Tuesday, January 27, 2026

အလံဖြူထောင်ထားသည့် လူမှု ကူညီရေးကား သေနတ်ပစ် ခြိမ်းခြောက်ခံရ

သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ဒဏ်ရာရထားသည့် တောင်သူ ၂ ဦးကိုသွားရောက် ကူညီ ခေါ်ဆောင်မည့် ဂရုဏာ လူမှုကူညီရေး (မူဆယ်) ကား လက်နက်ပစ်ခတ်ကာ ခြိမ်းခြောက်ခံရ ဟု သတင်းရရှိ သည်။

Photo Credit to ဂရုဏာလူမှုကူညီရေးအသင်း- အလံဖြူထောင်ထားသည့် ဂရုဏာ လူမှုကူညီရေးအသင်းကားများ

သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်း ကွတ်ခိုင် နှင် နမ့်ဖတ်ကာကြားရှိ ဖာဖိန့်ရွာ နှင့် ကုံးစုံရွာမှ တိုက်ပွဲကြောင့် ကျည်ထိမှန်ပြီး ပိတ်မိနေသည့် တောင်သူ ၂ဦးကို ကယ်ထုတ်ရန် အလံဖြူ တပ်ဆင်ပြီး သွားသည့် ဂရုဏာလူမှု ကူညီရေး အသင်း (မူဆယ်) ကားမှာ ခိုမုန်းကျေးရွာတွင် သေနတ်ပစ် ခြိမ်းခြောက်ခံရကြောင်း ဂရုဏာ လူမှုကူညီရေး အသင်း(မူဆယ်) မှ ဥက္ကဌ ဦးသောင်းထွန်းက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ကျနော်တို့ကို ဒဏ်ရာရတဲ့သူ ၂ ဦး ရွာမှာ ပိတ်မိတယ်ဆိုပြီး ဖုန်းဆက်လာလို့ သွားခေါ်မလို့ပါ။ ကားမှာလည်း အလံဖြူ ထောင်ထားပါတယ်။ သေနတ်အချက်ပေါင်း ၃၀ လောက် ပစ်ပြီး ခြိမ်းခြောက်တယ်။ လူရော ကားရောမထိဘူး။ ခြိမ်းခြောက်တာပါပဲ” ဟု ဦးသောင်းထွန်း က ဆိုသည်။

လက်နက်ထိမှန်ကာ ရွာတွင် ပိတ်မိနေသည့် အမျိုးသား၂ ဦးမှာ ခြေထောက် နှင့်လက်တို့တွင် ထိမှန်ဒဏ်ရာ ရရှိကြောင်း ၊ ယခုချိန်ထိ ကျည်မထုတ်နိုင်သေးကြောင်း၊ ဒဏ်ရာ ပြင်းထန်သည်ဟုကြားသိရကြောင်း ဦးသောင်းထွန်းက ပြောသည်။

Photo Credit to ဂရုဏာလူမှုကူညီရေးအသင်း- အလံဖြူထောင်ထားသည့် ဂရုဏာ လူမှုကူညီရေးအသင်းကားများ

ဂရုဏာ လူမှုကူညီရေး (မူဆယ်) ကားကို လက်နက်ပစ် ခြိမ်းခြောက်မှု လုပ်သဖြင့် မူဆယ်သို့ ပြန်လှည့်ပြန်ခဲ့ရသည် ဟုလည်းသိရသည်။

လွန်ခဲ့သည့် သြဂုတ် ၁၇ ရက်နေ့ နေ့လည် ၉ နာရီဝန်းကျင်တွင်လည်း လားရှိုး လူငယ်များ လူမှုကူညီရေးအသင်း ကားလည်း လက်နက်ကြီးထိမှန်ကာ လားရှိုးလူငယ်များ အသင်း ဥက္ကဌ ကျည်ထိမှန်သေဆုံးခဲ့ပြီး အဖွဲ့ဝင် ၃ဦး ဒဏ်ရာရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းတွင် မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံ ခြိမ်းခြောက်ပြောဆို

0
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းနှင့် မိုင်းရယ် (၂) မြို့နယ် ပါဝင်သည်။ ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်တွင်...

နမ့်ခမ်း TNLA ထံ အခွန်မဆောင်သည့် ဈေးဆိုင်ခန်းများကို လေလံတင် ရောင်းချမည် ဟု ခြိမ်းခြောက်ခံရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံ အခွန်မဆောင်သည့် ဈေးဆိုင်ခန်းများကို ပိတ်သိမ်းပြီး လေလံတင်ရောင်းချမည်ဟု ခြိမ်းခြောက်ခံနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အထည်ဆိုင်၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် စသည့်...

မြောက်ပိုင်းမဟာမိတ်များကို UWSA စစ်လက်နက်မထောက်ပံ့ရန် ဆုံးဖြတ်ခြင်းက စစ်ကော်မရှင်နှင့် ပုလင်းတူဘူးဆို့ဟုပြော

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် TNLA ၊ MNDAA နှင့် SSPP/SSA တို့ကို ‘ဝ’တပ်ဖွဲ့ UWSA က စစ်လက်နက်များ မထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ခြင်းသည် စစ်ကော်မရှင်နှင့် ပုလင်းတူဘူးစို့သာဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောဆိုလိုက်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် ‘ဝ’တပ်ဖွဲ့ UWSA...

ကွတ်ခိုင်မြို့နယ် မန့်ဝိန်းပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူး ပစ်သတ်ခဲ့သည့်အမှု လျော်ကြေးငွေဖြင့် ကြေအေး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ်ရှိ ပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို လျော်ကြေးငွေဖြင့် ကြေအေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၈) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူး စိုင်းစိန္န...

ကျောက်မဲမြို့နယ် TNLA နှင့် MNDAA ပေါင်းပြီး စက်ယန္တရားဖြင့် အကြီးအကျယ် ရွှေတူးဖော်နေ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နယ်ခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် အကြီးအကျယ် ရွှေတူးဖော်နေကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ - မိုင်းငေါ့ ကားလမ်းပေါ်ရှိ...