မြောက်ပိုင်းမဟာမိတ်များကို UWSA စစ်လက်နက်မထောက်ပံ့ရန် ဆုံးဖြတ်ခြင်းက စစ်ကော်မရှင်နှင့် ပုလင်းတူဘူးဆို့ဟုပြော

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် TNLA ၊ MNDAA နှင့် SSPP/SSA တို့ကို ‘ဝ’တပ်ဖွဲ့ UWSA က စစ်လက်နက်များ မထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ခြင်းသည် စစ်ကော်မရှင်နှင့် ပုလင်းတူဘူးစို့သာဖြစ်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောဆိုလိုက်သည်။

ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) တွင် ‘ဝ’တပ်ဖွဲ့ UWSA အနေဖြင့် သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် TNLA ၊ MNDAA နှင့် SSPP/SSA တို့ကို စစ်လက်နက်နှင့် ငွေကြေး မထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ခြင်းသည် တရုတ်သဘောဆန္ဒအတိုင်း မထူးဆန်းဘဲ စစ်ကော်မရှင်နှင့် ပုလင်းတူဘူးဆို့သာ ဖြစ်ကြောင်း သျှမ်းပြည် စစ်ရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောဆိုလိုက်သည်။

“ညီနောင်မဟာမိတ်တွေနဲ့ စကစနဲ့ တိုက်ပွဲဖြစ်တယ် မှန်တယ်။ သို့သော် ဒီ MNDAA တို့၊ TNLA တို့ ဆိုတာက ‘ဝ’ ရဲ့ လက်အောက်ခံ။ ‘ဝ’ က ဘယ်သူ့ရဲ့ လက်အောက်ခံလဲဆိုတော့ တရုတ်ပြည်မရဲ့ လက်အောက်ခံ။ စကစ မင်းအောင်လှိုင်ကရော ဘယ်သူ့လက်အောက်ခံ ပြန်ဖြစ်လဲဆိုတော့ တရုတ်ပြည်ကြီးရဲ့ လက်အောက်ခံ အတူတူပြန်ဖြစ်တယ်။ ဗမာလို အရှင်းဆုံး ပြောမယ်ဆိုရင် ပုလင်းတူဘူးဆို့ နေကြတာပဲ သူတို့က”ဟု စစ်ရေးလေ့လာသုံးသပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA သည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNTJP/MNDAA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့မှ ထိပ်ပိုင်းခေါင်းဆောင်များကို ‘ဝ’ထိန်းချုပ် ပန်ဆန်းမြို့သို့ ခေါ်ယူပြီး ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း WSTV ဘက်မှ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်)တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ‘ဝ’တပ်ဖွဲ့ UWSA ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်က တက်ရောက်လာသည့် အဖွဲ့အစည်း ကိုယ်စားလှယ်များအား စစ်လက်နက်နှင့် ငွေကြေးများကို မည်သည့်အကြောင်းပြချက်မဆို ကူညီထောက်ပံ့ပေးတော့မည် မဟုတ်ကြောင်း UWSA ၏ တရားဝင် စစ်ရေးဆုံးဖြတ်ချက်ကို ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“ဝ ကနေပြီးတော့ SSPP တို့၊ MNDAA တို့၊ TNLA တို့ကို Supporting မပေးတော့ဘူး၊ လက်နက်ခဲယမ်း မပေးတော့ဘူးဆိုတာ မဆန်းပါဘူး။ သျှမ်းပြည်မြောက်ပိုင်းရဲ့ နယ်မြေဒေသ အခြေအနေ၊ စစ်ရေး နိုင်ငံရေးကို နားလည်တတ်ကျွမ်းတဲ့ လူတိုင်းကတော့ သိကြမှာပဲလေ။ ဘာလို့လဲဆိုတော့ ကွန်မြူနစ် ဗကပခေတ်ကတည်းက ဒီလိုမျိုးနဲ့ပဲ ဆင်းသက်လာတာပဲ”ဟု သျှမ်းမြောက်ဒေသခံ ကချင်လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

‘ဝ’တပ်ဖွဲ့ UWSA ၏ မြောက်ပိုင်းမဟာမိတ်များကို စစ်လက်နက် မထောက်ပံ့ရေး ဆုံးဖြတ်ချက်သည် ယခုမှသာ တရားဝင်ထုတ်ဖော်ကြေညာခြင်း ဖြစ်ပြီး ၂၀၂၄ ဩဂုတ်လအတွင်း UWSA ထိပ်ပိုင်းတာဝန်ရှိသူများကို တရုတ်အစိုးရဘက်မှ တရုတ်နိုင်ငံ ပူအာမြို့တွင် ခေါ်ယူဆွေးနွေးစဉ်ကတည်းက ထိုသို့လုပ်ဆောင်ရန် ဖိအားပေးခဲ့ကြောင်း ဆိုသည်။

အလားတူ ဩဂုတ်လဆန်းပိုင်း၌ စစ်ကော်မရှင်ခန့် သျှမ်းပြည်ဝန်ကြီးချုပ်နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ ဦးဆောင်သည့်အဖွဲ့သည် ‘ဝ’ဒေသ မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ကာ UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲကိစ္စပါ ဆွေးနွေးခဲ့ကြောင်း UWSA ဘက်မှ သတင်းထုတ်ပြန်ထားသည်။

၎င်းနောက် နှစ်ပတ်အကြာတွင် သျှမ်းပြည်မြောက်ပိုင်းသို့ စစ်ကော်မရှင်တပ် မြေပြင်ထိုးစစ်ဆင်လာချိန် UWSA ၏ ညီနောင်မဟာမိတ်တပ်များကို စစ်လက်နက် မထောက်ပံ့ရေး ဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်းမှာ တိုက်ဆိုင်နေပြီး စစ်ကော်မရှင်တပ်ဘက်မှ စစ်ရေးအသာစီး ရသွားနိုင်သည်အထိ ရိုက်ခတ်မှုရှိနေသည်။

“ဝတပ်က ဦးဆောင်လုပ်တဲ့ FPNCC လို အစည်းအဝေးမျိုးက တရားဝင်သဘော ချပြတယ်ဆိုတာ ရှားတယ်။ နောက်ထပ် စစ်လက်နက်တို့ ငွေကြေးတို့ မထောက်ပံ့တော့ဘူး ဆိုတာမျိုးက လျှို့ဝှက်ပြီးတော့ပဲ လုပ်လေ့ရှိတာ။ အခုက ဒါကို သတင်းထုတ်ပြန်တယ်ဆိုတော့ တရုတ်ဖိအားကို ဘယ်လောက်ထိ ခံနေရလဲဆိုတာကို မြင်ရတာပေါ့၊ ထူးခြားတာ တစ်ခုကတော့ တော်လှန်ရေးထဲ မပါတဲ့ SSPP ကိုပါ ခေါ်ပြောတာဆိုတော့ ရှေ့ဆက် ဘာလုပ်မှာလဲပေါ့”ဟု စစ်ရေးလေ့လာသုံးသပ်သူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပုံစာ – UWSA TNLA MNDAA SSPP/SSA ထိပ်ပိုင်းခေါင်းဆောင်များ ‘ဝ’ဒေသ ပန်ဆန်းမြို့၌ တွေ့ဆုံစဉ် (ဓာတ်ပုံ-WSTV)

မြောက်ပိုင်းမဟာမိတ်ဟု လူသိများသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ FPNCC တွင် တပ်ဖွဲ့ဝင် (၇) ခုဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ‘ဝ’တပ်ဖွဲ့ UWSA မှ ဥက္ကဋ္ဌ တာဝန်ယူထားသည်။

သို့သော် ယခုတွေ့ဆုံမှုတွင် ‘ဝ’တပ်ဖွဲ့ UWSA ၊ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် သျှမ်းတပ် SSPP/SSA (၄) ဖွဲ့သာ ပါဝင်ပြီး ကချင်လွတ်လပ်ရေးတပ် KIA ၊ အာရက္ခတပ်တော် AA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ပါဝင်ခဲ့ခြင်း မရှိပေ။

ယမန်နှစ် ၂၀၂၄ ဩဂုတ်လဆန်းပိုင်းတွင် စစ်ကော်မရှင်၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်လိုက်ပြီးနောက် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း သည် UWSA ခေါင်းဆောင်များကို ဩဂုတ်လနောက်ဆုံးပတ်၌ ခေါ်ယူတွေ့ဆုံခဲ့ပြီး TNLA နှင့် MNDAA ထိန်းချုပ်နယ်မြေထဲသို့ ဖြတ်(၅) ဖြတ်လုပ်ဆောင်ရန် ဖိအားပေးခဲ့ပြီး ထိုထဲတွင် စစ်လက်နက်ထောက်ပံ့ခြင်းကို ဖြတ်တောက်ရန်လည်း ပါဝင်သည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...