သျှမ်းမြောက် တိုက်ပွဲကြောင့် စစ်ရှောင် ၂၀၀၀ ကျော် စားရိက္ခာ လိုအပ်နေ

သျှမ်းပြည်နယ်မြောက်ပိုင်း တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှု ကြောင့် ဒေသခံ ၂၀၀၀ ကျော်မှာ စစ်ဘေးတိမ်းရှောင်ကာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရသည် ဟု သတင်းရရှိသည်။

 

Photo Credit to Sai Harn TYO – လားရှိုးမြို့နယ် ဟိုနမ့်အုပ်စုသားများ တာယောဝ်ဘုန်းကြီးကျောင်းသို့ ခိုလှုံရန်သွားကြစဉ် သြဂုတ်လ ၁၉ ရက် ၂၀၁၉

သျှမ်းပြည်နယ် မြောက်ပိုင်း အတွင်း သြဂုတ် ၁၅ ရက်နေ့ မှစတင်ကာ ညီနောင် မဟာမိတ် (၃) ဖွဲ့ နှင့် မြန်မာ့ တပ်မတော် တို့ကြားဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ရှောင် ၁ ထောင် ကျော် နေရပ်စွန့်ခွာနေရပြီး၊ တချို့ မှာ ပစ်ခတ်သံများကြား ပိတ်မိနေကြောင်း သျှမ်းပြည်နယ် မြောက်ပိုင်း လူမှု ကူညီရေး အဖွဲ့ များ ၏ ပြောပြချက် အရ သိရသည်။

 

တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ရှောင် အများစု သည် သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် ရှိ မိုင်းတင် ဘုန်းကြီးကျောင်းတွင် (၈၀၀) ကျော်၊ မတ်ချီနူဘုန်းကြီးကျောင်းတွင် ၄၀၀ ကျော်၊ လားရှိုး မန်ဆူ ဘုန်းကြီးကျောင်းတွင် ၁ထောင်နီးပါး ၊ တာယောဝ်ဘုန်းကြီးကျောင်းတွင် ၂၀၀ ကျော် ကွတ်ခိုင်မြို့နယ် မဟာစည် ဘုန်းကြီးကျောင်းတွင် ၂၃၀ ကျော်နှင့် သိန္နီ မြို့ နမ့်စလပ် ကက်သလစ် ဘော်ဒါဆောင် တွင် ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သျှမ်းပြည် မြောက်ပိုင်း စစ်ရှောင်များ ကို ကူညီပေးနေသည့် အဖွဲ့များ က သျှမ်းသံတော်ဆင့် ကို ပြောပြသည်။

“ ကွတ်ခိုင် စစ်ရှောင် စာရင်း ကတော့ မဟာစည် ဘုန်းကြီးကျောင်းမှာ ၂၃၀ ရှိတယ်။ သူတို့ရှောင်လာပြီး ပြန်သွားကြတာရှိတယ်။ ဆွေမျိုးအိမ်မှာခိုလှုံနေသူတွေတော့ စာရင်း မကောက်နိုင်သေးဘူး။ အခု ဘုရားကျောင်းမှာ ရာဂဏန်းတော့ထပ် ရောက်နေတယ်” ဟု ကွတ်ခိုင် ကချင်လူငယ်အဖွဲ့ မှ မိုင်းမိုင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

စစ်ဘေးရှောင် အများစု သည် ကွတ်ခိုင် မြို့ ပေါ်ရှိ ဆွေမျိုးအိမ်တွင် တိမ်းရှောင်နေသဖြင့် စစ်ရှောင် အတိအကျမသိရသေးကြောင်း ၊ ထို့ ပြင် တိုက်ပွဲ များ ဆက်လက် တင်းမာနေသေးသဖြင့် မူဆယ်၊ ကွတ်ခိုင် နှင့် သိန္နီမြို့ ကြားရှိ ကျေးရွာ ပြည်သူများ ပိတ်မိနေကြောင်းလည်း မိုင်းမိုင် က ပြောသည်။

“ စစ်ရှောင်တွေ အတွက် ကတော့ အဓိက ကျန်းမာရေး စောင့်ရှောက်မှု နဲ့ အစားအစာ နေထိုင်ဖို့ ပဲ အရေးကြီးတယ်။ လိုအပ်တယ်” ဟု မိုင်းမိုင် က ထပ်လောင်း ပြောသည်။

Photo Credit to Sai Harn TYO -မန်ဆူဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များ

အလားတူ လားရှိုးမြို့နယ် ကုန်းဆာ ကျေးရွာတွင် ယမန်နေ့ သြဂုတ်လ ၁၈ ရက် ည ၈ နာရီ ဝန်းကျင်က လက်နက်ကြီးကျည်ကျသဖြင့် ကုန်းဆာ ဒေသခံများသည် မိုင်းတင်ကျေးရွာ ဘုန်းကြီးကျောင်း သို့ ထွက်ပြေး တိမ်းရှောင်ခိုလှုံနေရာစားဝတ်ေနေရေး လိုအပ်ချက် များ ရှိနေသည် ဟု လားရှိုးမြို့ သျှမ်းလူငယ် အဖွဲ့ မှ စိုင်းဟန် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ကုန်းဆာ ရွာကလူတွေ မိုင်းတင်ဘုန်းကြီးကျောင်းမှာ ၈၀၀ ကျော်ရှိနေတယ်။ အခု စားစရာ ကူညီမယ့် စေတနာရှင်တွေကိုခေါ်ပြီး မိုင်းတင် ကို သွားကြမလို့။ လိုတာကတော့ စားစရာ သောက်စရာ နေစရာတွေပါ ။ တာယောဝ်ဘုန်းကြီးကျောင်းမှာလည်း ၂၀၀ ကျော်ရောက်နေတယ်။သူတို့ကတော့ ဟိုနမ့်အုပ်စုသားတွေပေါ့၊ ဒီနေ့နေ့လည်မှ ထွက်လာကြတာ သူတို့က။ မတ်ချီနူ ဘုန်းကြီးကျောင်းမှာတော့ မတ်ချီနူရွာသားတွေပေါ့။ ” ဟု စိုင်းဟန် က ဆိုပြန်သည်။

Photo Credit to Lao Htek Fa- မိုင်းတင်ဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များ

အဆိုပါဒေသတွင် ရွာနှင့်နီးကပ်စွာ ပစ်ခတ်နေသော တဖက်တည်းသာပစ်ခတ်သည့် ပစ်ခတ်သံများဖြစ်ကြောင်းလည်း စစ်ဘေးရှောင်လည်းဖြစ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွင်လည်းပါ၀င်နေသည့် စိုင်းအိုက် ကပြောသည်။

လားရှိုး လူငယ် စိုင်းလောဝ် က “ သြဂုတ်လ ၁၉ ရက်ကနေ့ ညနေ ၃ နာရီခွဲအချိန်အထိတော့ လားရှိုး မန်ဆူ ဘုန်းကြီးကျောင်းမှာ စစ်ရှောင် ၁ ထောင်ကျော်ရှိသွားပြီ။ စားဝတ်နေရေး ကတော့ အထူးလိုအပ်နေပါတယ်။ ” ဟု သျှမ်းသံတော်ဆင့် ကို ပြောဆိုသည်။

ညီနောင် မဟာမိတ် (၃) ဖွဲ့ဖြစ်သည် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကိုးကန့်တပ်မတော်( MDAA)၊ ရက္ခိုင် တပ် (AA) အဖွဲ့များ ပြင်ဦးလွင် နောင်ချိုမြို့နယ်များတွင် ၀င်ရောက်ပစ်ခတ်မှုအပြီးနောက်ပိုင်းယနေ့တိုင် အစိုးရတပ်မတော်နှင့် စစ်ရေး တင်းမာမှုများဖြစ်ပွားနေသေး သဖြင့် စစ်ရှောင်များ ထပ်မံ ထွက်ပေါ်လာနိုင်သည် ဟုလည်း စစ်ရှာင် ကူညီရေး အဖွဲ့ က ပြောဆိုပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

မိုးဗြဲမြို့ နေရပ်ပြန်ပြည်သူများ စစ်တပ် သတ်မှတ်ပေးသည့် ဘုန်ကြီးကျောင်းအတွင်း နေထိုင်ရ

0
သျှမ်းပြည် မိုးဗြဲမြို့သို့ နေရပ်ပြန်‌သည့် ဒေသခံများကို စစ်ကောင်စီ သတ်မှတ်ပေးထားသည့် ဘုန်ကြီးကျောင်းအတွင်းသာ နေထိုင်ခွင့်ပြုကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် နေရပ်ပြန်သည့် ဒေသခံအချို့ကိုရပ်ကွက်အတွင်းတွင်နေထိုင်ခွင့်မပြုဘဲ စစ်ကော်မရှင် သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းအတွင်းသာ နေထိုင်စေပြီး အပြင်ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်ထားကြောင်း...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...