်းမိုင်မြို့သည် ကမ္ဘာပေါ်ရှိ မြို့ကြီးများအနက် လေထုညစ်ညမ်းမှု အဆိုးရွားမြို့အဖြစ် သုံးရက်ဆက်တိုက် သတ်မှတ်ခံထားရသည်။ ယနေ့ (မတ်လ...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...